ဘိုလော့နာ-အင်တာမီလန်
အောက်တိုဘာလကုန်ပိုင်းကစပြီး ဘိုလော့နာခြေစွမ်းပြန်တက်လာတယ်။ နောက်တန်းလုံခြံုမှု၊
ကစားကွက်ရော၊ တိုက်စစ်ပါ တိုးတက်မှုတွေ ရှိလာတယ်။ အင်တာမီလန်ကလည်း နောက်ပိုင်းပွဲ
မှာ ပြန်'ညှစ်'လာတယ်။ ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက် မှာ ယူဒီးနိစ်ကို ၃-၀၊ လီဗော်နိုကို ၂-၀ နဲ့ နိုင်ခဲ့လို့
တိုက်စစ်ရော၊ ခံစစ်ပါ တက်ရိပ်ပြလာတယ်။ အင်တာမီလန်ကို ပိုကြိုက်တယ်။
ဗီရိုနာ-ချီယေဗို
ပြီးခဲ့တဲ့ပွဲစဉ်မှာ ဗီရိုနာဟာ အဝေးကွင်းမှာ ဂျီနိုအာကို ရှုံးခဲ့ပေမယ့် ဘောလုံး ပိုင်ဆိုင်မှုနဲ့ ကစား
ကွက်မှာ အသာစီးရခဲ့တာ တွေ့ရတယ်။ ချီယေဗိုကတော့ ခံစစ်ပိုင်းလုံခြံုမှုကောင်းလာပေမယ့်
သုံးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ တိုက်စစ်ပျောက်နေတယ်။ ဗီရိုနာအတွက် သုံးမှတ်သေချာတဲ့ပွဲ
ဖြစ်ပါတယ်။
အေစီမီလန်-ဂျီနိုအာ
စီးရီးအေမှာ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတဲ့ အေစီမီလန်ဟာ ဖိအား များနေတယ်။
ဂျီနိုအာကတော့ နည်းပြ ဂတ်စ်ပါရီလက်ထက်မှာ ခြေစွမ်းပြန်လည် ဦးမော့လာတယ်။ အသင်း
လိုက်ကျစ်လျစ်ပြီး တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်း လာတယ်။ အေစီမီလန် နိုင်ပွဲရဖို့ အတော်
ကြိုးစားရမယ်။
နာပိုလီ-ပါးမား
ချန်ပီယံလိဂ်နဲ့ စီးရီးအေပြိုင်ပွဲ နှစ်ခုကြားမှာ ပွဲပန်းနေတဲ့ နာပိုလီဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်ကို
သုံးဂိုးပြတ်ရှုံးလိုက်လို့ ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အခုပွဲမှာ အနိုင်ကစား
ပြီး ပြန် 'ဆွဲတင်' မယ်လို့ ယူဆရ တယ်။ ပါးမားကတော့ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားပြီး
တိုက်စစ်ရော၊ ခံစစ်ပါ ကျဆင်းသွားတယ်။ နာပိုလီကို ရွေးချယ်သင့်တယ်။
ဆမ်ဒိုးရီးယား-လာဇီယို
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် ရှုံးခဲ့ရာမှာ ရှစ်ဂိုးသွင်းခံထားရတဲ့ ဆမ်ဒိုးရီးယား နောက်တန်းဟာ စိတ်ချ
ရတဲ့ အနေအထားမှာ မရှိဘူး။ လာဇီယိုကလည်း ယူရိုပါလိဂ် မှာ 'တင်'နေရလို့ စီးရီးအေမှာ နိုင်ပွဲ
ကျဲနေတယ်။ လာဇီယို နိုင်ခြေနည်းတယ်။
ဆက်စူလို-အတ္တလန္တာ
ဆက်စူလိုဟာ ခြေစွမ်းမတည်ငြိမ်ပေမယ့် စိတ်ဓာတ်နဲ့ ကစားအားရှိတယ်လို့ မှန်းဆရတယ်။
အတ္တလန္တာကတော့ လူငယ်တိုက်စစ်သမားတွေကို ပွဲထုတ်လာ လို့ ကစားအားကောင်းလာပေမယ့်
ဂိုးသွင်းနှုန်းကိုတော့ ယတိပြတ်စိတ်ချလို့ မရဘူး။ ဆက်စူလိုဘက်က အရဲစွန့်သင့်တယ်။
တိုရီနို-ကာတာနီးယား
တောက်လျှောက် နိုင်ပွဲပျောက်သွားတဲ့ တိုရီနိုဟာ နောက်တန်း 'ပွင့်'နေတယ်။ ပြီးခဲ့တဲ့ငါးပွဲဆက်
တိုက်မှာ တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်းသွင်းခံနေရတယ်။ ကာတာ နီးယားကတော့ ဂျူဗင်တပ်၊ နာပိုလီ
တို့ကို ဆက်တိုက်ရှုံးပြီးနောက် ယူဒီးနိစ်ကို နိုင်အောင်ကစားခဲ့လို့ ခြေစွမ်းအားဖြင့် မဆိုးရွားပါဘူး။
ကာတာနီးယားကို ပိုကြိုက်တယ်။
ယူဒီးနိစ်-ဖီအိုရင်တီးနား
ထိခိုက်ဒဏ်ရာတွေများပြီး အဓိကဘောလုံးသမား တချို့လည်း ပုံမှန်ခြေစွမ်းမရှိကြလို့ ယူဒီးနိစ်
တစ်သင်းလုံး ခြံုကြည့်ရင် ခြေစွမ်းကျဆင်းနေတယ်။ ဖီအိုရင် တီးနားကတော့ယူရိုပါလိဂ်နဲ့ စီးရီး
အေပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း 'ဖွင့်' ကစားနေရင်းမှ ပြိုင်ပွဲနှစ်ခုစလုံးမှာ ခြေတက်နေတာကို
စနစ်တကျ ထိန်းထားနိုင်တယ်။ ဖီအိုရင်တီးနားကို ပိုကြိုက်တယ်။
လီဗော်နို-ဂျူဗင်တပ်
လီဗော်နိုခြေစွမ်းက ထိပ်တန်းအသင်းကြီးတွေကို ခံကစားနိုင်တဲ့ အနေအထား မှာ မရှိဘူး။ ဂျူဗင်
တပ်ကတော့ လက်ရှိအချိန်မှာ ခြေတက်နေတယ်။ ချန်ပီယံ လိဂ်မှာ ခြေစွမ်းမပြနိုင်တာကို ဖုံးအုပ်
နိုင်ဖို့ ပြည်တွင်းပွဲတွေမှာ 'ညှစ်' ကစားနေ တယ်။ ဂျူဗင်တပ်သာ အားစိုက်ပြီး ရလာတဲ့ဂိုးသွင်းခွင့်
တွေကို ဖိဖိစီးစီး အသုံးချမယ်ဆိုရင် ဂိုးပြတ်နိုင်ခြေများတယ်။














