ခံစစ်ကြောင်း စမ်းသပ်မှုတွေပြုလုပ်မယ့် အီတလီ

ခံစစ်ကြောင်း စမ်းသပ်မှုတွေပြုလုပ်မယ့် အီတလီ

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင် သွားပြီဖြစ်သော အီတလီအသင်း ယခု လထဲတွင်
ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားရာ နိုဝင်ဘာ ၁၅ တွင် မီလန် မြို့ရှိ ဆန်စီရိုကွင်း၌ ဂျာမနီနှင့်
လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ကြားကွင်းအဖြစ် လန်ဒန်မြို့၌ နိုက်ဂျီးရီးယားအသင်းနှင့်
လည်းကောင်း အသီးသီးကစားကြမည် ဖြစ်သည်။

အီတလီအသင်းသည် ၂၀၁၄ ကမ္ဘာ့ ဖလားခြေစစ် ပွဲ ၀င်ရောက်ခဲ့ရာ အုပ်စု (ခ)တွင် ခြောက်ပွဲနိုင်၊
လေးပွဲသရေ၊ ၂၂ မှတ်ဖြင့် အုပ်စုဗိုလ်စွဲကာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားသည်။ ပွဲစဉ်(၈)
အဖြစ် ၂၀၁၃၊ စက်တင်ဘာ ၁၀ ရက်တွင် ချက်ပြည်ထောင်စုအသင်း ကို အိမ်ကွင်း၌ ၂-၁ ဖြင့်
အနိုင်ရပြီး အီတလီတို့ ခြေစစ်ပွဲအောင်မြင်သွား သည်။

ထို့နောက်ပိုင်းတွင် အီတလီ အသင်းသည်ဒိန်းမတ်၊ အာမေးနီးယား တို့နှင့် ခြေစစ်ပွဲများ ဆက်လက်
ကစား ရသော်လည်း နှစ်ပွဲစလုံးကို ၂-၂ သရေ သာ ကစားသွားသည်။ လေ့လာသူများက
အီတလီအသင်း သည် နောက်ဆုံးသရေကျခဲ့သော ခြေစမ်းပွဲနှစ်ပွဲစလုံးတွင် လူသစ်များ ထည့်
သွင်းပြီး ကစားကွက်နှင့် နည်း ပရိယာယ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြ
ပရန် ဒယ်လီ ကျေနပ်လောက်သော အနေ အထားကို မရရှိခဲ့ကြောင်း သုံးသပ်ကြ သည်။

အထူးသဖြင့် ဒိန်းမတ်နှင့်ပွဲတွင် အီတလီအသင်းသည် အဖွင့်ဂိုးရရှိပြီးနောက် ဒိန်းမတ်အသင်းက
နှစ်ဂိုး ဆက်တိုက် သွင်းယူနိုင်သောကြောင့် နောက်မှလိုက်ကာ ချေပဂိုးသွင်းယူခဲ့ ရသည်။ စီးရီး
အေတွင် သုံးယောက်ခံစစ်ပုံစံ ကို အသုံးပြုသည့် အသင်းများဖြစ် သော ဂျူဗင်တပ်နှင့် အင်တာ
မီလန် တို့သည် အောင်မြင်နေကြသော်လည်း အီတလီလက်ရွေးစင်အသင်းမှာမူ လေးယောက်
ခံစစ်ပုံစံကို အသုံးပြု နေရာ နောက်ခံလူများမှာ စံနစ်နှစ်မျိုး အကြား ရုန်းကန်မှုများ ရှိနေသည်ဟု
လေ့လာသူများက ထောက်ပြသည်။

အထူးသဖြင့် ဂျူဗင်တပ်သည် ယခင် ရာသီများက လေးယောက်ခံစစ်ပုံစံ ကစားခဲ့ပြီးနောက်
ယခုရာသီတွင် သုံးယောက် ခံစစ်ဖြင့် ၃ဪ၅ဪ၂ ပြောင်း ကစားရာတွင် နောက်ခံလူ
များဖြစ်ကြ သော ဘာဇာဂလီယာ၊ ချီနီလီနှင့် ဘိုနုချီ တို့သည် စံနစ်သစ်အောက်တွင် အံဝင်
ခွင်ကျမှုရှိအောင် ကြိုးစားခဲ့ရပြီးမှ လက်ရွေးစင်အသင်းသို့ လာရောက်ကစားသောအခါတွင်
လေးယောက် ခံစစ်သို့ ပြောင်းကစားရသောကြောင့် တည်ငြိမ်မှုကျဆင်းသွားသည်ကို တွေ့
ရသည်။

