ဘာစီလိုနာ - ဂရန်နာဒါ
လာလီဂါမှာတော့ ဘာစီလိုနာဟာ တဖြည်းဖြည်းနဲ့ အလက်တီကို၊ ရီးယဲလ် မက်ဒရစ်အသင်းတွေနဲ့
အမှတ်ကွာလာနေပါပြီ။ ဒီရာသီနည်းပြသစ် မာတီနိုလက်ထဲမှာ ဘာစီလိုနာရဲ့ ကစားပုံကလည်း
သိသိသာသာ ပြောင်း မသွားခဲ့တဲ့အပြင် တိုက်စစ်ပိုင်းမှာပါ ပိုတိုးတက်မှုတွေပြလာနေတာက
နည်းပြ မာတီနိုလက်ထဲမှာ ဘာစီလိုနာဟာ ပိုအသားကျလာနေတယ်လို့တောင်ပြောနိုင်နေတယ်။
အထူးသဖြင့် နည်းပြ မာတီနိုရဲ့ အလှည့်ကျလူထုတ်မှုတွေ အောက်မှာ တိုက်စစ်ပိုင်းဟာ ပက်ဒရို၊
အလက်ဆစ်ဆန်းချက်ဇ်တို့ ပိုအခွင့် အရေးရလာခဲ့ပြီး ဂိုးတွေလည်း သွင်းလာ နိုင်ကြတာတွေ့ရ
တယ်။
အခုလည်းအိမ်ကွင်းမှာ ဂရန်နာဒါကို လက်ခံကစားရမှာဖြစ်လို့ ဘာစီလိုနာအတွက် တော့ အနိုင်
သုံးမှတ်ရဖို့ သိပ်မဝေးလှ ဘူးထင်ပါတယ်။ ဘာစီလိုနာ ကစားသမားအများစု ဟာ ဒီပွဲမကစားမီ
နိုင်ငံအသင်းနဲ့ ခြေစမ်းပွဲ၊ ခြေစစ်ပွဲတွေ သွားကစား ထားရတာကလည်း ခရီးပန်းပွဲပန်း ဖြစ်နေနိုင်
မယ့်အနေအထားပါပဲ။
ဒါ့ပြင် ဘာစီလိုနာအတွက် အားထားရတဲ့ မက်ဆီကို နှစ်လလောက်ဆုံးရှုံးရတော့ မှာ၊ ဖာဘရီ
ဂက်စ်ကလည်း ဒဏ်ရာကြောင့် အနားယူရဦးမှာဆိုတော့ ဘာစီ လိုနာတိုက်စစ် ဂိုးတွေသွင်းဖို့
ဆိုရင် နေမာ၊ ပက်ဒရို၊ အလက်ဆစ်ဆန်းချက်ဇ် တို့အပေါ် တာဝန်တွေပုံကျလာတော့ မယ့်ပုံမျိုး
ပေါ်နေတယ်။
ဒါပေမဲ့ အဓိကအချက်အနေနဲ့ စဉ်းစားရမှာက နေမာ၊ ပက်ဒရို၊ အလက် ဆစ်တို့ သုံးယောက်စလုံး
ဟာ နိုင်ငံ တကာပွဲတွေက ပြန်အလာမှာ ခရီးပန်း နေနိုင်တဲ့အပြင် ဒီပွဲအတွက် ပြင်ဆင် ချိန်မှာ
လည်း သိပ်မရတဲ့အချက်က ကစားပုံမာကျောလေ့ရှိတဲ့ ဂရန်နာဒါ လိုအသင်းဘက်ကို လိုအပ်
သလောက် ဂိုးတွေရအောင် အားထည့်ပြီးသွင်းနိုင် ကြပါ့မလားဆိုတာပါပဲ။
ဂရန်နာဒါဟာ ကစားပုံမာကျောတဲ့ အသင်းဖြစ်ပြီး လိုအပ်ရင်လိုအပ်သလို ခပ်ကြမ်းကြမ်းကစားပြ
တတ်တဲ့ အသင်းမျိုးလည်းဖြစ်တယ်။ အခု နောက်ပိုင်း ဂရန်နာဒါရဲ့ ကစားပုံက လည်း ဟန်ချက်
မျှလာသလိုတွေ့နေ ရပြီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ပွဲမှာဆိုရင် မာလာဂါကို ၃-၁ နဲ့ အနိုင်
ရ အောင် ကစားထားနိုင်တာတွေ့ရ တယ်။
ဒါ့ပြင် အဝေးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးခြောက်ပွဲမှာလည်း ရှုံးပွဲတစ်ပွဲပဲရှိခဲ့ပြီး အဝေးကွင်း
နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရအောင် ကစားထားနိုင်ခဲ့လို့ ဂရန်နာဒါရဲ့ခြေစွမ်းတည်ငြိမ်လာနေမှုကို
လျှော့ တွက်ထားလို့မဖြစ်ပါဘူး။
အခုပွဲမှာလည်း ဂရန်နာဒါဟာ ဘာစီ လိုနာလောက်ကစားသမားတွေ ပွဲပန်း ခရီးပန်းမှုမျိုး မရှိနိုင်တဲ့
