ပွဲဦးထွက် ဥရောပဆုဖလားချန်ပီယံ ဗစ်တာဒူဗွီဆင်

ပွဲဦးထွက် ဥရောပဆုဖလားချန်ပီယံ ဗစ်တာဒူဗွီဆင်

တူရကီမြေ အန်ကာရာမှာ ကျင်းပ ပြီးစီးခဲ့တဲ့ Turkish Airlines Open ဂေါက်သီးရိုက်ပြိုင်ပွဲဟာ
ကမ္ဘာကျော် တိုက်ဂါးဝုဒ်စ်၊ ဂျပ်စတင်ရို့စ်၊ ဂျေမီဒေါ်နယ်ဆင် စတဲ့ ငွေကြယ်ပွင့်ဂေါက်သီး မာစတာ
တွေ တော်တော်များများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့တဲ့ ပွဲစဉ်
တစ်ရပ်ဖြစ်ခဲ့ရပါတယ်။

အခုနှစ် တူရကီပြိုင်ပွဲမှာ ဘယ်သူမှ ထင်မှတ်မထားဘဲ ထူးထူးခြားခြားလေးရက်တာ စလုံး
အကောင်းဆုံးလက်စွမ်းပြကစား နိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွား သူကတော့ ပြင်သစ်ငွေ
ကြယ်ပွင့်သစ် ဂေါက်သီးစတား ဗစ်တာဒူဗွီဆင်ပဲဖြစ် ပါတယ်။ ပရိသတ်အများစုက စူပါ စတား
တစ်ဦးဦးသာ ဗိုလ်စွဲလိမ့်မယ်လို့ ယူဆထားခဲ့ကြပေမယ့် လေးရက်တာ ရိုက်ချက်စုစုပေါင်း ၂၆၄
ချက်နဲ့ သတ်မှတ်ရိုက်ချက်အောက် ၂၄ ချက် လျော့ရိုက်ပြီး လူငယ်လက်တက်တစ်ဦး က ချန်ပီ
ယံဖြစ်သွားတာကတော့ ၂၀၁၃ ရဲ့ ထူးထူးခြားခြား အားကစားပုံရိပ်တစ်ခုလို့ ဆိုရဦးမှာပဲ မဟုတ်
ပါလား။

ကမ္ဘာ့နံပါတ်(၁) တိုက်ဂါးဝုဒ်စ်၊ ယူအက်စ်အိုးပင်းချန်ပီယံ ဂျပ်စတင် ရို့စ်၊ ရိုင်ဒါဖလားမှာ လက်စွာ
ခဲ့တဲ့ အီယန်ပေါလ်ဘာ စတဲ့အကျော်အမော်တွေအားလုံးကို ကျော်လွှားပြီး တူရကီမြေမှာ ပွဲဦး
ထွက်ဥရောပဆုဖလားကို ရယူနိုင်ခဲ့သူ ဒူဗွီဆင်ဟာ ပရော်ဖက်ရှင်နယ်ကမ္ဘာကို ၂၀၁၀ ကာလမှ
ခြေလှမ်းဝင်လာခဲ့သူဖြစ်ပြီး ပြင်သစ် အပျော်တမ်းချန်ပီယံ၊ မက္ကဆီကို အပျော်တမ်းချန်ပီယံနဲ့ ဥရော
ပ အပျော်တမ်းချန်ပီယံအဖြစ်နဲ့ အပျော် တမ်းဂေါက်သီးကမ္ဘာမှာ ထင်ရှား ခဲ့သူ ငွေကြယ်ပွင့်သစ်
တစ်ပွင့်ပဲ ဖြစ်ပါ တယ်။

နာမည်ကြီးပြင်သစ်မြို့ ကန်းစ် မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဂေါက်သီးကစားခြင်းကို အက်ဗာတန်
ကျောင်းသားဘဝကတည်းက စတင်ရင်းနှီးခဲ့သူတစ်ဦးလို့ သိရပါတယ်။ European Tour ပြိုင်ပွဲ
၀င်ခွင့်အတွက် ွှ့န The Open Championship ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အခုပွဲဦးထွက်
ပြိုင်ပွဲမှာ Maiden Trophy ကို လှမ်းဆွတ်ယူ နိုင်ခဲ့တာကိုလည်း ပါရီမီဒီယာတွေက ကောင်းချီး
ပေးနေကြပါတယ်။

