Red Bull Team နဲ့ ၂၀၁၅ နှစ်ကုန် အထိ လက်တွဲသွားဖို့ စာချုပ်သစ်ချုပ်ဆို လိုက်သူ လေးထပ်
ကွမ်း F1 ကမ္ဘာ့ ချန်ပီယံ ဆီဘက်ရှန်ဗက်တဲလ်ဟာ အခု ၂၀၁၃ ဖော်မြူလာဝမ်းပြိုင်ပွဲရာသီမှာ
သူ့ရဲ့ အကောင်းဆုံးလက်စွမ်းလက်စ တွေကို ထုတ်နုတ်ပြသနိုင်ခဲ့တယ် ဆိုတာကို အခု ယူအက်စ်
F1 ဂရင်းပရီပြိုင်ပွဲ အောင်ပွဲက သက်သေပြနေပြီပဲလို့ ESPN ကောင်းချီးပေးလာတာ ဂျာမနီပရိသတ်
တွေ၊ Red Bull ပရိသတ် တွေအတွက် သဘောတွေ့ ကျေနပ်စရာ ပါပဲ။
တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ကျင်းပခဲ့တဲ့ F1 ဂရင်းပရီရာသီပြီးဆုံးခါနီးပွဲစဉ်ဟာ ခရီး
အကွာအဝေး ၁၉၁ မိုင်ကို ကွင်းအပတ်ပေါင်း ၅၆ ပတ် မောင်းနှင်ယှဉ်ပြိုင်ရတဲ့ ကမ္ဘာကျော် ပြိုင်
ကားမောင်းပြိုင်ပွဲတစ်ရပ်ပါပဲ။
Ferrari အသင်းတွေ အောင်ပွဲခံတာ များလေ့ရှိပြီး အများဆုံးစံချိန်တင်ဗိုလ်စွဲထားသူက ဂျာမနီ
ဂန္ထဝင် မိုက်ကယ်ရှူးမေကာပဲဖြစ်ပါတယ်။ (၄၃) ကြိမ်မြောက် ဖော်မြူလာဝမ်း ယူအက်စ်အိုးပင်း
ဂရင်းပရီပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံသရဖူကို စောစောစီးစီး ပဲ ရယူထားသူ ဗက်တဲလ်ဟာ မောင်းနှင်
ချိန် တစ်နာရီ၊ ၃၉ မိနစ်နဲ့ ဦးဆောင် ပန်းဝင်ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီရာသီ ရှစ်ပွဲဆက်တိုက် ဂရင်းပရီ
အောင်ပွဲ စာမျက်နှာသစ်ကိုပါ ဖွင့်လှစ်ရေးထိုး လိုက်နိုင်ပြီပဲဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်၊ မိုက်ကယ်ဂျော်ဒန်၊ မိုက်ကယ်ရှူးမေကာ အမည်ရ ကမ္ဘာကျော် ငွေကြယ်ပွင့်
သုံးဦးကို အားကျကြိုးစားရင်း ကမ္ဘာ့လေးထပ်ကွမ်း F1 ပြိုင်ကားမောင်းချန်ပီယံ ဖြစ်လာခဲ့သူ ဗက်
တဲလ်ဟာ Red Bull နဲ့အတူ ကမ္ဘာ့ပြိုင်ဘက်ကင်းချန်ပီယံ လေးကြိမ်လေးခါဖြစ်ခဲ့ပြီးဖြစ်သလို
အခုတက္ကဆက်မြေ အောင်ပွဲအပြီးမှာ လည်း ဂန္ထဝင်ရှူးမေကာရဲ့ ခုနစ်ပွဲဆက် ဂရင်းပရီအနိုင်စံချိန်
ကို ကျော်ဖြတ်တက်သွားနိုင်ခဲ့တာဟာ ဖော်မြူလာဝမ်းကမ္ဘာမှာ မှတ်တိုင်သစ်တစ်ရပ်ပဲလို့ ဆိုရဦး
