အိမ်ရှင်တွေကို ပိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၁၄)

အိမ်ရှင်တွေကို ပိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၁၄)

အတ္တလန္တာ-ရိုးမား
အိမ်ကွင်းစွာတဲ့ အတ္တလန္တာဟာ ထိပ်သီးအင်တာမီလန်ကိုတောင် ကိုယ့်မြေပေါ်မှာ ၁-၁ သရေ
ကစားထားတယ်။ အာဂျင်တီနားတိုက်စစ်တွဲဖြစ်တဲ့ မိုရာလက်စ်နဲ့ ဒင်းနစ်တို့ကလည်း ကိုယ့်ကွင်း
မှာ ခြေစွာတယ်။ ရိုးမားကတော့ ခြေစွမ်း ရော၊ ရလဒ်ပါ အကျဘက် 'ယိုင်'နေပေမယ့် ညှစ်အား
တော့ရှိတယ်။ ရှေကတန်းမှာ လူစုံပြန်ကစားနိုင်ပြီဖြစ်လို့ တိုက်စစ်ပြန်တက်လာမယ်လို့ ယူဆရ
တယ်။ ရိုးမား နိုင်ခြေများတယ်။

ကက်ဂလီယာရီ-ဆက်စူလို
တစ်ဦးချင်းကောင်းသူတွေပါ၀င်နေတဲ့ ကက်ဂလီယာရီရဲ့ အိမ်ကွင်းရလဒ်က မဆိုးပါဘူး။ ဒါပေမဲ့
ဆက်စူလိုကလည်း ဆက်တိုက်ခြေပြန်တက်လာတယ်။ ပြီးခဲ့တဲ့ လေးပွဲဆက်တိုက်မှာ ရိုးမားကို
၁-၁ သရေကျတဲ့ပွဲကလွဲပြီး ကျန်သုံးပွဲ စလုံး နိုင်ခဲ့တယ်။ ဆက်စူလိုဘက်က အရဲစွန့်သင့်တယ်။

ကာတာနီးယား-အေစီမီလန်
လတ်တလော ကာတာနီးယားခြေစွမ်းက အကျဘက်ရောက်နေပြီး နောက်တန်း ကလည်း ပွင့်
ထွက်နေတယ်။ အေစီမီလန်ကလည်း လတ်တလော ခြေစွမ်းရော၊ ယုံကြည်မှုပါ ကျဆင်းနေပြီး
ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆဲလ်တစ်ကို အဝေးကွင်းသွားကစားထားရတယ်။
အေစီမီလန်နိုင်ခြေနည်းတယ်။

ချီယေဗို-လီဗော်နို
ဒါဘီပွဲစဉ်မှာ အိမ်ရှင်ဖြစ်တဲ့ ဗီရိုကို ၁-၀ နဲ့ နိုင်လိုက်တဲ့ ချီယေဗိုခြေစွမ်းကို ဦးမော့လာမယ်လို့ ယူ
ဆမိတယ်။လီဗော်နိုကတော့ ပြီးခဲ့တဲ့လေးပွဲဆက်တိုက်မှာ ရှစ်ဂိုးသွင်းခံထားရပြီး ခြေစွမ်းကျနေ
တယ်။ ချီယေဗိုကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား-ဗီရိုနာ
ယူဒီးနိစ်ကွင်းမှာ ၁-၀ နဲ့ ရှုံးလိုက်လို့ ဖီအိုရင်တီးနားဟာ အခုပွဲမှာ ပြိုင်ဘက်ကို အနိုင်ကစားပြီး
အသင်းကို ပြန်ဆွဲတင်မယ်လို့ ယူဆရတယ်။ ဗီရိုနာကတော့ ပြီးခဲ့တဲ့သုံးပွဲမှာ နျစ်ပွဲက အရေးနိမ့်
ခဲ့လို့ ရာသီအစပိုင်းကလို ခြေမစွာတော့ဘူးလို့ ယူဆရမယ်။ တိုက်စစ်ကောင်းတဲ့ အိမ်ရှင်ကိုပဲ
ပိုကြိုက်တယ်။

ဂျီနိုအာ-တိုရီနို
နည်းပြ ဂတ်စ်ပါရီနီ ကိုင်တွယ်ပြီးနောက် ဂျီနိုအာအသင်း တောက်လျှောက် 'လန်း'နေတယ်။
တိုရီနိုကတော့ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ကာတာနီးယားကို ၄-၁ နဲ့ နိုင်ခဲ့ပေမယ့် ခြေစွမ်းမငြိမ်သေး
ဘဲ အဝေးကွင်းမှာ ရလဒ်သိပ်မစွံသေး ဘူး။ ဂျီနိုအာအတွက် သုံးမှတ်သေချာတယ်။

အင်တာမီလန်-ဆမ်ဒိုးရီးယား
အင်တာမီလန်ဟာ အဝေးကွင်းတွေမှာ သရေကျပြီး အိမ်ကွင်းအနိုင်ကစားတဲ့ ပုံစံကို ထိန်းထားတာ
တွေ့ရတယ်။ဆမ်ဒိုးရီးယားကတော့ နည်းပြသစ် မီဟိုင်း လိုဗစ် ပွဲဦးထွက်မှာ လာဇီယိုကို ၁-၁
သရေကစားထားလို့ ညှစ်အားရှိပြီး ခြေတက်လာမယ်လို့ ယူဆရတယ်။ ဒါပေမဲ့ အဘက်ဘက်က
ကွာဟချက်ကြီးမားလို့ အင်တာမီလန်ကိုပဲ ပိုကြိုက်တယ်။

လာဇီယို-နာပိုလီ
အဓိကပြိုင်ဘက် ဂျူဗင်တပ်ကို ၃-၀ နဲ့ ရှုံးပြီးတဲ့နောက် အိမ်ကွင်းမှာ ပါးမား ကို ၁-၀ နဲ့ ထပ်ရှုံး
လိုက်လို့ နာပိုလီတို့ ဖိအားများသွားတယ်။ ကြားရက်ထဲမှာလည်း ချန်ပီယံလိဂ်ပွဲစဉ် ကစားထား
ရလို့ ပွဲပန်းနေတယ်။ လာဇီယိုလည်း စီးရီးအေမှာ နိုင်ပွဲပျောက်နေပြီး ၁-၁ သရေကျတဲ့ပွဲက များ
နေတယ်။ ပုံမှန်အတိုင်းတွက်ရင် လာဇီယိုဘက်က နေသင့်တယ်။

ပါးမား-ဘိုလော့နာ
မထင်မှတ်ဘဲ အိမ်ကွင်းမှာ အင်တာမီလန်ကို ၁-၁ သရေကျခဲ့ပေမယ့် ဘိုလော့နာ ခြေစွမ်းက ထင်
သလောက် မဟုတ်သေးပါဘူး။ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာ ခြေပျက်ပြီး ရုန်းကန်နေရတယ်။
ပါးမားကတော့ နာပိုလီကွင်းမှာ ၀ါရင့်တိုက်စစ်မှူး ကာဆာနိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်လိုက်
လို့ ခြေစွမ်းက တက်ရိပ်ပြနေတယ်။ အိမ်ရှင်အားသာချက်ကိုပါ ထည့်တွက်ရင် ပါးမားကိုပဲ ရွေး
ချယ်သင့်တယ်။



ဖတ်ရှုမှုအများဆုံး