ရိုးမား-ကက်ဂလီယာရီ
စီးရီးအေတွင် ၁၀ ပွဲဆက်တိုက်နိုင် သည့် စံချိန်သစ်နှင့်အတူ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်
နေသော ရိုးမားသည် ပြီးခဲ့သော နှစ်ပွဲဆက်တိုက် သရေကျခဲ့သောကြောင့် အောက်ဘက် မှ လိုက်
လာသော ဂျူဗင်တပ်နှင့် တစ်မှတ် သာ ကွာတော့သည်။
တောက်လျှောက် နိုင်ပွဲဆက်ခဲ့သော ရိုးမားသည် အောက်တိုဘာလကုန်ပိုင်း သို့ ရောက်သောအခါ
တွင် အဓိက တိုက်စစ်မှူးများဖြစ်ကြသော တော့တီနှင့် ဂျာဗင်ဟိုတို့ ဒဏ်ရာများကြောင့် ပါ၀င်ကစား
နိုင်ခြင်း မရှိတော့ပေ။
ပွဲစဉ်(၁၀)အဖြစ် အိမ်ကွင်း၌ ချီယေဗို ကို ရင်ဆိုင်သောအခါတွင် တော့တီ၊ ဂျာဗင်ဟိုတို့ မပါ၀င်ဘဲ
၁-၀ ဖြင့် ပွတ်ကာသီကာ နိုင်ခဲ့သော်လည်း ထိုပွဲမှာပင် ရိုးမားတိုက်စစ်သည် 'ယိုင်'နေကြောင်း ပေါ်
လွင်နေသည်။
ချီယေဗိုနှင့်ပွဲတွင် ရိုးမားသည် ကစားကွက်အသာစီးရပြီး ဘောလုံး ပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းရှိခဲ့
သော် လည်း ဂိုးရရှိရန် အပြင်းအထန် ရုန်းကန် ခဲ့ရပြီး ဒုတိယပိုင်း ၆၇ မိနစ်ရောက်မှ သာ ၀ါရင့်
တိုက်စစ်မှူးမာကိုဘော်ရီလို သည် ရိုးမားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့
သော်လည်း ထိုပွဲစဉ်မှစတင်ကာ ရိုးမားတိုက်စစ် သည် အကျပိုင်းသို့ ဦးတည်လာသည်။
ထိုနောက်ပိုင်းတွင် ရိုးမားသည် တိုရီနို၊ ျှက်စူလို အစရှိသော အသင်း ှုယ်လေးများနှင့် ၁-၁ သရေ
ကျခဲ့ သည်။ ယင်းကဲ့သို့ နှစ်ပွဲဆက်တိုက် သရေကျခဲ့သော ပွဲစဉ်များအတွင်း တိုက်စစ်မှူးများဖြစ်
သော တော့တီ၊ ဂျာဗင်ဟိုတို့ မပါ၀င်နိုင်ခဲ့ကြသောကြောင့် ယေဘုယျအားဖြင့် ရိုးမား တိုက်စစ်
သည် ၎င်းတို့နှစ်ယောက်အပေါ်တွင် မှီခိုမှုများပြားပြီး ၎င်းတို့ မပါ၀င်လျှင် ထိခိုက်မှုရှိကြောင်း
ကောက်ချက်ဆွဲနိုင်သည်။
အစောပိုင်းက စွမ်းဆောင်ရည် ကောင်းမွန်ကျစ်လျစ်သော ရိုးမား ကွင်းလယ်သည် တော့တီ၊ ဂျာဗင်
ဟိုတို့ မပါ၀င်နိုင်သည့်အချိန်နှင့် တိုက်ဆိုင်စွာပင် ရုန်းကန်ခဲ့ရသည်။ ရိုးမားကွင်းလယ်မှ ဒီရော့စီ၊
ပန်နစ်၊ ကီဗင်စထရုမင်း သုံးယောက်တွဲလုံး သည် အနည်းငယ် 'အထိုင်ပျက်' ကာ လစ်ကွက်ဟာ
