ဩစတြေးလျနိုင်ငံမြို့တော် ဆစ်ဒ်နီရဲ့ နာမည်ကျော် Royal Sydney Golf Club မှာ ကျင်းပပြီးစီး
ခဲ့တဲ့ ဩစတြေးလျ အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲဟာ မြောက်အိုင်ယာလန်ပရိသတ်တွေအတွက်
စိတ်ချမ်းမြေ့မှုကို ဆောင်ကြဉ်း ပေးနိုင်ခဲ့သလို ၂၀၁၃ ထဲမှာ အောင်ပွဲ တစ်ပွဲမှမရရှိသေးတဲ့ ဂေါက်
သီးစူပါ စတား မက်အီရွိုင်းအတွက်လည်း ပွဲဦးထွက်ချန်ပီယံဆုဖလား ပိုင်ဆိုင် ခွင့်ရခဲ့တာကြောင့်
မက်အီရွိုင်းရဲ့ တစ်ကျော့ပြန်အောင်ပွဲခရီးအစပါလို့ ESPN ကောင်းချီးပေးလာခြင်းပဲဖြစ်ပါတယ်။
တစ်ချိန်က ကမ္ဘာ့နံပါတ်(၁)နေရာ ကို ပိုင်ဆိုင်ခဲ့သူ မက်အီရွိုင်းအတွက် ၂၀၁၃ ဟာ ခက်ခဲကြမ်း
တမ်းတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပေမယ့် အခု Sweet December လဦးမှာတော့ ဆန်တာကလော့စ်
ရဲ့ လက်ဆောင်လို့ ဆိုနိုင်တဲ့ ဩစတြေးလျအိုးပင်းဆုဖလားကို ထွေးပွေ့ခွင့်ရခဲ့ပြီး ၂၀၁၄ ပြိုင်ပွဲ
ပွဲစဉ်တွေအတွက် ခွန်အားသစ်တွေရရှိသွားခဲ့တာ အမှန်ပါလို့ ဖွသူတွေ ကလည်း ဖွနေကြပါတယ်။
PGA Tour of Australasia ပြိုင်ပွဲ ပွဲစဉ်တစ်ရပ်ဖြစ်တဲ့ ဒီဩစတြေးလျ အိုးပင်း ဂေါက်သီးရိုက်ပြိုင်
ပွဲဟာ ၁၉၀၄ ခုနှစ်ကာလကတည်းက စတင် ကျင်းပလာခဲ့တဲ့ သက်တမ်းရှည် ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး
၇၂ ကျင်း ယှဉ်ပြိုင်ရတဲ့ ထိပ်တန်းပြိုင်ပွဲ ပဲဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ရပ် လုံးအတွက် ဆုကြေးငွေစုစု
ပေါင်း ဩစတြေးလျဒေါ်လာ ၁၂ သန်း ချီးမြှင့်ပြီး ဗိုလ်စွဲသူအတွက် Stone Haven Cup ဆုဖလား
ကို သီးသန့် ချီးမြှင့်ခဲ့တာ နှစ်စဉ်ပဲဖြစ်ပါတယ်။
အခုနှစ်မှာ လက်စွမ်းလက်စတွေ ပျောက်ဆုံးခဲ့ရပြီး ဝေဖန်မှုအချို့နဲ့ ကြံုတွေ့ခဲ့ပေမယ့် မတည်မြဲ
တဲ့ လောကဓံ သဘောတရားကို သဘောပေါက်၊ ဇွဲမလျှော့ခဲ့သူ ဟာ ကမ္ဘာကျော်တွေချည်း ပါ၀င်
လက်စွမ်းပြခဲ့တဲ့ ဆစ်ဒ်နီမြေ ပြိုင်ပွဲမှာ အကောင်းဆုံးလက်စွမ်း ကို ပြန်လည်ရရှိခဲ့ပြီး လေးရက်တာ
စုစုပေါင်းရိုက်ချက် ၂၇၀ နဲ့ သတ်မှတ် ရိုက်ချက်အောက် ၁၈ ချက် လျော့ ရိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်
ဝေးကွာ နေတဲ့ ချန်ပီယံဆုဖလားကို နမ်းရှိုက်ခွင့် ရခဲ့ပြီပဲဖြစ်ပါတယ်။
ပူပူနွေးနွေး ဩစတြေးလျအိုးပင်း ချန်ပီယံ မက်အီရွိုင်းဟာ တိုက်ဂါးဝုဒ်စ် ပိုင်ဆိုင်ထား တဲ့
ပြိုင်ဘက် ကင်း နံပါတ်(၁) နေရာကို ပြန်လည် လှမ်းဆွတ် နိုင်မလားဆိုတာက လည်း ဂေါက်သီး
ကမ္ဘာ မှာ တာစားတဲ့ ပုစ္ဆာတစ်ပုဒ် ပါပဲ။ 2012 European Tour မှာ ဆုကြေးအမြင့်ဆုံး ယူရိုငါး
သန်းကျော် ရရှိခဲ့သလို PGA Tour မှာ လည်း အမြင့်ဆုံး ဒေါ်လာ ရှစ်သန်းကျော်ရရှိပြီး အောင်လံ
လွှင့်ခဲ့သူဟာ အခု ၂၀၁၃ ကာလမှာတော့ ပြိုင်ပွဲပွဲစဉ်နှစ်ရပ်ပေါင်း ဆုကြေးက သုံးသန်းနီးပါး ပဲရရှိ
ခဲ့တာဟာလည်း မက်အီရွိုင်း ပရိသတ်တွေအတွက် မချင့်မရဲဖြစ်စရာပါပဲ။ ၂၀၁၂ မှာ အောင်မြင်မှု
အထွတ်အထိပ်ကို ရောက်ရှိခဲ့သလို ဘက်ကင်ဟမ်နန်းတော်က ချီးမြှင့်တဲ့ MBE Award ကို ပိုင်
ဆိုင်ခွင့်ရခဲ့သူ ဟာ ၂၀၁၃ ကို အောင်ပွဲနဲ့ နှုတ်ဆက်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၆)နေရာမှာ ရပ်တည်နိုင်
တာကိုတော့ အသိအမှတ်ပြုချီးကျူးရမှာပဲ မဟုတ်ပါလား။
မြောက်အိုင်ယာလန်ငွေကြယ်ပွင့် ရဲ့ ၂၀၁၄ အောင်ပွဲခရီး ကို၊စောင့်မျှော်အားပေးရင်း ကမ္ဘာ ကျော်
ကျားလေးရဲ့နံပါတ်(၁)သရဖူကို မက်အီရွိုင်း တစ်ကျော့ပြန် ပြန်လည် လက်လွှဲယူနိုင်ဦးမလားဆို
တဲ့ ပဟေဠိကို အဖြေညှိရင်း...။















