မန်ယူ - နယူးကာဆယ်
မန်ယူကွင်းဆိုတော့ မန်ယူက အပေါ်စီးမှာရှိနေပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစား ရမယ့်အချက်က
ဂိုးပြတ်အနိုင်ရနိုင်မလားဆိုတာပဲဖြစ်ပါတယ်။ နယူးကာဆယ် က တိုက်စစ်ကောင်းတဲ့အသင်း
ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နယူးကာဆယ် တစ်ဂိုးသွင်းနိုင်စွမ်းရှိတဲ့ပွဲဖြစ်ပါတယ်။ နယူး
ကာဆယ်က နေရမှာပါ။
လီဗာပူး - ၀က်စ်ဟမ်း
လီဗာပူးက အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပါတယ်။ အခုလိုပွဲကျပ်ကာလမှာ ထိပ်တန်းကစား
သမားတွေရဲ့ အရည်အသွေးက စကားပြောလာတော့မှာဖြစ်ပါ တယ်။ ၀က်စ်ဟမ်းက အဝေး
ကွင်းမှာ သရေလောက်ပဲ ခံကစားနိုင်တဲ့အသင်း ဖြစ်ပါတယ်။ လီဗာပူး နှစ်ဂိုးပဲပြတ်နိုင်ပါတယ်။
သုံးဂိုးတော့ ပြတ်မှာမဟုတ်ပါဘူး။
အာဆင်နယ် - အဲဗာတန်
အာဆင်နယ်ရဲ့ ပွဲကျပ်တစ်ပွဲပဲဖြစ်ပါတယ်။ အာဆင်နယ်ကစားပုံတည်ငြိမ် ပေမယ့် အဲဗာတန်
တိုက်စစ်က ဂိုးသွင်းနိုင်စွမ်းရှိတာက အာဆင်နယ် ဂိုးပြတ် အနိုင်ရဖို့အတွက် ခက်ခဲစေမှာကို
သတိပြုရမှာဖြစ်ပါတယ်။ အာဆင်နယ် ဂိုးပြတ်အနိုင်ရဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့်အဲဗာ
တန်ကိုပဲကြိုက်ပါတယ်။
ဆောက်သမ်တန် - မန်စီးတီး
အိမ်ကွင်းကစားအားကောင်းတဲ့ ဆောက်သမ်တန်ကို စောင့်ကြည့်ရမှာဖြစ်ပါ တယ်။ မန်စီးတီး
အနေနဲ့ အဝေးကွင်းနှစ်ပွဲဆက်တိုက် ကစားရတဲ့အတွက် ပွဲပန်းနေမလားဆိုတာကို ထည့်တွက်
ရပါမယ်။ မန်စီးတီးနိုင်မယ်ဆိုရင်လည်း ဂိုးမပြတ်နိုင်တဲ့ ပွဲဖြစ်ပါတယ်။ သရေတောင်ကျသွားနိုင်
တဲ့ပွဲဖြစ်ပါတယ်။
စတုတ် - ချယ်လ်ဆီး
စတုတ်ကဒီနှစ်မှာ ကစားပုံမကောင်းလှပေမယ့် အိမ်ကွင်းဆိုရင် ကစားအား တင်ကစားတတ်တဲ့
အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးအသာစီးရနိုင်တယ်ထင်ရ ပေမယ့် ခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်
ပါတယ်။ နိုင်မယ်ဆိုရင်လည်း ဂိုးမပြတ် နိုင်လို့ စတုတ်ကိုပဲကြိုက်ပါတယ်။
ဆန်းဒါးလန်း - စပါး
ဆန်းဒါးလန်းနဲ့ဖြစ်နေတဲ့အတွက် စပါးနိုင်မှာပဲလို့တော့ တွက်ဆလို့မရပါဘူး။ အိမ်ကွင်းဆိုရင် ဆန်း
ဒါးလန်းစိတ်ဓာတ်က ပိုကောင်းပါတယ်။ စပါးကို ယုံကြည် ရန် မသင့်တဲ့ပွဲဖြစ်ပါတယ်။
၀က်စ်ဘရွန်း - နော်ဝစ်ချ်
ဒီပွဲက ခြေသိပ်ပြီးကွာတဲ့အသင်းတွေ မဟုတ်ပါဘူး။ အပြန်အလှန်ထိုးဖောက် ကစားနိုင်တဲ့ပွဲဖြစ်
လာနိုင်ပါတယ်။ ခံစစ်အားမှာ ၀က်စ်ဘရွန်းက ပိုကောင်း ပါတယ်။ အိမ်ရှင်ကိုရွေးရမှာ ဖြစ်ပါ
တယ်။
ခရစ္စတယ် - ကာဒစ်ဖ်
ခရစ္စတယ်ဟာ အိမ်ကွင်းနှစ်ပွဲဆက်တိုက်ကစားရတာဖြစ်လို့ ဒီပွဲကို ကစားအား ပိုပြီးတင်လာနိုင်
ပါတယ်။ ကာဒစ်ဖ်က အဝေးကွင်းနှစ်ပွဲဆက်တိုက်ကစားရတာ ဖြစ်ပါတယ်။ ခရစ္စတယ်အနိုင်နဲ့
ဂိုးအနည်းကိုရွေးတာ အကောင်းဆုံးပါ။
ဖူလ်ဟမ် - ဗီလာ
ဒီနှစ်သင်းလည်းခြေမကွာကြပါဘူး။ အပြန်အလှန်ထိုးဖောက်ကစားလာနိုင်တဲ့ ပွဲဖြစ်ပါတယ်။
ဖူလ်ဟမ်ကတော့ ရှုံးကောင်းနေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဗီလာ အနေနဲ့ သရေခံကစားနိုင်
စွမ်းရှိနေပါတယ်။ ဗီလာက နေရမယ့်ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ဟားလ်စီးတီး
ဆွမ်ဆီးအနေနဲ့ နှစ်ပွဲဆက်တိုက် အိမ်ကွင်းမှာ ကစားရတာဖြစ်လို့ အခွင့်ကောင်း ရထားပါတယ်။
ဟားလ်စီးတီးက ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပါတယ်။ ဟားလ်စီးတီး ရှုံးပွဲကြံုမယ့်ပွဲဖြစ်ပါ
တယ်။