အပြင် ဒီပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပိုပြီးလုပ်ထားနိုင်ခွင့်ရှိနေတာက ဂရန် နာဒါရဲ့အား
သာမှုတွေလို့ ပြောလို့ရပါ တယ်။
ဂရန်နာဒါဟာ ခံစစ်ပိုင်းကို အဓိကအားပြုကစားလေ့ရှိပြီး ကွင်းလယ်မှ ဘိုနာနော့တီနဲ့ ဘင်နီ တက်ဇ်
တို့ရဲ့ မာကျောတဲ့ကစားဟန် ဟာ ပြိုင်ဘက်အသင်းရဲ့ကွင်းလယ် ကစားကွက်ကို ဖျက်ဆီးပစ်နိုင်
တဲ့ အစွမ်းမျိုးရှိတယ်။
အခုနောက်ပိုင်း တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်း ပြန်တက်လာနေပြီး အယ်လ်အာရဘီနဲ့ ဒီပို့တီဗို
ကပြောင်းလာတဲ့ တိုက်စစ်မှူး ရီကီတို့အကြားမှာ အချိတ်အဆက် ပိုကောင်းလာတာတွေ့ရလို့
အယ်လ်အာရဘီရဲ့ ဂိုးသွင်းနှုန်းဟာ အားရစရာ ပြန်ဖြစ်လာတယ်။ အာရဘီဟာ ဂရန် နာဒါအတွက်
ခြောက်ဂိုးအထိ သွင်းထား နိုင်ပြီး သူ့ရဲ့အင်အားသုံး ထိုးဖောက် ကစားမှုနဲ့ ရီကီရဲ့ ကျွမ်းကျင်မှု
အသားပေးထိုးဖောက်မှုနှစ်ခုကို နည်းပြ အယ်လ်ကာရက်စ်က အကောင်းဆုံး တွဲဖက်ပေးလာနိုင်
တာကိုလည်း တွေ့ နေရတယ်။
ဒါကြောင့် ဂရန်နာဒါအသင်းရဲ့ ခွန်အားသုံးကစားဟန်ဟာ ပွဲပန်းခရီး ပန်းနေတဲ့ ဘာစီလိုနာရဲ့ကစား
ကွက် ကို အနှောင့်အယှက်ပေးနိုင်ဖို့များ နေတဲ့အပြင် ခံစစ်ပိုင်းတည်ငြိမ်မှု လိုနေသေးတဲ့ ဘာစီလို
နာကစားပုံကို လည်း အာရဘီရဲ့ တိုးအားတိုက်အား တွေက အခက်တွေ့စေဖို့ ရှိစေနိုင်ပါ တယ်။
ဘာစီလိုနာကလည်း ကစားပုံ မာကျောတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ၊ ခံစစ်ကိုအသား
ပေး ကစား လေ့ရှိတဲ့ အသင်းမျိုးတွေဘက်ကို ထိုးဖောက်ဂိုးသွင်းတဲ့အခါမျိုးမှာ ဂိုးရဖို့ အနည်းငယ်
ခက်နေတတ်တာ ကိုလည်း တွေ့နေရတယ်။
ဒီတော့ အခုလည်း ကစားပုံမာကျောပြီး ခံစစ် ကိုအားပြုကစားလာနိုင်တဲ့ ဂရန်နာဒါ ဘက်ကို
ဘာစီလိုနာအနေနဲ့ ဂိုးရဖို့ အတွက် ခက်ခက်ခဲခဲရုန်းကန်ရမယ့် အနေအထားမှာရှိနေတယ်။ ဒီပွဲ
အတွက် အဓိကစောင့်ကြည့်ရမှာက ဘာစီလိုနာအသင်း သွင်းဂိုးတွေ စောစောရ၊ မရဆိုတဲ့ အချက်
ကိုပါပဲ။
ဘာစီလိုနာသာ ဂိုးစောစောရခဲ့ရင် တော့ လုံလောက်တဲ့ ဂိုးအနေအထား မျိုးရဖို့ မျှော်လင့်ချက်
ကောင်းသွား နိုင်ပေမယ့် ဂိုးစောစော မရဘူးဆိုရင် တော့ ဘာစီလိုနာရဲ့ အနိုင်ဟာ ပြတ်သားဖို့
ခက်သွားလိမ့်မယ်ထင်ပါ တယ်။ လက်ရှိအခြေအနေတွေအရ တော့ ဒီပွဲအတွက် ဂရန်နာဒါနဲ့ ဂိုး
အများကိုပဲ အရဲစွန့် ရွေးထားကြရ လိမ့်မယ်ထင်ပါတယ်။
အခြားပွဲစဉ်များ
* အယ်လ်မီရီယာ - ရီးယဲလ်
* အက်သလက် - ဂီတာဖေး
* လီဗန်တေး - ဗီလာရီးယဲလ်
* အယ်လ်ချီ - ဗလင်စီယာ
* ဆီဗီလာ - ဘက်တစ်
ဆိုစီဒက် - ဆယ်လ်တာ *
ဗယ်လာဒိုးလစ် - အိုဆာဆူနာ *
ရာယို - အက်စ်ပန်ညို *
မာလာဂါ - ဘီလ်ဘာအို *














