ဘရောက်ချ်ကို သင်တန်းပို့ချဦးမယ့် ဘိုင်ယန်မြူးနစ်

ဘရောက်ချ်ကို သင်တန်းပို့ချဦးမယ့် ဘိုင်ယန်မြူးနစ်

ပြီးခဲ့တဲ့အပတ်က ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အဆုံမှာ ဒေါ့မွန်ကတော့ သုံးဂိုးပြတ်အရှုံးနဲ့ ကြေမွသွား
ခဲ့တာတွေ့ရပါတယ်။ ဘိုင်ယန်ကတော့ အဝေးကွင်းရှုံးပွဲ လုံးဝမရှိစံချိန်ကို ဆက်လက်စိုက်ထူရင်း
ပြိုင်ဘက်ကြီးဒေါ့မွန်ကိုခုနစ်မှတ်ဖြတ်ထားလိုက်နိုင်ပါတယ်။ ဒီတစ်ပတ် ဘာတွေဖြစ်ဦးမလဲ
ဆိုတာကတော့...။

၀ုဖ်ဘတ် -ဟမ်းဘတ်
နောက်ဆုံးတွေ့ဆုံမှု
၅-၅-၁၃ ဟမ်းဘတ် ၁-၁ ၀ုဖ်ဘတ်

အဆင့်(၅)မှာ ရပ်တည်နေတဲ့ အိမ်ရှင် ၀ုဖ်ဘတ်ဟာ အိမ်ကွင်းမှာ တစ်ပွဲသာ ရှုံးထားတဲ့အသင်း
ဖြစ်ပါတယ်။ ဟမ်းဘတ်အသင်းကတော့ အဆင့် (၁၁)မှာ ရပ်တည်နေပြီး အဝေးကွင်းမှာ နှစ်ပွဲနိုင်၊
နှစ်ပွဲသရေ၊ သုံးပွဲရှုံးထားတာ တွေ့ရပါတယ်။ နောက်ဆုံးပွဲစဉ်တွေမှာ ဟမ်းဘတ်က အနိုင်ရပြီး
၀ုဖ်ဘတ်က သရေကျခဲ့တာတွေ့ရပါတယ်။ အိမ်ရှင် ကိုပဲ ရွေးထားချင်ပါတယ်။

ဘိုင်ယန် -ဘရောက်ချ်
နောက်ဆုံးတွေ့ဆုံမှု
၂-၈-၁၁ ဘရောက်ချ် ၀-၃ ဘိုင်ယန်

တန်းစီဇယားထိပ်ဆုံးကအသင်းနဲ့ ဇယားအောက်ခြေက အသင်းတို့ တွေ့ ဆုံကြတာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ အိမ်ကွင်းမှာ လုံးဝရှုံးပွဲမရှိ ရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းဖြစ်နေတာကို ဂရုပြုရ
ပါမယ်။ အစဉ်အလာအရ ဘရောက်ချ်ကို မရှုံးဖူးတဲ့ဘိုင်ယန်ကိုပဲ အပြည့်အဝအားပေးရမှာပါ။

လေဗာကူဆင် -နုရင်ဘတ်
နောက်ဆုံးတွေ့ဆုံမှု
၄-၅-၁၃ နုရင်ဘတ် ၀-၂ လေဗာကူဆင်

နံပါတ်(၂)နေရာက လေဗာကူဆင် အနေနဲ့ သူတို့ရဲ့အိမ်ကွင်းနောက်ဆုံး သုံးကြိမ်မှာ ၀-၀၊ ၀-၃၊
၁-၀ ရလဒ်တွေ နဲ့ နုရင်ဘတ်ကို ရင်ဆိုင်ခဲ့ရတာပါ။ ဒီရာသီ လေဗာကူဆင်ရဲ့ အိမ်ကွင်း အနေ
အထားကတော့ ၄-၀၊ ၂-၁၊ ၅-၃ တွေဖြစ်လို့ အိမ်ရှင်နဲ့ ဂိုးအများကို ကြိုက်တယ်။

ဟော့ဖန်ဟိမ်း -၀ါဒါဘရီမင်
နောက်ဆုံးတွေ့ဆုံမှု
၄-၅-၁၃ ၀ါဒါဘရီမင် ၂-၂ ဟော့ဖန်ဟိမ်း

၀ါဒါဘရီမင် ခြေပျက်နေတာကို တွေ့ရပါတယ်။ ရှော်လ်ကေးကို အဝေး ကွင်းမှာ ၃-၁ နဲ့ ရှုံးခဲ့ပြီး
အိမ်ကွင်းမှာ မိန့်ဇ်ကို ၂-၃ နဲ့ ထပ်ရှုံးခဲ့တာက စိတ်ပျက် စရာပါပဲ။ ဟော့ဖန်ဟိမ်းကလည်း ဘိုင်ယန်
ကို ၁-၂ နဲ့ အိမ်ကွင်းမှာ ရှုံး၊ ဟာသာဘာလင်ကို အိမ်ကွင်းမှာ ၂-၃ နဲ့ ထပ်ရှုံးပြီး အော့စ်ဘတ်ကို
တောင် အဝေးကွင်းမှာ ၂-၀ နဲ့ ထပ်ရှုံးခဲ့တာမို့ ၀ါဒါဘရီမင်နဲ့ အလားသဏ္ဌာန်တူပါပဲ။ သရေရလဒ်
ကို ဦးတည်နေတဲ့ပွဲလို့ ထင်ပါတယ်။