အီတလီနည်းပြ ပရန်ဒယ်လီအနေဖြင့် အင်တာမီလန်တွင် ခြေစွမ်းပြနေ သော နောက်ခံလူ
ရာနော့ချီယာကို ဗဟိုခံစစ်ကစားသမားအဖြစ် 'အထိုင်' ချပြီး နောက်တန်းကို တည်ဆောက်လို
သည်။

ရာနော့ချီယာသည် အသက် အရွယ်အရ အကောင်းဆုံးအနေအထားတွင်ရှိပြီး တည်ငြိမ်မှုလည်းရှိ
သောကြောင့် ပရန်ဒယ်လီသည် ၂၀၁၄ ကမ္ဘာ့ဖလားအတွက် မာကျောသည့် အီတလီခံစစ်ကြောင်း
ကို အထိုင်ချရာ ၌ ရာနော့ချီယာကို အများဆုံးအားပြု လိုခြင်း ဖြစ်သည်။ သို့ရာတွင် ဒိန်းမတ်နှင့်
ကစားခဲ့ သော ခြေစစ်ပွဲ၌ ရိုးမားတွင် ခြေစွမ်းပြ နေသော တောင်ပံခံစစ်ကစားသမား ဘယ်ဇာရက်
တီနှင့် ဆမ်ဒိုးရီးယားမှ တောင်ပံခံစစ်သမား ဒီဆဲလ်ဗက်စထရီ တို့ကို ထည့်သွင်းပြီး ဗဟိုခံစစ်တွင်
ရာနော့ချီ၊ ချီနီလီတို့ဖြင့် ပေါင်းစပ်အသုံးပြုသောအခါ မျှော်မှန်းထား သလို ဖြစ်မလာဘဲ ခံစစ်ကြောင်း
တွင် နေရာလွတ်ကွက်လပ် များ ဖြစ်ပေါ်လာကာ ဒိန်းမတ်တိုက်စစ်မှူး ဘန့်တနာက ယင်း 'ပျော့
ကွက်'မှ တစ်ဆင့် ဂိုးများသွင်းယူသွားသည်။


 

သို့ကလိုကြောင့် ယခုတစ်ခေါက် ခြေစမ်းပွဲတွင် ဘယ်ဇာရက်တီနှင့် ဒီဆဲလ် ဗက်စထရီတို့ကို ချန်
လှပ်လိုက် ရခြင်းဖြစ်ကြောင်း သုတေသီများက သုံးသပ်ကြသည်။ ဒိန်းမတ်၊ အာမေးနီးယားတို့နှင့်
သရေကျခဲ့သော ခြေစစ်ပွဲစဉ်များ အတွင်း အီတလီနည်းပြ ပရန်ဒယ်လီ သည် ကွင်းလယ်တွင်
လူနှင့်အခင်းအကျင်းပိုင်း ပြောင်းလဲခဲ့ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

လေ့လာ သူများက နည်းပြပရန်ဒယ်လီသည် အီတလီကွင်းလယ်တွင် အခင်းအကျင်း အပြောင်း
အလဲအချို့ ပြုလုပ်ရခြင်း သည် ကစားကွက်ပြောင်းလဲရန်မဟုတ် ဘဲ အရန်အင်အား ဖော်ထုတ်
လို၍သာ စမ်းသပ်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်မြင်ချက်ပေးကြသည်။ အထူးသဖြင့် ဒိန်းမတ်နှင့်
ပွဲတွင် အဓိကကွင်းလယ်ကစားကွက် ဖန်တီး ရှင် ပီယာလိုကို 'ခေါက်'ပြီး သုံးယောက် တိုက်စစ်
ပုံစံကို ပြောင်းလဲစမ်းသပ်ခဲ့သည်။

၄-၃-၃ ကစားကွက်ကို ကျင့်သုံး ရာတွင် ကွင်းလယ် သုံးယောက်နေရာ ၌ သမ္ဘာရှိသော သီယာ
ဂိုမော့တာ (ပီ အက်စ်ဂျီ)၊ မွန် တိုလီဗို (အေစီမီလန်)နှင့် မာချီ စီယို (ဂျူဗင်တပ်)တို့ဖြင့် အထိုင်ချ
သည်။

