AFC လူမှုရေးထူးချွန်ဆု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရရှိ

AFC လူမှုရေးထူးချွန်ဆု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရရှိ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က နှစ်စဉ် ချီးမြှင့်လေ့ရှိသော လူမှုရေးထူးချွန်ဆု (AFC Dream
Asia Award) ဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရရှိသွားသည်ဟုသိရသည်။

ထိုဆုပေး ပွဲကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘော
လုံးအဖွဲ့ချုပ် အနေဖြင့် ပဏာမစာရင်းတွင် အာရှ ဘောလုံးအင်အားကြီး နိုင်ငံများဖြစ် သော
တောင်ကိုရီးယား၊ ဂျပန်၊ ကာတာ၊ဂျော်ဒန်နိုင်ငံများနှင့် ပါ၀င် ခဲ့သည်။ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် အာဆီယံအကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆုရရှိခဲ့ပြီး အဖွဲ့ချုပ်
ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဦးဆောင်မှုဖြင့် နိုင်ငံ၏ ဘောလုံးဖွံ့ဖြိုးရေးနှင့်အတူ ပညာရေး၊ ကျန်းမာ
ရေးနှင့် လူမှုရေး ကဏ္ဍများတွင်လည်း ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများ ရှိလာစေရန်ဆောင်ရွက်
လျက်ရှိနေခြင်း၊ အာရှဘောလုံး ပတ်ဝန်း ကျင် အတွင်း လူမှုရေးလုပ်ငန်းများကို တက် တက်
ကြွကြွ ပါ ၀င်ဆောင်ရွက် လျက် ရှိနေခြင်း ကြောင့် ယခု ကဲ့သို့ ပဏာမ စာရင်းတွင် ပါ၀င်
လာခြင်း ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် သည် အာရှ ဘောလုံးအဖွဲ့ ချုပ်၏ လူငယ် ပြိုင်ပွဲ
ကျင်းပ ရေးကော်မတီဥက္ကဋ္ဌအဖြစ် လည်း ဆောင်ရွက်လျက်ရှိပြီး အာရှဒေသတွင်း ဘောလုံးအား
ကစား ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက် ၁၄ နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲ များ ပေါ်ပေါက်
လာစေရန် ဦးဆောင် ကြိုးပမ်းခဲ့သလို ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ)၏ FIFA Football for
Health အစီအစဉ်ကိုလည်း မြန်မာ နိုင်ငံအနေဖြင့် အာရှဒေသအတွင်း ပထမဆုံး ဆောင်ရွက်ခွင့်
ရရှိနိုင်ရန် အတွက် ကြိုးပမ်းနိုင်ခဲ့သည်။

အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံသားများ ဘောလုံးအားကစားတိုးတက်ရေးနှင့် ကျန်းမာရေး
အသိမြင့်မားရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်နေသော အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရ
သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ ဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့် အထက်ပါဆောင်ရွက်ချက်များကို လေ့
လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုရရှိ ခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၄၇ နိုင်ငံပါ၀င်သော
အာရှ ဘောလုံးအဖွဲ့ချုပ်သည် အဆိုပါ လူမှုရေးထူးချွန်ဆု (AFC Dream Asia Award) ကို
၂၀၁၀ပြည့်နှစ်တွင် စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး