ဧရာဝတီအသင်းကို မြန်မာယူ-၂၃ ပဏာမလက်ရွေးစင်အသင်း ဂိုးပြတ်အနိုင်ယူ

ဧရာဝတီအသင်းကို မြန်မာယူ-၂၃ ပဏာမလက်ရွေးစင်အသင်း ဂိုးပြတ်အနိုင်ယူ

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေး စင် ယူ-၂၃
အသင်းသည် ခြေစမ်းပွဲစဉ် အဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်း ဧရာဝတီယူနိုက်တက်
အသင်းနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ က အောင်ဆန်းအားကစားကွင်း၌ ခြေစမ်းကစား
ခဲ့ရာ မြန်မာ ယူ-၂၃ အသင်းက ၄၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် အဓိက ကစား သမားများ အစုံအလင်ကို ပွဲထုတ်ကစား ခဲ့ပြီး ဒဏ်ရာမှ ပြန်
လည်သက်သာ လာသည့် တောင်ပံကစားသမား ကြည်လင်းကိုလည်း ပွဲချိန်ပြည့် ထည့်သွင်းက
စားခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းအတွက် အနိုင်ဂိုးများကို ဒေးဗစ်ဒန်း၊ ကြည်လင်း၊ ကျော်ဇေယျာ ၀င်းနှင့်
ကျော်ကိုကိုတို့က သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်လျက် ရှိသော မြန်
မာ ယူ-၂၃ အသင်းသည် ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲများစွာကိုကစားလျက်ရှိပြီး နိုင်ငံတကာခြေ
စမ်းပွဲစဉ်များအဖြစ် ဗီယက်နမ် ယူ-၂၃ အသင်း၊ ဂျပန်အိုလံပစ်အသင်းများနှင့် ခြေစမ်းကစားခဲ့သလို
မလေးရှားနိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သော မာဒေးကား ဖလားပြိုင်ပွဲတွင်လည်း ၀င်ရောက်
ယှဉ်ပြိုင်ခဲ့သည်။

"ဆီးဂိမ်းပြိုင်ပွဲမှာ ကျွန်တော်တို့ အသင်းရဲ့ အဓိကရည်မှန်းချက်က အုပ်စုအဆင့်ကနေ တက်နိုင်
ရေးပါပဲ။ အသင်းရဲ့ အဓိက ကစားသမားအချို့ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် အသင်းရဲ့
အကောင်းဆုံးပုံစံကို မရရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိ အသင်းရဲ့ ခြေစွမ်းပိုင်းကိုတော့ အားရ
ပါတယ်။ ကစားခဲ့တဲ့ခြေစမ်းပွဲစဉ်တွေ မှာ ရလဒ်မကောင်းတာက ကျွန်တော် တို့အသင်းထက်
ခြေစွမ်းသာလွန်တဲ့အသင်းတွေနဲ့ ကစားခဲ့တာကြောင့်ပါ" ဟု အသင်းခေါင်းဆောင်
ကျော်ဇေယျာဝင်းက ပြောသည်။



ဖတ်ရှုမှုအများဆုံး