စပိန်အသင်းနဲ့ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလား

စပိန်အသင်းနဲ့ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလား

လက်ရှိကမ္ဘာ့ချန်ပီယံ စပိန်အသင်းရဲ့ ချန်ပီယံဘွဲ့ဆက်ထိန်းရေး ပြင်ဆင်မှု တွေစပါပြီ။ ဘရာဇီးလ်
မှာ ပြုလုပ်မယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်
ဖို့ ကြိုးစားရမှာ ဖြစ်သလို ချန်ပီယံဘွဲ့ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် လည်း ကမ္ဘာပေါ်မှာ ဘယ်အသင်းမှ
မလုပ်နိုင်သေးတဲ့ ယူရိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ဆက် ဗိုလ်စွဲမယ့်စံချိန် ကိုပါ တင်နိုင်မှာဖြစ်
လို့ စပိန်အသင်း အတွက်တော့ ဘရာဇီးလ်ကမ္ဘာ့ဖလား ဟာ အတော်လေးအရေးပါနေပါတယ်။

ဒါကြောင့်လည်း ခြေစစ်ပွဲအောင်ပြီး တဲ့နောက်မှာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်မှု
တွေကို ဒီလကနေစပြီး တစ်ဆင့်ချင်းပြုလုပ်ရ တော့မှာပါ။ ကမ္ဘာ့ဖလားကျင်းပဖို့ ခုနစ်လ၊ ရှစ်လ
လောက်ကျန်သေး ပေမယ့် လက်ရွေးစင်အသင်းတွေ အတွက်တော့ ပြင်ဆင်မှုလုပ်ရမယ့် အချိန်
ဟာ သိပ်အများကြီးမရပါဘူး။ ကြားထဲမှာ ခြေစမ်းပွဲတွေ ကစားရင်း နဲ့ပဲ လက်ရွေးစင်အသင်း
အတွက် သင့်တော်မယ့်ကစားသမားတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး တကယ်ပြိုင်ပွဲ ကစားဖို့
တစ်လလောက်လိုမှသာ စုစု စည်းစည်းနဲ့ ပြိုင်ပွဲအတွက် နောက်ဆုံး အဆင့်ပြင်ဆင်မှုကို စရဖို့ရှိ
နေတယ်။

ခြေစစ်ပွဲအောင်ပြီးနောက် စပိန် အသင်း ပထမဦးဆုံးစကစားမယ့် ခြေစမ်းပွဲတွေကလည်း အာဖရိ
ကတိုက် က အသင်းလေးတွေဖြစ်လို့ နည်းပြ ဒယ်လ်ဘော့စကေးအတွက်လည်း သူ့ အသင်း
အတွက် ကစားသမားသစ် တွေကို စိတ်ကြိုက်စမ်းသပ်ကြည့်လို့ ရမယ့် အနေအထားမျိုးမှာရှိ
နေတယ်။

အခုခြေစမ်းကစားမယ့် အီကွေတိုရီ ယယ်ဂီနီ၊ တောင်အာဖရိကအသင်းတွေ ဟာ ကမ္ဘာ့ဖလား
ခြေစစ်ပွဲနောက်ဆုံး အဆင့်ကိုတောင် ရောက်ရှိနိုင်ခဲ့တဲ့ အသင်းတွေမဟုတ်လို့ ဒီအသင်းတွေရဲ့
ခြေစွမ်းနဲ့ ကမ္ဘာ့ချန်ပီယံစပိန်အသင်း ရဲ့ခြေစွမ်းကို နှိုင်းယှဉ်ကြည့်ဖို့တောင်လိုမယ်မထင်ပါဘူး။

ဒါကြောင့်လည်း နည်းပြဒယ်လ်ဘော့စကေးဟာ ဒီပွဲမှာ လူငယ်လူသစ်တွေကို အဓိကထား
ပွဲထုတ်ပြီး သူ့အသင်းရဲ့သွေးသစ်အနေ အထားကို စမ်းသပ်သွားဖို့က များနေ ပါတယ်။ လက်ရှိ
စပိန်လက်ရွေးစင်အသင်း သားတွေအဖြစ် သူရွေးချယ်ထားတဲ့ လူစာရင်းကိုကြည့်ရင်လည်း
ဒီအချက် က ထင်ရှားနေပါတယ်။ ဂိုးသမားနေရာ မှာ ဗားလ်ဒက်စ်(ဘာစီလိုနာ)၊ ကားဆီး
လက်စ်(ရီးယဲလ်)၊ ရိန်နာ(နာပိုလီ) တို့နဲ့ အပြောင်းအလဲ မရှိရွေးချယ်ထား ခဲ့ပေမယ့် ခံစစ်ကြောင်း
မှာတော့ ဟွမ် ဖရန်(အလက်တီကို)၊ မာတီနက်ဇ် (ဆိုစီဒက်)၊ မော်ရီနို(ဆီဗီလာ) တို့လို ကစား
သမားသစ်တွေကို ရွေးထားတာ တွေ့ရတယ်။ အဓိကနောက်ခံလူဖြစ်တဲ့ ပီကေးကိုတောင် ရွေး
ထားတာမတွေ့ ရဘူး။

ပီကေးဒဏ်ရာရထားတာကို အကြောင်းပြပေမယ့်လည်း အခုကစား မယ့်ခြေစမ်းပွဲတွေမှာ လူငယ်
တွေကို ဦးစားပေးပွဲထုတ်ချင်လို့ ပီကေးကို သက်သက်အနားပေးထားတဲ့ပုံပါပဲ။ လက်ရှိစပိန်ရဲ့ ခံစစ်
ရွေးချယ်ထားမှု ကိုကြည့်ရင် အာဘီလိုအာ၊ ရာမို့စ်၊ အယ်လ်ဘီယိုတို့လောက်ပဲ လူဟောင်း တွေပါ
နေပြီး အဲဒီသုံးယောက်ထဲမှာ တောင်မှ ခံစစ်အဓိကကစားသမား အဖြစ် အမြဲပွဲထွက်ခွင့်ရတဲ့သူဆို
လို့ ရာမို့စ်တစ်ယောက်ပဲပါတယ်။

အာဘီ လိုအာနဲ့ အယ်လ်ဘီယိုတို့ကတော့ ရာမို့စ်လောက် အသင်းကြီးမှာ ပွဲထွက် ခွင့်ရတဲ့သူတွေ
မဟုတ်ဘဲ အရန်ကစား သမားတွေဖြစ်နေတယ်။ ကွင်းလယ်မှာ ကြည့်ရင်လည်း အဓိကကွင်းလယ်
လူ ဇာဗီကိုအနားပေးခဲ့ပြီး အသင်းနဲ့ တစ်နှစ်ကျော်ဝေးကွာနေတဲ့ ဘိုင်ယန် မြူးနစ်ကွင်းလယ်လူ
ဟာဗီမာတီနက်ဇ် ကို ပြန်ခေါ်ယူထားတယ်။ ဒါပေမဲ့ လက်ရှိ သူရွေးချယ်ထားတဲ့ကွင်းလယ် ကစား
သမားစာရင်းကိုကြည့်ရင် ဘက် စကွက်၊ ဇာဘီအလွန်ဆို၊ ကာဇိုလာ၊ အင်နီယေစတာ၊ ဟွမ်မာတာ၊
နာဗက်စ် တို့အားလုံးဟာ ကွင်းလယ်လူဟောင်း တွေချည်းပဲဖြစ်ပြီး လူသစ်ဆိုလို့ အလက်တီကိုမှ
ကိုကီတစ်ယောက် တည်းကိုပဲ ရွေးချယ်ထားတယ်။