၎င်းတို့သုံးယောက်စလုံး သည် ကလပ်အသင်းပွဲများ၌ အဓိက နေရာမှ ခြေစွမ်းပြနေသူများဖြစ်ကာ
ပွဲတိုင်းနီးပါး ပုံမှန်ခြေစွမ်းကို ထိန်း ထားနိုင်ကြသည်။ တစ်ဖန် အတွေ့ အကြံုများပြီး နည်းစနစ်ပိုင်း
တွင် ကောင်းမွန်သူများဖြစ်ကြသော်လည်း အီတလီလက်ရွေးစင်အသင်းတွင် ၎င်းတို့သုံးယောက်
ဖြင့် အထိုင်ချရန် ကြိုးပမ်းသောအခါတွင် အချိတ်အဆက် မမိနိုင်ဘဲ ထင်ထားသလောက် စွမ်း
ဆောင်ရည် ထွက်ပေါ်လာခြင်း မရှိတာကို တွေ့ရသည်။

သို့ကလိုကြောင့် ဒုတိယပိုင်းတွင် မွန်တိုလီဗိုနေရာကို တိုက်စစ်မှူး ဂီလာဒီနိုအား ထည့်သွင်း ပြီး
မာချီစီယိုနေရာတွင် ဖီအိုရင်တီးနား ကွင်းလယ်လူ အကွီလာနီ၊ တောင်ပံ တိုက်စစ်သမား ဒီယာမန်
သီ (ဘိုလော့ နာ)နေရာတွင် တိုရီနိုကွင်းလယ်လူ ကာချီတို့ကို ထည့်သွင်းကာ ၄-၄-၂ ပုံစံကို
ပြန်လည် ပြောင်းလဲကစား လိုက်ရသည်။

၄-၄-၂ ပြောင်းကစားသောအခါတွင် လာဇီယိုကွင်းလယ်တိုက်စစ် သမား ကန်ဒရီဗာသည် ပီယာ
လို၏ ကစားပေါက်ဖြစ် သော ကွင်းလယ် ဖန်တီးရှင်နေရာ ကို တစ်စိတ်တပိုင်း အားဖြင့် ၀င်ဖြည့်
ပေးရသောကြောင့် အတော်ပင် ရုန်းကန်ခဲ့ရကြောင်း သုတေသီများက ထောက်ပြ သည်။

အီတလီနည်းပြ ပရန်ဒယ်လီသည် ဒိန်းမတ်၊ အာမေးနီးယားတို့နှင့် သရေ ကျခဲ့သောပွဲစဉ်များတွင်
ပီယာလို နှင့် ဘာလိုတယ်လီတို့ မပါ၀င်ဘဲ သုံးယောက် တိုက်စစ်ပုံစံကို စမ်းသပ်ခဲ့သည်။

ဆောက်သမ်တန်တိုက်စစ်မှူး အော့ စဗဲလ်ဒိုကို 'အထောင်' တိုက်စစ်မှူး နေရာချပြီး ဘယ်ညာ
တောင်ပံတိုက်စစ် တွင် တငိနာနည များအဖြစ် ဒီယာမန်သီ (ဘိုလော့နာ)နှင့် ကန်ဒရီဗာ (လာဇီ
ယို) တို့ကို ထည့်သွင်းခဲ့သည်။

အထူးသဖြင့် တောင်ပံနှစ်ဖက် ဘောလုံးပိုင်ဆိုင်မှု နှင့် တိုက်စစ်အား အသာစီးရရန် တောင်ပံတိုက်
စစ်သမားများ ဖြန့်ကြက် နေရာချသော ကစားကွက်ပုံစံ ဖြစ် သည်။ သို့ရာတွင် ယခင်ပွဲစဉ်များ၌
wide-men များအဖြစ် ကန်ဒရီဗာနှင့် ဂျီယန်နီချီဒါ(ဆန်ဒါးလန်း)အတွဲကို ပုံမှန်သုံး နေရာမှ ဂျီယန်
နီချီဒါအစား ဒီယာမန်သီကို ထည့်သွင်းကာ 'အထောင်' တိုက်စစ်မှူးနေရာတွင်လည်း ဘာလိုတယ်
လီအစား အော့စ်ဗဲလ်ဒိုကို ထည့်သွင်းခဲ့ရာ ဖြစ်ပေါ်လာသော အကျိုးဆက်မှာ တိုက်စစ် 'ရစ်သမ်'
ပျက် သွားပြီး ကွင်းလယ်ကစားသမား သုံးယောက်ပေါ် ၀န်ပိသွားသည်။