မိန့်ဇ် -ဒေါ့မွန်
နောက်ဆုံးတွေ့ဆုံမှု
၂၀-၄-၁၃ ဒေါ့မွန် ၂-၀ မိန့်ဇ်

ဒေါ့မွန်အတွက် နောက်ထပ်ပွဲကျပ် တစ်ပွဲကို ရင်ဆိုင်ရဦးမယ်လို့ ထင်ပါ တယ်။ ချန်ပီယံလိဂ်မှာ
အာဆင်နယ်ကို ရှုံးပြီးကတည်းက ၀ုဖ်ဘတ်၊ ဘိုင်ယန်တို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ ဒေါ့မွန်ဟာ အခု
လည်းပဲ အဝေးကွင်းမှာတောင် ၀ါဒါဘရီမင်ကို အနိုင်ယူထားတဲ့ မိန့်ဇ် နဲ့ ရင်ဆိုင်ရဦးမှာမို့လို့ပါပဲ။
ဒါပေမဲ့ အစဉ်အလာပိုင်းအရ ဒေါ့မွန်ကိုပဲ ယုံကြည်ထားချင်တယ်။

ဟာသာဘာလင် -အော့စ်ဘတ်
နောက်ဆုံးတွေ့ဆုံမှု
၂၅-၂-၁၂ အော့စ်ဘတ် ၃-၀ ဟာသာဘာလင်

ဟာသာဘာလင်ရဲ့ အိမ်ကွင်း နောက်ဆုံးနှစ်ကြိမ် သူတို့တွေ့ဆုံရာမှာတော့ အော့စ်ဘတ်အသာစီး
မရခဲ့တာသေချာပါတယ်။ ဒီရာသီဟာသာဘာလင်ရဲ့အိမ်ကွင်းခြေစွမ်းက မွန်ချင်ကို ၁-၀ အနိုင်၊
ရှော်လ်ကေးကို ၀-၂၊ နဲ့ ရှုံး၊ လေဗာကူဆင်ကို ၀-၁ နဲ့ ရှုံးထားလို့ အပျံစားခြေစွမ်းလို့ ပြောလို့မရ
ပါဘူး။ ဒါပေမဲ့ ဒီရာသီနောက်ဆုံးအဝေးကွင်း သုံးပွဲဆက်တိုက် ဂိုးပြတ်တွေနဲ့ ရှုံးပြီး အဝေးကွင်း
နိုင်ပွဲတစ်ပွဲသာ ရသေးတဲ့ အော့စ်ဘတ်ကို ငြင်းပယ်ချင်ပါတယ်။

ရှော်လ်ကေး -စတုဂတ်
နောက်ဆုံးတွေ့ဆုံမှု
၁၁-၅-၁၃ ရှော်လ်ကေး ၁-၂ စတုဂတ်
အဆင့်(၆)မှာ ရပ်တည်နေတဲ့ ရှော်လ်ကေးဟာ ဒီရာသီ
အိမ်ကွင်းမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားတာ ကိုတွေ့ရပါတယ်။ အဆင့်(၉)မှာ ရောက်နေ
တဲ့ စတုဂတ်ကတော့ အဝေး ကွင်းမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး ထားပါတယ်။ သရေပွဲဖြစ်
သွားလိမ့်မယ်လို့ ထင်ပါတယ်။

ဟန်နိုဗာ -ဖရန့်ဖတ်
နောက်ဆုံးတွေ့ဆုံမှု
၁၀-၃-၁၃ ဟန်နိုဗာ ၀-၀ ဖရန့်ဖတ်

အစဉ်အလာအရ ဟန်နိုဗာရဲ့ အိမ် ကွင်းမှာ သူတို့နှစ်သင်း နောက်ဆုံး သုံးကြိမ်တွေ့ဆုံခဲ့ရာမှာ
တော့ ဖရန့်ဖတ် အတွက် နိုင်ပွဲတစ်ပွဲမှမရှိပါဘူး။ ဒီရာသီ ဖရန့်ဖတ်ရဲ့ အဝေးကွင်း ခြေစွမ်းကလည်း
မိုချင်ကို ၄-၁၊ မက္ကာ ဘီတဲလ်အဗီကို ၄-၂၊ မိန့်ဇ်ကို ၁-၀ နဲ့ သုံးပွဲဆက်ရှုံးကာ ဘွန်ဒက်စ်လီဂါအဝေး
ကွင်း ခုနစ်ပွဲမှာ နှစ်ပွဲပဲနိုင်ထားပါတယ်။ အဆင့်(၁၃)က ဟန်နိုဗာအနေနဲ့ အိမ်ကွင်းမှာ အနိမ့်ဆုံး
သရေတော့ ခံကစားနိုင်ပါတယ်

။ မိုချင်ဂလက်ဘတ် -ဖရိုင်းဘတ်
နောက်ဆုံးတွေ့ဆုံမှု
၃၀-၃-၁၃ ဖရိုင်းဘတ် ၂-၀ မိုချင်

အဆင့်(၄)နေရာက မိုချင်ဂလက် ဘတ်ဟာ ဘိုင်ယန်မြူးနစ်လိုပဲ အိမ်ကွင်း ရာနှုန်းပြည့် အနိုင်ယူ
ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဖရိုင်းဘတ်ကတော့ တန်းဆင်းဇုန်ထဲမှာကျရောက် နေပြီး အဝေး
ကွင်း ခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာဖြစ်ပါတယ်။ ဖရိုင်းဘတ်ဟာ နုရင်ဘတ်ကို အဝေးကွင်း
မှာ ၀-၃ နဲ့ နိုင်ခဲ့ပြီးတဲ့နောက် ရှုံးပွဲမရှိ နှစ်ပွဲဆက်တိုက်ကစားထားနိုင်တာကို တွေ့ရပါတယ်။
မိုချင်ဂလက်ဘတ်ကိုပဲ ရွေးချယ်အားပေးရမယ်လို့ ထင်ပါ တယ်။



ဖတ်ရှုမှုအများဆုံး