မသန်စွမ်း အားကစား ပြိုင်ပွဲသို့ ၁,၄၃၉ ဦး ယှဉ်ပြိုင်မည်

မသန်စွမ်း အားကစား ပြိုင်ပွဲသို့ ၁,၄၃၉ ဦး ယှဉ်ပြိုင်မည်

လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်မည့်
(၇)ကြိမ်မြောက်အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှ နိုင်ငံ
ပေါင်း ၁၁ နိုင်ငံမှ မသန်စွမ်း အားကစားသမား ၁,၄၃၉ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရ သည်။

အဆိုပါပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလီဘော၊ စစ်တုရင်
အစရှိသော အားကစားနည်း ၁၂ မျိုးကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင် မြန်
မာနိုင်ငံမှ မသန်စွမ်းအားကစား သမားအင်အား ၂၀၀ ခန့်ဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်
သည်။

မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သော
ပြီးခဲ့သည့် (၆)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေ တံဆိပ် ၁၃
ခု၊ ငွေတံဆိပ် ၁၉ ခု၊ ကြေး တံဆိပ် သုံးခု စုစုပေါင်း ၃၅ ခု ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက်ရပ်တည်
မှုတွင် အဆင့် (၆)ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲ၊
ပိတ်ပွဲ အခမ်းအနားများကိုလည်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးကဲ့သို့ နိုင်ငံ တကာအဆင့်မီ
ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျောင်းသူ၊ ကျောင်းသားအင်အား ၃,၅၀၀
ခန့်ဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး မသန်စွမ်းသူ၁၅၀ ခန့်က ပါ၀င်ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း
သိရသည်။ 



ဖတ်ရှုမှုအများဆုံး