လော်ဆိန်း - ကနူးလှေလှော်ပြိုင်ပွဲ ကို အမျိုးသားပြိုင်ပွဲများဖြင့်သာ ကျင်းပလာရာမှ ၂၀၂၀
ပြည့်နှစ်၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ တွင် အမျိုးသမီးပွဲစဉ်များကိုပါ ထည့် သွင်းကျင်းပ
သွားမည် ဖြစ်ကြောင်း အပြည်အပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက တနင်္လာနေ့တွင် ထုတ်ပြန်
ကြေညာလိုက်သည်။
အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော် အဖွဲ့ချုပ်က တိုကျိုအိုလံပစ်တွင် ကနူးလှေလှော်ပြိုင်ပွဲ၌ အမျိုး
သမီး ပြိုင်ပွဲအမျိုးအစားနှစ်မျိုးကို ထည့်သွင်းကျင်းပရန် တိုက်တွန်း ခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့ သော လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် အမျိုးသမီးကယက် လှေလှော် ပြိုင်ပွဲ
ကို ထည့်သွင်းကျင်းပခဲ့ပြီး အမျိုးအစားတစ်မျိုးသာ ယှဉ်ပြိုင် စေခဲ့ကာ အမျိုးသားပွဲစဉ် တွင်မူ ပြိုင်ပွဲ
အမျိုးစားသုံးမျိုး ထည့်သွင်းကျင်းပခဲ့သည်။
ကမ္ဘာ့ချန်ပီယံရှစ် ကယက်လှေလှော် ပြိုင်ပွဲကို ၂၀၁၀ပြည့်နှစ်က ကျင်းပ ခဲ့ပြီး အမျိုးသမီးပွဲစဉ်များ
ပထမဆုံး ထည့်သွင်းကျင်းပခဲ့သည်။ လာမည့် တိုကျိုအိုလံပစ်တွင်မူ ကနူးပြိုင်ပွဲ၌ အမျိုးသမီးပြိုင်ပွဲ
ကို ပထမဆုံးထည့်သွင်းကျင်းပမည် ဖြစ်သည်။
(အေအက်ဖ်ပီ)