အပျော် တမ်းဘဝမှာ Jacques Trophy, Eisenhower Trophy, Bonallacle Trophy တို့ကို
ပိုင်ဆိုင်ခဲ့သူ ပရော်ဖက်ရှင်နယ်ခရီး သုံးနှစ်တာမှာ ဥရောပ ဆုဖလားတစ်လုံး ရယူနိုင်ခဲ့သလို
ကမ္ဘာ့အဆင့်(၄၀)ကို တက်လှမ်းလာနိုင်ခဲ့တာကိုတော့ ချီးကျူးအတုယူစရာလို့ ဆိုရမှာပဲပေါ့။

၂၀၁၄ မာစတာပြိုင်ပွဲတစ်ရပ်ဖြစ် တဲ့ Augusta National Open အတွက် ဂုဏ်ထူးဆောင်တစ်
ယောက် အနေနဲ့ ဖိတ်ကြားခြင်းခံရပြီဖြစ်သူ ဗစ်တာဟာ တူရကီအိုးပင်းဆုဖလားနဲ့ ဆုကြေးဒေါ်
လာ ၁ ဒသမ ၁ သန်း ရယူ အပြီးမှာ အခုလို ၀မ်းမြောက်စကားဆိုသွားပါ တယ်။

"ကမ္ဘာကျော်တွေ အများအပြား နဲ့ ယှဉ်ပြိုင်ကစားခွင့်ရခဲ့တာကို အိပ်မက်မက်သလိုခံစားရပါတယ်။
လေးရက်စလုံး ကျွန်တော်ကံကောင်း ခဲ့တယ်လို့ပဲ ခံယူမိပါတယ်။ ငယ်ဘဝ အိပ်မက်တွေ လက်
တွေ့ဖြစ်လာတော့ ကြည်နူးပီတိဖြစ်ရပါတယ်။ မာစတာ ဆုဖလားတွေ ဆက်လက်ပိုင်ဆိုင်နိုင်
အောင် ကြိုးစားသွားပါမယ်"လို့ ESPN နဲ့ တွေ့ဆုံခန်းမှာ ပြောကြား သွားပါတယ်။

နောက်ဆုံးနေ့မှာဗစ်တာနဲ့ အကြိတ်အနယ်ကစားခဲ့ ပြီး ဒေါ်နယ်ဆင်က သတ်မှတ်ရိုက်ချက်
အောက် ၂၂ ချက်လျော့ရိုက်နိုင်ခဲ့ပြီး ဒုတိယဆုရခဲ့ကာ တိုက်ဂါးဝုဒ်စ်က တော့ ၂၀ ချက်
လျော့ရိုက်နိုင်ကာ တတိယဆုနဲ့ပဲကျေနပ်ခဲ့ရတာလည်း ဂေါက်သီးအားကစားကမ္ဘာရဲ့ စိတ်ဝင်
စားစရာ ယှဉ်ပြိုင်မှုတွေပဲလို့ ဆိုရမှာပဲမဟုတ်ပါလား။ မေဂျာဆုဖလား ၁၄ လုံး ပိုင်ရှင် တိုက်ဂါး
၀ုဒ်စ်ကလည်း ဗစ်တာနဲ့ ပတ်သက်ပြီး အလားအလာအင်မတန် ကောင်းလှတဲ့ ငွေကြယ်ပွင့်သစ်
ဂေါက်သီး သမားတစ်ယောက်ပါလို့ မှတ်ချက်ပြု ခဲ့ပါတယ်။ အခုပြိုင်ပွဲကို တူရကီ လေကြောင်း
လိုင်းက စပွန်ဆာကျခံ ပေးခဲ့တာဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး