မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူး အောင်ပွဲခံနိုင်တယ် - ပရီမီယာလိဂ်ပွဲစဉ်(၁၂)

မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူး အောင်ပွဲခံနိုင်တယ် - ပရီမီယာလိဂ်ပွဲစဉ်(၁၂)

အဲဗာတန် - လီဗာပူး
ဒီပွဲကပြိုင်ဆိုင်မှုပြင်းထန်တဲ့မာဆေးဆိုက်ဒါဘီပွဲဖြစ်ပါတယ်။ အဲဗာတန်က နောက်ဆုံး(၂)ပွဲဆက်
တိုက်သရေတွေကစားထားပါတယ်။ လီဗာပူးက တိုက်စစ် ကောင်းတာသေချာနေပါတယ်။
ဆွာရက်ဇ်၊ စတားရစ်ချ်၊ ကော်တင်ညိုအတွဲဟာ အဲဗာတန်ကွင်းမှာ ခြေစွမ်းပြသွားနိုင်ပါတယ်။

အာဆင်နယ် - ဆောက်သမ်တန်
ဆောက်သမ်တန်ရဲ့ရစ်သမ်က တော်တော်လေးကို ကောင်းနေခဲ့ပါတယ်။ အသင်းကြီးတွေတောင်
သူ့လောက်ရစ်သမ်မမှန်ကြပါဘူး။ အာဆင်နယ်က အိမ်ကွင်းဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်က ရှုံးပွဲတွေ့
ထားတဲ့အတွက် ဒီပွဲကိုဂရုစိုက်ထားပါလိမ့်မယ်။ အာဆင်နယ်အနိုင်ရသွားမယ့်ပွဲဖြစ်ပါတယ်။

ကာဒစ်ဖ် - မန်ယူ
မန်ယူခြေစွမ်း ပြန်ကောင်းလာနေပါတယ်။ စိတ်ဓာတ်ပိုင်းလည်း ပြန်ကောင်း လာနေလို့ ပြီးခဲ့တဲ့
အပတ်က အာဆင်နယ်ကို အနိုင်ကစားသွားတာဖြစ်ပါတယ်။ ကာဒစ်ဖ်ကအိမ်ကွင်းဆိုရင်
အကောင်းဆုံးကစားနိုင်စွမ်းရှိထားပါတယ်။ အခုလည်းမန်ယူနိုင်မယ်ဆိုရင် ဂိုးမပြတ်ပါဘူး။

မန်စီးတီး - စပါး
ဒီတစ်ပတ်ရဲ့ ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က နှစ်သင်းစလုံး ရှုံးပွဲအသီးသီးတွေ့သွားကြ
လို့ ဒီပွဲမှာ နိုင်ပွဲရနိုင်အောင် နှစ်သင်းစလုံးကစားလာ မယ့်ပွဲဖြစ်ပါတယ်။ ခံစစ်ကောင်းတဲ့စပါးအသင်း
နောက်ထပ်ရှုံးပွဲ တွေ့သွားမယ့် ပွဲဖြစ်ပါတယ်။

၀က်စ်ဟမ်း - ချယ်လ်ဆီး
၀က်စ်ဟမ်းက မှန်းရခက်တဲ့အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း ခြေကောင်းမယောင်နဲ့မတည်
ငြိမ်သေးတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့နောက်ဆုံး နှစ်ပွဲမှာ တစ်မှတ်ပဲရတဲ့အတွက် မော်ရင်ညို ဒီပွဲ
ကို ဂရုစိုက်ပြင်ဆင်လာနိုင်ပါ တယ်။ ဂိုးအများကိုရွေးတာက အသင်းကိုရွေးတာထက် ပိုပြီးသေချာ
ပါလိမ့်မယ်။

ဖူလ်ဟမ် - ဆွမ်ဆီး
ဖူလ်ဟမ်ကတော့ သုံးပွဲဆက်တိုက်ရှုံးထားပြီး တန်းဆင်းဇုန်ထဲကိုရောက်နေ ပါတယ်။ ဆွမ်ဆီးကျ
တော့လည်း နောက်ဆုံးသုံးပွဲမှာ နိုင်ပွဲပျောက်နေပါတယ်။ ဖူလ်ဟမ်ဟာ အိမ်ကွင်းမှာရုန်းနိုင်တဲ့
အတွက် ဖူလ်ဟမ်ကိုရွေးရမှာဖြစ်ပါတယ်။

ဟားလ်စီးတီး - ခရစ္စတယ်ပဲလေ့စ်
တန်းတက်နှစ်သင်းတွေ့တဲ့ပွဲဖြစ်ပါတယ်။ ဟားလ်စီးတီးကအိမ်ကွင်း ကစားအားကောင်းတဲ့အတွက်
ဒီပွဲမှာနိုင်ဦးမှာပဲလို့ ထင်ရပေမယ့် ဒီပွဲမှာ သရေ တစ်ပေါက်ရှိနေတာကို သတိပြုရမှာဖြစ်ပါတယ်။

နယူးကာဆယ် - နော်ဝစ်ချ်
နယူးကာဆယ်ကတော့ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ နော်ဝစ်ချ်က အဝေးကွင်း
ညံ့ပေမယ့် ဂိုးသွင်းနိုင်တဲ့အချက်တစ်ချက်ရှိလို့ နော်ဝစ်ချ်ကို ရွေးရမှာပဲဖြစ်ပါတယ်။

စတုတ် - ဆန်းဒါးလန်း
စတုတ်ကတော့ နောက်ဆုံးခြောက်ပွဲမှာ ဆက်တိုက်နိုင်ပွဲပျောက်နေတဲ့ အသင်းဖြစ်ပါတယ်။ ဆန်း
ဒါးလန်းက နည်းပြပြောင်းလဲပြီးတဲ့နောက်မှာ ခြေပြန် တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်
ဒီပွဲဟာ သရေကျနိုင်တာကြောင့် ဂိုးအနည်းကိုရွေးတာ အသင့်တော်ဆုံးဖြစ်ပါတယ်။

၀က်စ်ဘရွန်း - ဗီလာ
၀က်စ်ဘရွန်းက အသင်းကြီးတွေကို ကောင်းကောင်းအခက်တွေ့အောင် ကစားနိုင်တဲ့အသင်းဖြစ်
ပါတယ်။ ဗီလာက အဝေးကွင်းရောက်ရင် ခံစစ်ကို ဦးစား ပေးကစားလေ့ရှိတာကြောင့် ၀က်စ်ဘရွန်း
ခက်ခက်ခဲခဲကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဂိုးအနည်းက စိတ်အချရဆုံးဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး