စပါးအတွက် အခက်ခဲဆုံးကာလ

စပါးအတွက် အခက်ခဲဆုံးကာလ

ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်သွားတဲ့ လန်ဒန် အခြေစိုက် တော့တင်
ဟမ်ဟော့စပါး အသင်းဟာ လာမယ့်သီတင်းနှစ် ပတ် အတွင်းမှာ အခက်ခဲဆုံးကာလတစ်ခု ကို
ဖြတ်ကျော်ရတော့မှာ ဖြစ်ပါတယ်။ စပါးမန်နေဂျာဘိုအာ့စ်အတွက် အရေး ပါဆုံး ပွဲစဉ်နှစ်ပွဲ ဖြစ်
လာပြီဖြစ်ပါ တယ်။

ဒီနှစ်ပွဲက မန်ချက်စတာနှစ်သင်း နဲ့ ဆက်တိုက်ကစားရမယ့် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ အကယ်၍များ
မန်ချက်စတာနှစ်သင်းစလုံးပွဲမှာ ရှုံးပွဲတွေကြံု ခဲ့ရင် ဘိုအာ့စ်ရဲ့အနာဂတ်ဟာလည်း မသေချာမရေ
ရာတွေဖြစ်သွားနိုင်သလို စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ခရီးဆိုတာ ဟာ ဝေဝါးသွားစေနိုင်ဖွယ် ရှိသွား
မှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီ က ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားခဲ့တဲ့ စပါးကို အတော်သထိထားခဲ့
ကြ ပေမယ့် အခုလေးလကစား ပြီးတဲ့အချိန်မှာတော့ စပါးဟာ မျှော်လင့်ထားသလောက် ဖြစ် မလာ
သေးတာ လည်းစပါးအပေါ် မှာ သံသယ ဖြစ်လာစေခဲ့ပါတယ်။

အခုလည်း ပွဲကျပ်နှစ်ပွဲကို ဖြတ်ကျော်ရဖို့ အချိန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည် အား
နည်းခြင်း ကစားသမားတွေ အများအပြား ၀ယ်ယူခဲ့လို့ စပါးတိုက်စစ်က ဂိုးသွင်း အား ပိုကောင်း
လာနိုင်တယ်လို့ ထင်ရ ပေမယ့် တကယ်အခြေအနေမှာတော့ စပါးတိုက်စစ်ဟာ ဂိုးသွင်းစွမ်းရည်
အားနည်းတာကို တွေ့ရပါတယ်။ ၁၁ ပွဲ ကစားအပြီးမှာ စပါးဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ငါးမှတ်
အကွာမှာရှိနေ ပေမယ့် ရပ်တည်နေတာက မန်ယူ၊ အဲဗာတန်တို့နဲ့အပြိုင် အဆင့်(၇)မှာရပ်တည်နေ
ခဲ့ပါတယ်။

သူ့ရဲ့ဂိုးသွင်းအားကိုကြည့်လိုက်တော့ စပါးဟာ စုစုပေါင်း ကိုးဂိုးသာ သွင်းထားနိုင်သေးတဲ့အသင်း
ဖြစ်နေ ပါတယ်။ ပရီမီယာလိဂ်ထိပ်သီး ခြောက်သင်းထဲမှာ ဂိုးသွင်းအား အနည်းဆုံးအသင်းပဲဖြစ်ပါ
တယ်။ ၀ယ်ယူထားတဲ့အားနဲ့ စွမ်းဆောင် နိုင်စွမ်းမှာ မျှတမှုမရှိတဲ့ အနေအထား ဖြစ်ပါတယ်။

အလယ်အလတ်အသင်းတွေဖြစ်တဲ့ နယူးကာဆယ်၊ ၀က်စ်ဘရွန်း၊ ဆွမ်ဆီး၊ ဗီလာတို့တောင်
သူ့ထက်ဂိုးသွင်းအားပိုထားခဲ့ကြတာ က စပါးအပေါ်မှာ သတိပြုစရာဖြစ်လာ စေခဲ့ပါတယ်။ စပါး
တိုက်စစ်ဟာ ပျမ်းမျှ (သုညဒသမ ၈၇)ဂိုး သာရှိပြီး အဆင့် (၁၄)မှာပဲ ရပ်တည်လျက်ရှိနေပါ တယ်။
အဓိကဦးစားပေးထားတဲ့ တိုက် စစ်မှူးဆိုလ်ဒါဒိုဟာ ခြေစွမ်းမပြနိုင်သေးတဲ့တိုက်စစ်မှူးပဲဖြစ်ပါတယ်။
ကစားသမားတစ်ဦးတည်းကို အားကိုးနေခြင်း နောက်ထပ်စပါးရဲ့ အားနည်းနေမှု တစ်ခုက ကစား
သမားတစ်ဦးတည်းကို အားကိုးပြီး ကစားနေခြင်းပဲဖြစ်ပါ တယ်။