နည်းပြ ပရန်ဒယ်လီသည် ၂၀၁၄ ကမ္ဘာ့ဖလားပွဲမတိုင် အီတလီအသင်း ကို အကောင်းဆုံးအနေ
အထားသို့ ရောက်ရှိနေစရန်နှင့် ကလပ်အသင်းများတွင် ပုံမှန်ခြေစွမ်းပြနေသူများကို သာ ခေါ်ယူ
လိုသောကြောင့် စမ်းသပ် ဖော်ထုတ်မှုများကို ဆက်တိုက်ပြုလုပ်နေတာကို တွေ့ရသည်။

ပြီးခဲ့သော စက်တင်ဘာလထဲတွင် ချက်ပြည်ထောင်စုနှင့် ခြေစစ်ပွဲမကစား မီ ရက်ပိုင်းအလိုတွင်
ကလပ်အသင်း၌ ခြေစွမ်းပြနေသည့် တော့တီ၊ ကာဆာနို၊ လူကာတိုနီ အစရှိသော ၀ါရင့်ကစား
သမားများကို ပြန်လည်ခေါ်ယူရန် စဉ်းစားနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

၎င်းတို့သည် လက်ရှိခြေစွမ်းပြနေသည့် အနေအထား ကို ၂၀၁၄ ခုနှစ်အထိ ဆက်ထိန်းထား နိုင်ပါ
က လက်ရွေးစင်အသင်းအတွက် တံခါးဖွင့်ထားပေးမည်ဖြစ်ကြောင်း ပရန်ဒယ်လီက ရိပ်ဖမ်းသံဖမ်း
ပြော ကြားခဲ့သည်။

ထိုနောက်ပိုင်း ချက် ပြည်ထောင်စုကို အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်သွားသောအခါတွင် ပရန်
ဒယ်လီသည် အီတလီအသင်းအတွက် စမ်းသပ်မှုများကို တိုးမြှင့်ပြုလုပ်ခဲ့ ကြောင်း ကျွမ်းကျင်သူ
များက ထောက်ပြသည်။ အခုတစ်ခါ ဂျာမနီနှင့် နိုက်ဂျီးရီး ယားတို့နှင့် ခြေစမ်းပွဲကစားမည့် အီတ
လီအသင်းတွင် လက်ရွေးစင် အသင်းနှင့် လပေါင်းများစွာ ဝေးကွာ ခဲ့သူ ဇင်းနစ်နောက်ခံလူ ခရစ်
စီတိုနှင့် ပါးမားအသင်း၌ ခြေစွမ်းပြနေသော အသက်၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား မာ
ကိုပါရိုလိုတို့ ပါ၀င်လာ သည်ကို တွေ့ရသည်။ ပါရိုလိုသည် ၂၀၁၁ ခုနှစ်၊ မတ်လက အီတလီ
လက်ရွေးစင် အသင်းထဲသို့ တစ်ကြိမ် ခေါ်ယူခြင်းခံခဲ့ရသော်လည်း ပါ၀င်ကစားခွင့်မရခဲ့ဘဲ
ယခုတစ်ကြိမ်တွင် ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။ အီတလီနောက်တန်းတွင် အော့ဘွန် နာ
(ဂျူဗင်တပ်)၊ မက်ဂျီယို (နာပိုလီ)၊ ခရစ်စီတို (ဇင်းနစ်)၊ ပါစကွယ်လီ (ဖီအိုရင်တီးနား)တို့ကို
ခေါ်ယူထားသည်။

