နိုင်ငံတကာပွဲစဉ်တွေ အဆုံးသတ်သွားပြီးတဲ့နောက် ပြည်တွင်းလိဂ်ပွဲတွေဘက်ကို မျက်နှာမူရဦးမှာ
ဖြစ်ပါတယ်။ ဒီတစ်ပတ်ဘွန်ဒက်စ်လီဂါမှာတော့ တန်းစီဇယား ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ဟာ ဒေါ့
မွန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဒီထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူ
ကြေမွသွားမလဲဆိုတာ...
ဖရန့်ဖတ် - ရှော်လ်ကေး နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၀-၄-၁၃ ဖရန့်ဖတ် ၁-၀ ရှော်လ်ကေး
ဖရန့်ဖတ်ရဲ့အိမ်ကွင်းမှာ ရှော်လ်ကေးတို့ ဂိုးပြတ်နိုင်ခဲ့ဖူးတာက ၂၀၁၀ ခုနှစ်မှာဖြစ်ပါတယ်။ ဖရန့်ဖတ်
ကလည်း အခုအချိန်အထိ အိမ်ကွင်းနိုင်ပွဲ လုံးဝမရသေးတာဖြစ်ပါတယ်။ ရှော်လ် ကေး ကျိန်းသေ
ပေါက် နိုင်မယ်လို့ ခန့်မှန်းလိုက်ပါရစေ။
ဟာသာဘာလင် - လေဗာကူဆင် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၄-၄-၁၂ လေဗာကူဆင် ၃-၃ ဟာသာဘာလင်
တန်းစီဇယား အဆင့်(၇)မှာ ရှိနေတဲ့ ဟာသာဘာလင်ဟာ ပြီးခဲ့တဲ့အပတ်က အဝေးကွင်းမှာ ဟော့
ဖန်ဟိမ်းကိုတောင် နိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ လေဗာကူဆင်ကလည်း ဟမ်းဘတ်ကို ၅-၃ နဲ့
နိုင်ထားတာမို့ နှစ်သင်းပေါင်းသွင်းဂိုးအများကို ကြိုက်ပါတယ်။
ဒေါ့မွန် - ဘိုင်ယန်မြူးနစ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၈-၇-၁၃ ဒေါ့မွန် ၄-၂ ဘိုင်ယန်မြူးနစ်
ဒီတစ်ပတ်အတွက် တကယ့်ပွဲကြီးပွဲ ကောင်းဖြစ်ပါတယ်။ တကယ်လို့ ဒေါ့မွန် သာနိုင်သွားရင် ဘိုင်
ယန်နဲ့ကြားမှာရှိတဲ့ အမှတ်ကွာဟချက်ကို လျှော့ချ နိုင်မှာပါ။ ဒီပွဲစဉ်ဟာ သရေရလဒ်ကို ဦးတည်ပြီး
ဂိုးပေါင်းနည်းမယ်လို့ ထင်ပါတယ်။
ဟမ်းဘတ် - ဟန်နိုဗာ နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၃-၂-၁၃ ဟန်နိုဗာ ၅-၁ ဟမ်းဘတ်
ဟမ်းဘတ်ကွင်း နောက်ဆုံးသုံး
ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ၁-၀ နျစ်ကြိမ်နဲ့ ဂိုးမရှိသရေတစ်ကြိမ်ကျခဲ့ပါတယ်။ အစဉ်အလာပိုင်းအရ
ဟန်နိုဗာ ယှသ်နိုင် ဖို့ သိပ်မလွယ်ပါဘူး။ နောက်ဆုံးအဝေး ကွင်းသုံးပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့
ဟန်နိုဗာကို ငြင်းပယ်ချင်ပါတယ်။
နုရင်ဘတ် - ၀ုဖ်ဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၃၁-၃-၁၃ ၀ုဖ်ဘတ် ၂-၂ နုရင်ဘတ်
နုရင်ဘတ်ဟာ ဇယားကြမ်းခင်းမှာ ရောက်နေပြီး အိမ်ကွင်းနိုင်ပွဲ လုံးဝမရှိ သေးတဲ့အသင်းဖြစ်ပါ
တယ်။ အဆင့် (၅)နေရာမှာရောက်နေတဲ့ ၀ုဖ်ဘတ် ဟာ အဝေးကွင်းမှာ နျစ်ပွဲနိုင်၊ လေးပွဲရှုံးထား
ပေမယ့် ဒီပွဲစဉ်ကတော့ ၀ုဖ်ဘတ် ကို အားပေးရမယ့်ပွဲဖြစ်ပါတယ်။
အော့စ်ဘတ် - ဟော့ဖန်ဟိမ်း နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၃-၂-၁၃ အော့စ်ဘတ် ၂-၁ ဟော့ဖန်ဟိမ်း
တန်းစီဇယားမှာ အထက်/အောက် ရပ်တည်နေတာဖြစ်လို့ ပြိုင်ဆိုင်မှုပိုပြီး ပြင်းထန်ပါလိမ့်မယ်။
ဒါ့ပြင် ရမှတ်က လည်း ၁၃ မှတ်ချင်း တူညီနေပါတယ်။ အော့စ်ဘတ်ကို သဘောကျပြီး သွင်းဂိုး
နည်းမယ်လို့ ထင်ပါတယ်။
၀ါဒါဘရီမင် - မိန့်ဇ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၃၀-၃-၁၃ မိန့်ဇ် ၁-၁ ၀ါဒါဘရီမင်
အစဉ်အလာပိုင်းအရပြောရမယ်ဆိုရင် ၀ါဒါဘရီမင်ရဲ့အိမ်ကွင်းမှာ မိန့်ဇ်တို့ နျစ်ကြိမ်တိတိ ပေးဂိုးမရှိ
အနိုင်ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီရာသီအဝေးကွင်းမှာ ၃-၁၊ ၄-၁၊ ၂-၁ တွေနဲ့ ရှုံးထားတဲ့ မိန့်ဇ် ၀ါဒါဘရီ
မင်ကို မလှန်နိုင်လောက်ဘူးထင်တယ်။ ၀ါဒါဘရီမင်ကို ရွေးချယ်အားပေးရမှာပါ။
စတုဂတ် - မွန်ချင်ဂလက်ဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၄-၄-၁၃ စတုဂတ် ၂-၀ မွန်ချင်ဂလက်ဘတ်
စတုဂတ်အိမ်ကွင်းမှာ မွန်ချင်တို့ ဂိုးပြတ်နိုင်ဖူးသလို ဂိုးပြတ်လည်း ရှုံးဖူး ပါတယ်။ ဒါကြောင့် ဘာကို
မှ အပြတ်ပြောလို့မရနိုင်ပါဘူး။ လက်ရှိခြေစွမ်း အရ ဒီပွဲစဉ်ဟာ သရေကျမယ်လို့ ထင်ပါ တယ်။
ဘရောက်ချ် - ဖရိုင်းဘတ် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၃၁-၁၀-၁၂ ဘရောက်ချ် ၀-၂ ဖရိုင်းဘတ်
နှစ်သင်းစလုံး တန်းဆင်းဇုန်ထဲမှာ ရောက်ရှိနေတဲ့အသင်းတွေဖြစ်ပါ တယ်။ နှစ်သင်းပေါင်းသွင်းဂိုး
များနိုင် ပြီး ဘရောက်ချ်ကို ကြိုက်ပါတယ်။