မနှစ်က ဂါရတ်ဘေးလ်ကို အားကိုးပြုကစားခဲ့သလို ဒီနှစ်မှာလည်း ဘိုအာ့စ်ဟာ ဒီပုံစံအတိုင်းပဲ
ကစားသမားတစ်ဦးတည်းကို အားကိုး ပြီးအသင်းကို တည်ဆောက်နေခဲ့ တာ တွေ့ရပါတယ်။
အန်ဒရိုတောင် ဆန်ကို ဒီနှစ်မှာ အားကိုးကစားနေ တာပါ။ တကယ်တမ်းမှာတော့ မနှစ်က စပါး
အသင်းဟာ အရန် အင်အားမှာ လုံလောက်မှုမရှိခဲ့လို့ ဘေးလ်ကို အားကိုးပြုကစားခဲ့ပေမယ့် ဒီနှစ်
မှာ အရန်အင်အားတောင့်တင်းမှု ရှိနေပါလျက်နဲ့တောင်ဆန်ကိုပဲ အားကိုးပြုနေတာက စပါးရဲ့တိုက်
စစ်စွမ်းရည် အားနည်းခြင်းမှာတစ်ခု ပဲဖြစ်ပါတယ်။

တောင်ဆန်ဟာ စွမ်းဆောင်အားအပြည့်ရှိသူတစ်ယောက်ဖြစ်ပေမယ့် သူဟာ ထိပ်တန်းကစားသမား
တစ် ယောက်ဖြစ်ဖို့တော့ လိုအပ် နေသေးသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ တိုက်စစ်ကို ပံ့ပိုး
ပေးရမယ့်အစား ဂိုးသွင်းဖို့ကိုပဲ အာရုံပိုရောက်နေလို့ စပါးတိုက်စစ်ဟာ အားနည်းသွားစေတယ်လို့
ပဲ သုံးသပ်နေမိပါတယ်။

ဒါဟာ တောင်ဆန်မှာထက် ဘိုအာ့စ်မှာပဲ တာဝန်ပိုရှိနေပါတယ်။ ဘိုအာ့စ် ကိုယ်တိုင်က ကစားခိုင်း
ထားတဲ့အတွက်တောင်ဆန်ဟာ ညွှန်ကြားချက်အတိုင်း ကစားနေတာပါ။ ဒီလိုတစ်ဦးတည်းကို
အားပြုထားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ စပါးကစားဟန်ကို ပြိုင်ဘက်တွေဟာ ပိတ်ဆို့
ကစားဖို့ အတွက် အခွင့်ကောင်းရလာခဲ့ကာစပါးဟာ ခက်ခက်ခဲခဲကစားရခြင်းနဲ့ ကြံုတွေ့နေခဲ့ရ
တာပဲ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ အသင်းလိုက် အားနဲ့ကစားမယ်ဆိုရင် တိုက်စစ်က ဂိုးသွင်းစွမ်းရည်ဟာ
ဒီလိုမျိုးဖြစ် လာမှာမဟုတ်ပါဘူး။ နောက်တန်းအတွင်းလူနေရာ မတည်ငြိမ်ခြင်း နောက်ထပ်စပါး
အသင်းမတည်ငြိမ်တဲ့ နေရာက နောက်တန်းအတွင်းနေရာ ပဲဖြစ်ပါတယ်။

အစောပိုင်းက နောက်တန်းအတွင်းနေရာကို ဒေါ်ဆင်နဲ့ ဗာတွန်ဂန်အတွဲကို တည်ဆောက်ထား
ပေမယ့် အခုနောက်ပိုင်းမှာ နောက်တန်း ညာအစွန်လူ ဒန်နီရိုစ့်ဒဏ်ရာရသွား ပြီးနောက်ပိုင်းမှာ
ဗာတွန်ဂန်ကို အစွန် ပြန်ထုတ်ပြီး ပြောင်းလဲကစားစေတာတွေ့ရပါတယ်။ အဲဒီမှာပဲ နောက်တန်း
အတွင်းနေရာဟာ ယိုင်သွားခဲ့ပြီး ခံစစ် ငြိမ်တဲ့ စပါးနောက်တန်းဟာ ဂိုးသွင်းခံလိုက်ရတာပဲဖြစ်ပါ
တယ်။