ယခင်အခါ များကဲ့သို့ အသင်းငယ်များတွင် ကစားနေသူများကို ခေါ်ယူ စမ်းသပ်နေခြင်းမျိုး မဟုတ်
ဘဲ ယခု တစ်ခါတွင် ထိပ်တန်းအသင်းကြီး များဖြစ်သော ဂျူဗင်တပ်၊ နာပိုလီ၊ ဖီအိုရင်တီးနားတို့မှ
နောက်ခံလူများကို ခေါ်ယူထားခြင်းကြောင့် နည်းပြ ပရန် ဒယ်လီအနေဖြင့် ဂျာမနီ၊ နိုက်ဂျီးရီးယား
တို့နှင့် ကစားမည့် ခြေစမ်းပွဲများတွင် အများဆုံး စမ်းသပ်မည့် အစိတ်အပိုင်း မှာ နောက်တန်းဖြစ်
လာဖွယ်ရှိကြောင်း သုတေသီများက သုံးသပ်ကြသည်။ ကွင်းလယ်တွင် ပါးမားမှမာကိုပါရိုလို ပါ၀င်
လာသည်မှလွဲပြီး အပြောင်းအလဲ မရှိဘဲ တိုက်စစ်တွင်မူ ပြောင်းလဲမှုနှင့် စမ်းသပ်မှုများ ဖြစ်လာနိုင်
သည်။

လေ့လာသူများက ဖီအိုရင်တီးနား တိုက်စစ်မှူး ရော့စီသည် ကလပ်အသင်းတွင် ခြေစွမ်းပြနေပြီး
အရေးပါသောဂိုး များကို ဆက်တိုက်သွင်းယူပေးလာနိုင် ချိန်တွင် အေစီမီလန်တိုက်စစ်မှူး ဘာလို
တယ်လီမှာ ခြေစွမ်းပျောက်ပြီး ဂိုးသွင်းအား ကျဆင်းချိန်နှင့် တိုက်ဆိုင် နေသည်။ ထိုကဲ့သို့သော
အခြေအနေမျိုးတွင် နည်းပြပရန်ဒယ်လီအနေဖြင့် တိုက်စစ်ချိန်ခွင်လျှာကို အပြောင်း အလဲ ပြုလုပ်
ဖွယ်ရှိပြီး ဘာလိုတယ်လီ ကို အားထားသော အနေအထားမှ ရော့စီကို 'ပွဲထုတ်'သော အနေ
အထားတစ်ခုဆီသို့ ရွေ့လျားလာနိုင်ကြောင်း ထင်ကြေးပေးကြသည်။

ဘာလိုတယ်လီ သည် လတ်တလော အေစီမီလန်တွင် ခြေစွမ်းပျောက်ပြီး ဖိအားများနှင့် ရင်ဆိုင်
နေရသည် မဟုတ်ပါလား။ အီတလီရှေ့တန်းတွင် ဘာလိုတယ်လီ ပြန်လည်ပါ ၀င်လာသည့်အပြင်
ပြီးခဲ့ သော ခြေစစ်ပွဲများအတွင်း အရေးပါသောဂိုးများကို သွင်းယူပေးခဲ့သည့် ၀ါရင့်ဂျီနိုအာ တိုက်
စစ်မှူး ဂီလာဒီနို၊ ဆောက်သမ်တန်တိုက်စစ်မှူး အော့စဗဲလ် ဒိုတို့လည်း ပါ၀င်နေသည်။

တစ်ဖန် နာပိုလီတွင် ခြေစွာနေသော တိုက်စစ်မှူး အင်ဆစ်ဂနီကိုလည်း ခေါ်ယူထား သည်။ ၎င်း
သည် တောင်ပံတိုက်စစ်တွင် ဖြန့်ကြက်ကစားနိုင်သလို 'အထောင်' တိုက်စစ်တွင်ပါ ကစားနိုင်
သော ကြောင့် အနာဂတ်အီတလီတိုက်စစ် အတွက် အားထားရမည့်သူ ဖြစ်လာ ဖွယ်ရှိသည်။

ဆိုရပါလျှင် ယခုတစ်ခေါက် ဂျာမနီ၊ နိုက်ဂျီးရီးယားတို့နှင့် ကစားကြမည့် ခြေစမ်းပွဲများတွင် အီတလီ
အသင်း သည် နောက်တန်းနှင့် တိုက်စစ်ကို အဓိကထားကာ စမ်းသပ်ဖော်ထုတ်မှု များ ပြုလုပ်လာ
ဖွယ်ရှိသည်။ လေ့လာ သူများကမူ ယခုတစ်ခေါက် ခေါ်ယူ ထားသော နောက်ခံလူများကို အခြေခံ
၍ ခံစစ်ကြောင်းကို ပစ်မှတ်ထားပြီး စမ်းသပ်ဖော်ထုတ်မှုများကို ပြုလုပ် ဖွယ်ရှိသည်ဟု ထင်ကြေး
ပေးထား သည် မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး