မိုင်ယာမီ - မိုင်ယာမီကိုယ်စားပြု မေဂျာလိဂ်ဘောလုံးအသင်းတစ်သင်း တည်ထောင်ရာတွင်
ပါ၀င်ရင်းနှီးမြှုပ်နှံ ရန် ဒေးဗစ်ဘက်ခမ်းနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အမ်ဘီအေ ဘက် စကက်
ဘောကစားသမား လီဘရွန် ဂျိမ်းက တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လီဘရွန်ဂျိမ်း သည် ပရီမီယာလိဂ်ကလပ် လီဗာပူး အသင်းတွင်လည်း ရှယ်ယာအနည်းငယ် ပါ၀င်
ထားသူဖြစ်သည်။
"အခုကိစ္စက ကျွန်တော်ရော၊ သူရော နှစ်ဦးစလုံး စိတ်ဝင်စားကြပါတယ်။ ဘက်ခမ်းနဲ့ ကျွန်တော်
ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ခင်မင်လာတဲ့ မိတ်ဆွေတွေဖြစ်ပါတယ်။ သူ့ရဲ့ အကူ
အညီနဲ့ မိုင်ယာမီအခြေစိုက် ဘောလုံးအသင်းတစ်သင်းဖြစ်လာမယ်လို့ ယူဆမိပါတယ်။ အခုဆွေး
နွေးမှုတွေထဲမှာ ကနဦးဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံး ပွင့်ပွင့် လင်းလင်းဆွေး
နွေးခဲ့ကြတာပါ"ဟု လီဘရွန်ဂျိမ်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဘက်ခမ်းမှာ ကစားသမားဘဝမှ အနားယူပြီးနောက် မေဂျာလိဂ် ဘောလုံးအသင်း
တစ်သင်း ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးပမ်းနေ သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
သို့သော် ၎င်းရင်းနှီးမြှုပ်နှံလိုသည့်အသင်းနှင့် သဘောတူညီချက် မရသေးဘဲ ယင်းကိစ္စမှာ ယခုနှစ်
နှစ်ကုန်ပိုင်းမှသာ ဖြစ်လာဖွယ်ရှိသည်ဟုလည်း ဆိုသည်။ ယခင်က မိုင်ယာမီအခြေစိုက် ဘောလုံး
အသင်းတစ်သင်းရှိခဲ့ပြီး ၎င်းအသင်းသည် ၁၉၉၈ မှာ ၂၀၀၁ အထိ မေဂျာလိဂ်ပြိုင်ပွဲများတွင် ၀င်
ရောက်ယှဉ်ပြိုင့်ခဲ့ပြီး နောက်ပိုင်း ဖျက်သိမ်းခဲ့သည်။
(အေအက်ဖ်ပီ)














