ဂျူဗင်တပ်-ယူဒီးနိစ်
ဖီအိုရင်တီးနားကွင်းတွင် ပထမပိုင်း အပြီး နှစ်ဂိုးပြတ်နိုင်နေရာမှ ဒုတိယပိုင်း တွင် လေးဂိုးသွင်း
ခံလိုက်ရသော ကြောင့် ၄-၂ ဖြင့် အရေးနိမ့်သွားသော ဂျူဗင်တပ်သည် ထိုပွဲနောက်ပိုင်းတွင်
ဖိဖိစီးစီးကစားလာသောကြောင့် ပွဲတိုင်း အနိုင်ရနေသည်ကို တွေ့ရသည်။
စိတ်ဓာတ်၊ အရှိန်အဝါ၊ တစ်ဦးချင်းကောင်းမွန်သူများဖြင့် စုဖွဲ့ထားသော ဂျူဗင်တပ်သည် စီးရီး
အေကို အာရုံစိုက်မှုမြှင့်တင်လိုက်သောကြောင့် ဆက်တိုက်နိုင်ပွဲရလာကာ ထိပ်ဆုံးမှ ရိုးမားကို
ဖိအားပေးလာသည်။ အထူး သဖြင့် အဓိကပြိုင်ဘက်ဟု နာမည်ကျော်နေသော နာပိုလီကို အိမ်
ကွင်းတွင် သုံးဂိုးပြတ်နိုင်လိုက်သောအခါ စီးရီးအေတွင် ဂျူဗင်တပ်ခြေစွမ်းကို ယှဉ်နိုင်သောအသင်း
အလွန်နည်းပါးကြောင်း လက်ခံလာကြသည်။
နည်းပြကွန်တီသည် အစောပိုင်း က ပုံမှန်ပွဲထွက်ခွင့်မရသော စပိန် တိုက်စစ်မှူး လော်ရန်တေးကို
ယခုအခါ တွင် တေဗက်ဇ်နှင့်တွဲကာ ပုံမှန် တိုက်စစ်တွဲအဖြစ် ပွဲထုတ်လာပြီ ဖြစ် သည်။ ၎င်းတို့နှစ်
ယောက်ကို ကွင်းလယ် ဖန်တီးရှင် ပီယာလိုက ပ့ံပိုးပေးထားရာ ဂျူဗင်တပ်တိုက်စစ်သည် တစ်ပွဲ
ထက်တစ်ပွဲ ထက်မြက်ကာ ဂိုးသွင်းအား ကောင်းလာသည်ကို တွေ့ရသည်။
အထူးသဖြင့် ယင်းတိုက်စစ်မှူး နှစ်ယောက်သည် တစ်ဦးမဟုတ် တစ်ဦး ပွဲတိုင်း ဂိုးသွင်းနိုင်ပြီး
အချို့ပွဲများတွင် နှစ်ယောက်စလုံး ဂိုးသွင်းနိုင်ကြသည် ကို တွေ့ရသည်။ ကွင်းလယ်တွင် မာချီ
စီယိုနှင့် ဗီဒယ် တို့ကို 'အထိုင်' ချပြီးနောက်ပိုင်းပွဲများ တွင် ပြင်သစ်ကစားသမားလေး ပေါ့ဂ် ဘာ
ကို ပွဲထုတ်လာသည်။
ဘယ်တောင်ပံ တွင် ကစားအားရှိသော အဆာမိုကို ပုံမှန်ထည့်သွင်းပြီး ကွင်းလယ်တွင် မာချီစီယို၊
ဗီဒယ်၊ ပေါ့ဂ်ဘာတို့ကို သမ္ဘာ၊ ကစားအားများဖြင့် ထိန်းပေးထား သည်။
ယခုရာသီတွင် သုံးယောက်ခံစစ်ပုံစံ ကို ပြောင်းလဲကစားခဲ့သော ဂျူဗင်တပ် သည် ရာသီအစပိုင်း
တွင် တည်ငြိမ်မှု နည်းပါးခဲ့သော်လည်း ယခုအခါတွင် အထိုင်ကျပြီး လုံခြံုကျစ်လျစ်လာသည်။
ဂျူဗင်တပ်နောက်တန်းသည် ဖီအို ရင်တီးနားကို ၄-၂ ဖြင့်ရှုံးသော ပွဲစဉ် အပြီး ငါးပွဲဆက်တိုက်
ပေးဂိုးမရှိသေး ပေ။ ထိုငါးပွဲအတွင်း ၁၂ ဂိုးသွင်းယူနိုင် ခဲ့သောကြောင့် ဂျူဗင်တပ်ဂိုးသွင်းနှုန်း မှာ
တစ်ပွဲပျမ်းမျှ နှစ်ဂိုးအထက် သွင်းနိုင်ခဲ့ရာ တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံထက်မြက်သောအသင်း
ဖြစ်လာသည်။
တစ်ဖက်တွင် ဂျူဗင်တပ်ကွင်းသို့ လာရောက်ကစားမည့် ယူဒီးနိစ်သည် ခြေစွမ်းမတည်ငြိမ်သော
အသင်းဖြစ် သည်။ ၀ါရင့်တိုက်စစ်မှူး ဒီနာတာလီကို 'အထောင်' တိုက်စစ်မှူး နေရာထားပြီး လူငယ်
တိုက်စစ်သမားများဖြင့် ၀န်းရံ ပေးထားသော ယူဒီးနိစ်သည် ၄-၃-၃ ကစားကွက်ဖြင့် သွက်လက်စွာ
ထိုးဖောက် တိုက်စစ်ဆင်လေ့ရှိသည်။ ယူဒီးနိစ်ကွင်းလယ်တွင် ၀ါရင့် ကစားသမား ပင်ဇီကို 'တည်'
ပြီး လူငယ် များဖြင့် ကျားကန်ပေးထားသည်။
တစ်ဖန် နောက်တန်းတွင်လည်း သမ္ဘာ ရှိသူများနှင့် လူငယ်များကို တွဲပေးထား သောကြောင့်
အချိတ်အဆက်မိလျှင် ပြေးအား၊ ကစားအားတို့ဖြင့် ကြောက် စရာကောင်းသောအသင်း ဖြစ်
သည်။
သို့ရာတွင် ယေဘုယျအားဖြင့် ယူဒီးနိစ်သည် ထိပ်တန်းအသင်းကြီး များနှင့် ရင်ဆိုင်ရာတွင် ရလဒ်
ကောင်း လေ့မရှိဘဲ ရှုံးပွဲများသည်။ ထိုသို့ ထိပ်သီးများနှင့် ရင်ဆိုင်ရာတွင် ဂိုးသွင်း နိုင်စွမ်းနည်းပါး
ခဲ့ပြီး နောက်တန်းက လည်း ပြိုင်ဘက်တိုက်စစ်ကို မထိန်းနိုင် သည်ကို တွေ့ရသည်။
တစ်ဖန် မှတ်တမ်း များအရ ယူဒီးနိစ်သည် ဂျူဗင်တပ်နှင့် ရင်ဆိုင်သည့်အခါတိုင်း အရေးနိမ့်လေ့
ရှိသည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်သည် ကြားရက်ထဲတွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်း
ကိုပင်ဟေဂင် ကို အသည်းအသန် ဖျစ်ညှစ်ကစားထား ရသည်မှလွဲပြီး 'ဒေါင်ဒေါင်မြည်' နေ သည်။
တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံ ကောင်းနေပြီး စီးရီးအေတွင် ပွဲတိုင်းကို အာရုံစိုက်နေသည်။ သို့ကလို
ကြောင့် ဂျူဗင်တပ်ကို ပိုကြိုက်ပြီး ဂိုးများဖွယ် ရှိသည်။