ကွက်များကို လိုက်လံ ဖြည့်ပေးနေရသည်။
သို့ရာတွင် ယခုလာမည့်ပွဲတွင် တော့တီ၊ ဂျာဗင်ဟိုတို့ ပြန်လည်ပါ၀င် လာမည်ဖြစ်သောကြောင့်
တိုက်စစ်ပိုင်း တိုးတက်လာခြင်းနှင့်အတူ တစ်သင်း လုံး၏ စွမ်းဆောင်ရည်ပိုင်း ပြန်လည် မြင့်တက်
လာမည်ဟု မျှော်လင့်ရသည်။
တစ်ဖန် ရိုးမားသည် ပြီးခဲ့သော နှစ်ပွဲ ဆက်တိုက် သရေကျခဲ့ရာတွင် လေးမှတ် ဆုံးရှုံးခဲ့ရသော
ကြောင့် ယခုပွဲတွင် အနိုင်ရအောင် 'ညှစ်'ပြီး အသင်းကို ပြန်လည် 'ဆွဲတင်'နိုင်ရန် ကြိုးပမ်းမည်
ဖြစ်သည်။
တစ်ဖက်တွင် ကက်ဂလီယာရီသည် အိမ်ကွင်းတွင် နိုင်ပွဲလေးပွဲရထားသော်လည်း အဝေးကွင်းပွဲစဉ်
များ၌ နိုင်ပွဲလုံးဝမရှိသေးသောအသင်း ဖြစ် သည်။ တန်ပြန်တိုက်စစ်ကို အားပြု သော ကက်ဂလီ
ယာရီတွင် တစ်ဦးချင်း ထူးချွန်သော ဘောလုံးသမားများ ပါ၀င် နေသော်လည်း အဝေးကွင်းခြေစွမ်း
မှာ ပုံမှန်အောက် ရောက်နေသည်။
သို့သော်လည်း ကက်ဂလီယာရီသည် ထိပ်တန်း အသင်းများနှင့် ရင်ဆိုင်ရာ တွင် မထင်မှတ်ဘဲ
ရလဒ်များ ဆိုးရွား ခြင်းမရှိဘဲ ဖီအိုရင်တီးနား၊အင်တာ မီလန်တို့ကို ၁-၁ သရေကျထားသည်။
ကက်ဂလီယာရီရှေကတန်းမှာ အီတလီတိုက်စစ်မှူး မာကိုစူနှင့် ကိုလံဘီယာ တိုက်စစ်မှူးဗစ်တာအိုင်
ဘာဘိုအတွဲ ကို ဘယ်လ်ဂျီယံကွင်းလယ်တိုက်စစ် သမား နီယန်ဂိုလန်က ပံ့ပိုးပေးထားသော
ကြောင့် မထင်မှတ်ဘဲ တန်ပြန် တိုက်စစ်စွာတတ်သည်။
သို့ရာတွင် ခြံုကြည့်လျှင် ရိုးမားသည် အဓိကတိုက်စစ်မှူးများဖြစ်သော တော့တီ၊ ဂျာဗင်ဟိုတို့ ပြန်
လည်ပါ၀င် လာဖွယ်ရှိသောကြောင့် စိတ်ဓာတ် ရော၊ စွမ်းဆောင်ရည်ပိုင်းပါ ပြန်လည်မြင့်တက်လာ
ဖွယ်ရှိသည်။
တစ်ဖန် နှစ်ပွဲဆက်တိုက် သရေကျထားသောကြောင့် ရမှတ်ဆုံးရှုံးမှုကို 'ကာမိ'အောင် ရိုးမားသည်
ယခုပွဲတွင် နိုင်အောင် 'ညှစ်' ရမည့် အနေအထားတွင်ရှိသည်။ တစ်ဖက်တွင် ကက်ဂလီယာရီ၏
အဝေး ကွင်းခြေစွမ်းသည် အားရစရာမရှိဘဲ နောက်တန်းကလည်း တိုက်စစ်ကောင်း သော အသင်း
များကို ရင်ဆိုင်သောအခါတွင် ရုန်းကန်ရတတ်သည်။ သို့ကလိုကြောင့် ရိုးမားကိုကြိုက်ပြီး ဂိုးများ
သောပွဲဖြစ်လာနိုင်သည်။