မှာပဲဖြစ်ပါတယ်။
ဗက်တဲလ် ဟာ အခုအချိန်မှာတော့ သူ့ငယ်ဘဝ အိပ်မက်တွေကို အပြည့်အဝအကောင် အထည်
ဖော်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်လို့ ဘာလင်မီဒီယာတွေက ကောင်းချီးပေး နေပြန်ပါတယ်။ ယာဉ်ကြော
ကျပ်ညပ် ရှုပ်ထွေးနေတာကို မနှစ်မြို့သူ၊ ကော်ဖီ မကြိုက်သူ၊ ရုပ်ရှင်ဝါသနာအိုး တစ်ယောက်ဖြစ်
သူ၊ မိခင်ချက်ကျွေးတဲ့အစားအသောက်ကိုသာ ခုံမင်တတ်သူ ဗက်တဲလ်ဟာ သူငယ်ငယ်က ဖြစ်
ချင် ခဲ့တာ ပေါ့ပ်ဧက္ကရာဇ် မိုက်ကယ်ဂျက် ဆင်လို အဆိုတော်တစ်ယောက်ပါလို့ အင်တာဗျူးတစ်
ခုမှာ ရင်ဖွင့်ခဲ့ဖူးပါ တယ်။
ဂျာမနီရဲ့ အမြင့်ဆုံးအားကစား ဂုဏ်ထူးဆောင်ဆု Silver Laurel Leaf Award ချီးမြှင့်ခြင်းခံရသူ
ဗက်တဲလ်ကို ဟိုးအရင် ပရော်ဖက်ရှင်နယ်ဘဝဦးကာလတွေတုန်းက ရှူးမေကာလက်သစ် လေး
လို့ မီဒီယာတချို့က ကင်ပွန်းတပ် ခဲ့ကြတာ အခုကွက်တိဖြစ်လာတဲ့အပြင် ရှူးမေကာရဲ့စံချိန်
ကောင်းကိုပါ ချိုးဖျက်ပြလိုက်နိုင်ခဲ့တာက တကယ့် ကို ချီးကျူးအားကျစရာပါလို့ ဆိုရဦး မှာပဲ
မဟုတ်ပါလား။
ပရော်ဖက်ရှင်နယ်ဘဝတစ်လျှောက် မှာ နိုင်ပွဲပေါင်း ၃၈ ပွဲစံချိန်ရရှိထားသူ ဗက်တဲလ်ဟာ အသက်
အငယ်ဆုံး F1 ကမ္ဘာ့လေးထပ်ကွမ်းအဖြစ်နဲ့လည်း မီဒီယာထက်မှာ ကျော်ကြားနေသူပဲ ဖြစ်ပါတယ်။
အခုရာသီ ဂရင်းပရီ နောက်ဆုံးပိတ်ပွဲစဉ် ဆော်ပိုလို ဂရင်းပရီမှာ ဗက်တဲလ် ဆက်လက် အောင်ပွဲ
ခံနိုင်ခဲ့မယ်ဆိုရင်တော့ ၁၉၅၂-၅၃ ကာလ က တည်း က ဂန္ထဝင်အယ်လ်ဘတ်တို အက်စ်ကာရီရဲ့
ကိုးပွဲဆက် အောင်ပွဲစံချိန် ကို လိုက်မီ သွားမှာ ဖြစ်ပြီး နှစ်ပေါင်း ၆၀ တည်တံ့လာတဲ့ စံချိန်ကို Red
Bull နဲ့ ဗက်တဲလ် မီနိုင် ပါ့မလားဆိုတာ ကလည်းတကယ့် ကို စိတ်ဝင်စားစရာပါပဲ။
ဗက်တဲလ်ရဲ့ မင်္ဂလာသတင်း ကို ၂၀၁၄ မှာ ကြား ရတော့မှာ သေချာနေပါကြောင်း သတင်းကောင်း
ပါး ရင်း ဘရာဇီးလ်မြေ က F1 ရာသီပိတ် ဂရင်းပရီပြိုင်ပွဲကို အားပေးကြပါစို့။