တကယ်တမ်းမှာတော့ နောက်တန်းအတွင်း နေရာဟာ ဒေါ်ဆင်နဲ့ ဗာတွန်ဂန်အတွဲ ကသာ ကောင်း
ဆုံးအတွဲဖြစ်နေခဲ့ပါတယ်။ နောက်ဂိုးသမားကိုလည်း ဟူဂိုလောရစ်ကို ပုံမှန်မသုံးဘဲ ဂိုးသမားကို
ပြောင်းသုံးတာကလည်း ဘိုအာ့စ်ကိုဝေဖန်စရာပဲဖြစ်ပါတယ်။ အိမ်ကွင်းမှာ ၀က်စ်ဟမ်းကိုရှုံး၊ နယူး
ကာဆယ်ကိုရှုံး ဆိုတဲ့အနေအထားကိုကြည့်လိုက်ရင် စပါးဟာ တိုက်စစ်က အားနည်းပြီး ခံစစ်က
မတည်ငြိမ်ခြင်တို့ကြောင့် ဆိုတာ ထင်ရှားနေပါတယ်။

ပြီးတော့ သူတို့ဟာ ဂိုးစတင်အသွင်းခံရပြီဆိုအဲဒီပွဲတွေဟာ ရှုံးတော့တာပဲဖြစ်ပါ တယ်။ အရှုံံးကနေ
လိုက်ပြီး အနိုင်ရ အောင် မကစားနိုင်ကြပါဘူး။ သူတို့ ဂိုးစတင်သွင်းတဲ့ပွဲတွေမှာတော့ နိုင်ပွဲ အများ
စုရှိထားပါတယ်။ ချယ်လ်ဆီးပွဲမှာတော့ ဂိုးပြန်ပေးရတာပဲရှိထား ပါတယ်။ မန်စီးတီးအဝေး၊ မန်ယူ
အိမ် လာမယ့်အပတ်မှာ စပါးဟာ အရင်ဆုံး မန်စီးတီးကွင်းမှာ ကစားရမှာဖြစ် ပါတယ်။

ဒီပွဲပြီးရင် မန်ယူကို အိမ်ကွင်း မှာ ကစားရမှာဖြစ်ပါတယ်။ ဘိုအာ့စ် အနေနဲ့ မန်နေဂျာကောင်းဖြစ်
တယ်ဆိုရင် ဒီနှစ်ပွဲကို ဘယ်လိုချဉ်းကပ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒီနှစ်ပွဲမှာ စပါး
အနေနဲ့ သုံးမှတ်ရနိုင်ဖို့လိုအပ်ပါတယ်။ ဒီနှစ်ပွဲ မှာ သုံးမှတ်ရမယ်ဆိုရင် မန်ယူပွဲဟာမျှော်လင့်နိုင်စရာ
ပွဲပဲဖြစ်ပါတယ်။

မန်စီးတီးပွဲကတော့ သူတို့အတွက် သုံးမှတ်ဆိုတာထက် တစ်မှတ်ကိုပဲ ရည်ရွယ်ရမှာပဲဖြစ်ပါတယ်။
မန်စီးတီး ဟာ အဝေးကွင်းမှာ ကစားပုံမကောင်း ပေမယ့် အိမ်ကွင်းမှာတော့ အကောင် ဆုံး ကစား
နိုင်တဲ့အသင်းပဲဖြစ်ပါတယ်။

မန်စီးတီးဟာ အိမ်ကွင်းမှာ ဂိုး ၂၀ သွင်း ထားတဲ့အသင်းပဲဖြစ်ပါတယ်။ ပေးဂိုး က နှစ်ဂိုးပဲရှိထားလို့
တိုက်စစ်စွမ်းရည် ပိုင်း အားနည်းတဲ့စပါးဟာ မန်စီးတီး ကွင်းမှာ ဂိုးရနိုင်ဖို့ ရုန်းကန်ကစားရမှာ တော့
သေချာနေပါတယ်။

မန်ယူကိုတော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့ အတွက် မျှော်လင့်နိုင်စရာပါ။ အိမ်ကွင်း မှာ ၀က်စ်
ဟမ်း၊ နယူးကာဆယ်တို့ကိုရှုံးခဲ့ပြီး ချယ်လ်ဆီးကိုသရေကျခဲ့တဲ့စပါးဟာ မန်ယူကို အိမ်ကွင်းမှာမဖြစ်
မနေ အနိုင်ကစားနိုင်ဖို့ ကြိုးပမ်းလာမှာ သေချာပါတယ်။ ဒီပွဲမှာသာ ထပ်မံရှုံးနိမ့် ခဲ့မယ်ဆိုရင်တော့
ဘိုအာ့စ်အနေနဲ့ ၀ှုိက်ဟတ်လိန်းကိုကျောခိုင်းရဖို့ နီးလာ မယ်လို့ ယူဆနေမိပါတယ်။

ဒီနှစ်မှာ ပြင်ဆင်အားကောင်းသလောက် ရလဒ် ပိုင်းတွေ ထင်သလောက်မကောင်းတဲ့စပါးအနေနဲ့
ဒီနှစ်မှာလည်း ချန်ပီယံ လိဂ်နဲ့ ဝေးရဖို့ပဲရှိတယ်လို့ ယူဆနေမိ ပါရဲ့...။



ဖတ်ရှုမှုအများဆုံး