ဒါတောင် ကိုကီဟာ စပိန်ရဲ့ ခြေစစ်ပွဲ ပြီးဆုံးခါနီးပွဲတွေမှာ ရွေးချယ်ခံခဲ့ရဖူး သူဖြစ်လို့ လူဟောင်းပဲ
လို့ပြောလို့ရ တယ်။ တိုက်စစ်မှာကြည့်ရင်တော့ ၀ါရင့်တိုက်စစ်မှူးတောရက်စ်ကို ချန်လှပ် ထားခဲ့ပြန်
တယ်။ ဗီလာ၊ နီဂရီဒို၊ ပက်ဒရို တို့လို အတွေ့အကြံုရှိတဲ့ တိုက်စစ်မှူး တွေနဲ့အတူ ဒီရာသီ အလက်
တီကိုမှာ ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ ဘရာဇီးလ် လူမျိုး ဒီယေဂိုကော်စတာကို ပထမ ဦးဆုံး
အကြိမ်အဖြစ် ရွေးချယ်ပြီး အသင်း တိုက်စစ်အတွက် အဓိကစမ်းသပ်သုံး မယ့်ပုံစံမျိုး ပေါ်နေပေ
မယ့် ပေါင် ကြွက်သားဒဏ်ရာကြောင့် စပိန်လက် ရွေးစင်အသင်းမှာ ပါ၀င်ခွင့်ဆုံးရှုံးခဲ့ပါ တယ်။

သူ့နေရာမှာ လော်ရန်တေးကို နည်းပြဒဲလ်ဘော့စကေးက အစားထိုး ခေါ်ယူခဲ့ပါတယ်။ ဒီယေဂို
ကော်စတာဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာ ကစားခွင့် ရနိုင်ပေမယ့်လည်း သူက စပိန်
အသင်း ကိုပဲ ရွေးချယ်ခဲ့တာကိုကြည့်ရင် အိမ်ရှင်ဘရာဇီးလ်ထက် လက်ရှိကမ္ဘာ့ ချန်ပီယံစပိန်
အသင်းရဲ့ခြေစွမ်းအပေါ် ကို ပိုပြီးယုံကြည်မှုရှိနေသလိုပါပဲ။ ဒယ်လ်ဘော့စကေးအတွက် စပိန်
လက်ရွေးစင်အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ အခုတစ်ကြိမ်ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ သူ့အတွက်
လူရွေးချယ် ဖို့အခွင့်အရေးတွေလည်း ပိုပြီးရရှိခဲ့ သလိုပါပဲ။

အရင်ကဆိုရင် ရီးယဲလ်နဲ့ ဘာစီလိုနာနှစ်သင်းထဲကပဲ အဓိက ကစားသမားတွေကို ရွေးချယ်နေခဲ့
ရတဲ့ အဖြစ်ကနေ အခုနောက်ပိုင်းမှာတော့ သူ့အတွက် ရွေးချယ်ရမယ့် အသင်းတွေ များလာခဲ့တယ်။
ဒယ်လ်ဘော့စကေး ဟာ ဘရာဇီးလ်ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲတွေ စကစားစဉ်ကတည်းက
လူငယ်ကစားသမားတွေကိုလည်းတဖြည်းဖြည်းအသင်းမှာ ထည့်သွင်း ကစားရင်း စမ်းသပ်မှုတွေ
ပြုလုပ်ထားခဲ့ တယ်။

အခုတစ်ခေါက်မှာတော့ ဒယ်လ် ဘော့စကေးဟာ သူ့အသင်းရဲ့ခံစစ် ကြောင်းအတွက် အဓိကပြင်
ဆင်မှုတွေ ပြုလုပ်ဖို့ စဉ်းစားထားပုံပါပဲ။ ဒါကြောင့် ခံစစ်မှာ ကစားသမားသစ်အများအပြား ကို ခေါ်
ယူထားတာတွေ့ရတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေတုန်းကဆိုရင် စပိန်ခံစစ်အတွက် ရာမို့စ်၊ ပီကေး၊
ပူယိုးလ်၊ အာဘီလိုအာ၊ အယ်လ်ဘီယို၊ အယ်လ်ဘာ စတဲ့ကစားသမားတွေကိုပဲ အဓိကရွေးချယ်
ထားခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ပီကေး၊ အယ်လ် ဘာ၊ ပူယိုးလ်စတဲ့ ဘာစီလိုနာကစားသမား
တွေ ဒဏ်ရာပြဿနာတွေနဲ့ ကြံုနေရလို့ သူ့အတွက် အသစ်စမ်းသပ် ဖို့အခွင့်အရေးရသွားခဲ့တယ်။

