တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီအောင်ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်

တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီအောင်ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်

အာဆင်နယ်ဟာ ပရီမီယာလိဂ်ကို ထိပ်ဆုံးက ဦးဆောင်လိုက်တဲ့အချိန်က စပြီး တောက်လျှောက်
ဦးဆောင်နေတာ ပွဲစဉ်(၁၄)ကစားပြီးတဲ့အထိပဲဖြစ်ပါတယ်။ ဂိုးသွင်းအားကလည်းစုစုပေါင်း ၂၇ ဂိုး
တောင်ရှိထားပြီး ပရီမီယာလိဂ်မှာ ဒုတိယတိုက်စစ်အကောင်းဆုံးအသင်းဖြစ်နေပါတယ်။

အာဆင်နယ်တိုက်စစ်ကို ကြည့်လိုက်ပါ။ တိုက်စစ်မှူးကောင်းကောင်း ဘယ် နှယောက်ရှိပါသလဲ။
ပြင်သစ်လက်ရွေး စင်တိုက်စစ်မှူးဂျီရောက်ကို အကောင်းဆုံးတိုက်စစ်မှူးလို့ သတ်မှတ်မယ် ဆိုရင်
နောက်ထပ်တိုက်စစ်မှူးကောင်း ဆိုတာ အာဆင်နယ်မှာ ပြစရာမရှိတော့ ပါဘူး။ မန်ယူမှာ ဗန်ပါစီ၊
ရွန်နေ၊ ၀ဲလ်ဘက် တို့အတွဲ ရှိနေပါတယ်။

ချယ်လ်ဆီးမှာ တောရက်စ်၊ အီတူး၊ ဒမ်ဘာဘတို့ရှိနေ ပါတယ်။ မန်စီးတီးမှာ အဂူရို၊ နီဂရီဒို၊ ဒီဇီကို
တို့ ရှိနေပါတယ်။ လီဗာပူးမှာ ဆွာရက်ဇ်၊ စတားရစ်ချ်တို့ရှိနေပါ တယ်။ အနည်းဆုံး တိုက်စစ်မှူး
ကောင်း နှစ်ယောက်တော့ ရှိနေကြတာချည်းပဲ ဖြစ်ပါတယ်။ အာဆင်နယ်မှာ အဲဒီလို တိုက်စစ်မျိုး
ရှိမနေပါဘူး။ တစ်ယောက်တည်းပဲရှိနေပါတယ်။

ဒါဆို အဲဒီလိုတိုက်စစ်မှူးတစ်ယောက် သာရှိတဲ့ အာဆင်နယ်ကဂိုးတွေသွင်း ထားရာမှာ မန်စီးတီး
ပြီးရင်ဒုတိယ အကောင်းဆုံး တိုက်စစ်အသင်း ဘာကြောင့်ဖြစ်နေရတာပါလဲ။ အာဆင်နယ်ရဲ့
ကွင်းလယ်က အကောင်းဆုံး ဖြစ်နေလို့ပဲ ဆိုတာတွေ့ရမှာပါ။ အာဆင်နယ် အမှတ်ပေးဇယားမှာ
ထိပ်ဆုံးက ဦးဆောင်နေတာ၊ ချန်ပီယံ လိဂ်မှာရမှတ် ၁၂ မှတ်ရထားတာ တွေဟာ အာဆင်နယ်
ကွင်းလယ်ရဲ့ အကောင်းဆုံးအခြေအနေကြောင့်သာ ဖြစ်တယ်ဆိုတာက ထင်ရှားနေခဲ့ ပါတယ်။