အခု ခေါ်ယူထားတဲ့ မာတီနက်ဇ်၊ မိုရီနိုတို့ဟာ စပိန်အသင်းနဲ့ တော်တော်လေး စိမ်းနေတဲ့ကစား
သမားတွေဖြစ်ပေမယ့် ကလပ်အသင်းတွေမှာတော့ အဓိက နောက်ခံလူတွေအဖြစ် ခြေစွမ်းပြနေ
ကြတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ အခုလို အသင်းငယ်တွေနဲ့ကစားမယ့်ခြေစမ်းပွဲမျိုးမှာ
ပွဲထွက်ကစားခွင့် ရလာဖို့ များကြမယ်ထင်ပါတယ်။ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ကို ကြည့်မယ်ဆို
ရင်တော့ အပြောင်းအလဲ သိပ် မရှိပါဘူး။ ဒယ်လ်ဘော့စကေးဟာ သူ့အသင်းရဲ့ကွင်းလယ်နဲ့ တိုက်
စစ် တည်ငြိမ်မှုကို အပြောင်းအလဲတွေ အရမ်းလုပ်ပြီး ပျက်ပြားသွားတဲ့ ပုံစံမျိုး အသုံးပြုဖို့မရှိဘဲ
ရှိတဲ့ကစားသမားတွေ ကိုပဲ တည်ငြိမ်မှုနဲ့ ယုံကြည်မှုပိုကောင်း အောင် ဖန်တီးထားမယ့်ပုံရှိပါတယ်။

တောရက်စ်မပါနိုင်ပေမယ့် ဒေးဗစ် ဗီလာကိုခေါ်ထားခဲ့တာကိုကြည့်ရင် ကွင်းလယ်မှာ အင်နီယေ
စတာ၊ ဘက် စကွက်၊ ဖာဘရီဂတ်စ်၊ ဇာဘီအလွန်ဆို တို့လို ၀ါရင့်ကစားသမားတွေကိုပဲ အဓိက
ထားရွေးထားတာကိုကြည့်ရင် ဒယ်လ်ဘော့စကေးရဲ့ ရည်ရွယ်ထားမှု အနေအထားတစ်ခုကို မြင်
သာလိမ့်မယ် ထင်ပါတယ်။ ဘာပဲပြောပြော စပိန်အသင်းရဲ့ ပြင်ဆင်မှုတွေကတော့ အာဖရိက
အသင်းတွေနဲ့ ခြေစမ်းရင်းကနေစပါပြီ။ တောင်အမေရိကတိုက်မှာ ဥရောပ အသင်းတွေတစ်ကြိမ်မှ
ဗိုလ်မစွဲဖူးတဲ့ အစဉ်အလာကလည်း ရှိနေပြန်တော့ စပိန်အသင်းအတွက် ချန်ပီယံဘွဲ့ကို ဆက်ထိန်း
နိုင်ခဲ့မယ်ဆိုရင် သူတို့ တင်နိုင်မယ့်စံချိန်သစ်တွေက တကယ် ပဲ မနည်းမနောကိုဖြစ်နေပါတယ်။

ကမ္ဘာ့ ဖလားပြိုင်ပွဲအကြို ဘရာဇီးလ်မှာ ပြုလုပ်ခဲ့တဲ့ ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲမှာတော့ စပိန်
ဟာ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပေမယ့် အိမ်ရှင်ဘရာဇီးလ် ကိုအရေးနိမ့်ခဲ့ရတယ်။ ဒီအတွေ့အကြံု
တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တကယ် ကစားတဲ့အခါမှာ အသင်းအတွက် အတွေ့အကြံုကောင်း
တွေဖြစ်လာ မလားဆိုတာကလည်း စောင့်ကြည့်ချင် စရာပါ။စပိန်အသင်းနဲ့ ဘရာဇီးလ် ကမ္ဘာ့
ဖလားကတော့ ဆွဲဆောင်မှုအပြည့်နဲ့ စိတ်ဝင်စားစရာပိုကောင်းလာပါပြီ။



ဖတ်ရှုမှုအများဆုံး