အခုနောက်ပိုင်းမှာ ဥရောပကလပ် အသင်းအများစုဟာ ၄ဪ၂ဪ၃ဪ၁ ကစား ကွက်
ကို ဦးစားပေးကစားလာတဲ့ အတွက် တိုက်စစ်မှူးတွေရဲ့ အရေးပါ မှု ဟာ နည်းပါးလာခဲ့ပြီး တိုက်
စစ် အားသန်တဲ့ ကွင်းလယ်ကစားသမား တွေဟာ နေရာယူလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ အာ
ဆင်ဝင်းဂါးဟာလည်း တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်
၀င်းဂါးဟာ တိုက်စစ်မှူးရှားပါးနေတဲ့ တိုင်အောင် တိုက်စစ်မှူးမဖြည့်ဘဲ ကွင်းလယ်ကစားသမား
အိုဇေးလ်နဲ့ ဖလာမီနီကိုပဲ ဖြည့်တင်းလိုက်ခြင်းက သူဟာ အာဆင်နယ်ကွင်းလယ်ကို အတောင့်
တင်းဆုံးဖြစ်အောင် ပြင်ဆင် အားဖြည့်လိုက်ပါတယ်။

အာဆင်နယ်ရဲ့ ကွင်းလယ်ဟာ လုံလုံလောက်လောက် ကို ရှိသွားတဲ့ ပြင်ဆင်မှုဖြစ်ပြီး ဒီရာသီ
အတွက် ကွင်းလယ်ကိုပဲ အားကိုး ပြင်ဆင်ကစားမယ်ဆိုတဲ့ သဘောကို ရောက်သွားခဲ့ပါတယ်။
ဒီလိုလုံလောက် သွားလို့လည်း ပိုဒေါစကီး၊ ချိန်ဘား လိန်း၊ ၀ဲလ်ကော့ဒ်တို့ ဒဏ်ရာရနေ သည့်
တိုင်အောင် အာဆင်နယ်ကွင်း လယ်ဟာ တောင့်တင်းနေခဲ့တာဖြစ် ပါတယ်။

အာဆင်နယ်ဟာ စေျျငညါါောန ကို ဦးစားပေးကစားတာ နှစ်အတော်ကြာလာပါပြီ။ ဒီနှစ်မှာလည်း
သူ့ရဲ့ စေျျငညါါောန ကစားဟန်ကို ပိုပြီး ပီပြင်အောင် အာဆင်ဝင်းဂါးဟာ တည်ဆောက်ထားခဲ့
သလို ဖြတ်တင် ဘောတွေကိုလည်း ကစားခိုင်းလာတဲ့ အတွက် အာဆင်နယ်ရဲ့တိုက်စစ်ဟာ
တိုက်စစ်မှူးကို အားကိုးခြင်းထက် ကွင်းလယ်က ပိုပြီးအရေးပါလာစေခဲ့ ပါတယ်။

အာဆင်နယ်မှာ တိုက်စစ်က ဂျီရောက်ရဲ့အရေးပါမှုထက် ကွင်းလယ်က ပိုပြီးအရေးပါနေအောင်
တည်ဆောက်ထားခဲ့ပါတယ်။ ဒါကြောင့် လည်း ရမ်ဆေးဟာ ဒီနှစ်မှာ ထူးထူး ချွန်ချွန်ဖြစ်လာခဲ့ရ
တာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အိုဇေးလ်ရောက် လာပြီး သူ့ရဲ့တိကျသေချာတဲ့ပံ့ပိုးမှု
တွေက ကွင်းလယ်သမားတွေ ဂိုးသွင်း နိုင်ဖို့ဖြစ်လာသလို နောက်တန်းက မာတီ ဆက်ကာ၊
ကိုဆီယယ်နီတို့ ဂိုးသွင်းလာနိုင်စေခဲ့ပါတယ်။

တစ်နည်း အားဖြင့် အာဆင်နယ်တိုက်စစ်ဆိုတာ ကွင်းလယ်ငါးယောက်နဲ့ တိုက်စစ် တစ်ယောက်
တို့ ပေါင်းစပ်ထားတဲ့ တိုက်စစ်တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီပုံစံက ဘာစီလိုနာပုံစံမျိုးပဲဖြစ်ပါ
တယ်။ ဘာစီလိုနာမှာလည်း မက်ဆီ ထင်ထင်ရှားရှားဖြစ် ပေမယ့် တိုက်စစ်ကို ကွင်းလယ်က
လိုက်ပါအားဖြည့်ကစားနေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ကွဲပြား သွားတာက ဘာစီလို
နာက သူတို့ ကိုယ်ပိုင်ဟန်နဲ့ တည်ဆောက်ထား သလို အာဆင်ဝင်းဂါးကလည်း သူ့ ကိုယ်ပိုင်ဟန်
နဲ့ တည်ဆောက်ထား ခြင်းပဲဖြစ်ပါတယ်။

အာဆင်ဝင်းဂါး ဟာ ကွင်းလယ်ငါးယောက်ကို တိုက်စစ် က ဂျီရောက်နဲ့ နောက်တန်းခံစစ်တို့ ကြား
ကို ဟန်ချက်ညီအောင် တည် ဆောက်ထားပုံရခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်နဲ့ ခံစစ်က ဟန်ချက်
ညီနေ ခဲ့ပါတယ်။ ဒါဟာအာဆင်နယ် ကွင်းလယ်ငါးဦးရဲ့ framework ပဲဖြစ် ပါတယ်။ ခံစစ်အကူမှာ
အာတီတာ တစ်ယောက်သာ ပုံသေနီးပါးရှိထား ပေမယ့် တခြားသော ရမ်ဆေး၊ ဖလာ မီနီ၊ ၀ီလ်ရှီ
ယာတို့ဟာ တိုက်စစ်ကို ရော၊ ခံစစ်ကိုပါ လိုက်ပါကစားစေခဲ့ ပါတယ်။ သာဓကအနေနဲ့ ကာဒစ်ဖ်
ပွဲမှာ ဂိုးတွေသွင်းခဲ့တဲ့ ရမ်ဆေး၊ ဖလာ မီနီတို့ပဲ ဖြစ်ပါတယ်။ ဒီလို framework မျိုးကို ချယ်လ်ဆီး၊
မန်ယူတို့ဟာ အခု ထိ တည်ဆောက်ထားနိုင်ခြင်း မရှိကြ သေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ပွဲ တွေ
ဟာ တစ်ပွဲတစ်မျိုးဖြစ်နေရတာပဲဖြစ်ပါတယ်။

မနှစ်က ကာဇိုလာဟာ အခရာဖြစ် ပေမယ့် ဒီနှစ်မှာတော့ ရမ်ဆေး၊အိုဇေးလ် တို့နှစ်ဦးက အခရာ
ဖြစ်နေပါတယ်။ ရမ်ဆေး၊ အိုဇေးလ်ပါရင် အမှတ်ရရှိမှု က အာဆင်နယ်မှာ တခြားသူတွေထက်
ပိုနေတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါ တယ်။ ဘောလုံးရာသီက သုံးပုံတစ်ပုံ သာ ရှိသေးတာ
ကြောင့် တကယ်လို့သာ ဒီနှစ်ယောက်ဆုံပြီး ဒဏ်ရာရသွား တာမျိုး ကြံုလာရင်တော့ အခက်
တွေ့ သွားမယ့်အနေအထားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှာ ဒီနှစ်ယောက် ဟာ အခရာဖြစ်သွားပြီးတဲ့နောက်မှာ တော့ ခံစစ်အကူကွင်းလယ်ကို
ပြန်ကြည့် လိုက်ရင် အာတီတာ၊ ရမ်ဆေးဆိုတာကို ပြန်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒေါ့မွန် ကို
အဝေးကွင်းမှာ အာဆင်နယ် အနိုင်ရတဲ့ပွဲက တိုက်စစ်နဲ့ ခံစစ်ရဲ့ ဟန်ချက်ညီမှုကြောင့်ဆိုတာကို
တွေ့ရ မှာပဲ ဖြစ်ပါတယ်။

ခံစစ်ကြောင်းမှာ အချိန်အတော်ကြာ ရှိထားပေမယ့် တန်ပြန်ထိုးဖောက်မှုတစ်ကြိမ်မှာဂိုးတစ်ဂိုး
ရသွားခြင်းဟာ အာဆင်နယ် ကွင်းလယ် framework ကောင်းလို့ ကြောင့်ဆိုတာ ထင်ရှားတဲ့
သက်သေ ဖြစ်နေပါတယ်။ မန်ယူကိုရှုံးတဲ့ပွဲက တော့ ကွင်းလယ်ကို အပြစ်တင်လို့မရ နိုင်ပါဘူး။

သွင်းသွားတာက ထောင့် ကန်ဘောကနေဖြစ်လို့ပါ။ ဒေါ့မွန်ကို အိမ်ကွင်းမှာ ရှုံးတဲ့ပွဲကသာ ကွင်း
လယ် framework မငြိမ်ခဲ့တာကို တွေ့ရ မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆင် ၀င်းဂါးဟာ ဒီပွဲ
အပြီးမှာ သူ့ကစားသမားတွေကို အပြစ်တင်သွားတာဖြစ်ပါတယ်။ ကွင်းလယ်က အာတီတာရဲ့
သြဘ နဲ့ပတ်သက်ပြီး အာဆင်ဝင်းဂါးဟာ အကောင်းဆုံးဖျက်အားနဲ့ အကောင်း ဆုံး စေျျ ဖြစ်ဖို့
ကိုပဲ စေခိုင်းထားပြီး ရမ်ဆေးကိုကျတော့ တိုက်စစ်နဲ့ ခံစစ် ကို ဟန်ချက်ညီအောင်ကစားခိုင်းခဲ့
တယ်လို့ ဖော်ပြထားခဲ့ကြပါတယ်။

အိုဇေးလ်ကိုတော့ ဖျက်အားထက် ဖန်တီးပေးမှုအပိုင်းကို ဦးစားပေးထားခဲ့လို့ ဖျက်အားပိုင်းမှာ
အိုဇေးလ်ဟာ ပျော့နေ သလိုဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကတာဝန်ယူရတဲ့ ဖန်တီး
ပေးမှုအပိုင်းမှာတော့ အိုဇေးလ်ဟာအကောင်းဆုံးတွေကို လုပ်ပြပေးနေခဲ့ ပါတယ်။

ကာဇိုလာကိုကျတော့ ဘယ်ခြမ်းမှာ အာတီတာနဲ့ ချိတ်ဆက်ဖို့နဲ့တိုက်စစ် မှာ ရမ်ဆေး၊ ၀ီလ်ရှီယာ
တို့နဲ့ ချိတ်ဆက်နိုင်အောင် တာဝန်ပေးထား ခဲ့တာဖြစ်ပါတယ်။ နောက်တန်းက ဆက်ဂ်နာကျတော့
တိုက်စစ်လိုက်သွားရင် ဖြတ်တင်ဘောတွေပေးဖို့ တာဝန်ပေးထားတာပါ။ ဒါကြောင့်ဆက်ဂ်နာ
တိုက်စစ်လိုက်ပြီး ဘောလုံး ရပြီဆိုရင် ဖြတ်တင်ဘောပေးတော့ မယ်ဆိုတာ သေချာနေခဲ့ပါတယ်။

ဒီလို အာဆင်နယ်ရဲ့ကွင်းလယ် framework ကို တည်ဆောက်ထားနိုင်တာကြောင့် လည်း
အာဆင်နယ်ဟာ တိုက်စစ်မှူး တစ်ယောက်တည်းရှိနေသည့်တိုင် အောင် ဂိုးတွေသွင်းပြီးရသင့်တဲ့
အမှတ် တွေကိုရအောင်ယူနေခဲ့တာပဲ ဖြစ်ပါ တယ်။ အာဆင်နယ်ရဲ့ ကွင်းလယ်ဟန်ချက်ညီနေမှု
က ပိုပြီးရင့်ကျက်လာဖွယ်ရှိနေတဲ့အတွက် အာဆင်နယ်ဟာ ဘွတ်ကီဒိုင်တွေ လျှော့တွက်ထားခြင်း
ကနေ ရုန်းထွက်ပြီး ချန်ပီယံဖလားကို ရယူနိုင်ဖို့က ဖြစ်လာနိုင်တယ်လို့ ယူဆနေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး