အန်ဆယ်လော့တီရဲ့ရီးယဲလ် လမ်းမှန်ပေါ်ကိုရောက်နေပြီ

အန်ဆယ်လော့တီရဲ့ရီးယဲလ် လမ်းမှန်ပေါ်ကိုရောက်နေပြီ

ဒီတစ်ပတ်တော့ လာလီဂါပွဲတွေနား တယ်။ စပိန်ဘုရင့်ဖလားလို့ ခေါ်တဲ့ ကိုပါဒယ်ရေးပွဲတွေ
စတော့မှာဖြစ်လို့ လာလီဂါပွဲတွေကို စောင့်ကြည့်ရဖို့မရှိ တော့ဘဲ ကိုပါဒယ်ရေးပွဲတွေနဲ့ပဲ ကျေနပ်
ရဖို့ရှိနေတယ်။ လက်ရှိလာလီဂါ ပွဲတွေကိုကြည့်လိုက်ရင်လည်း တဖြည်း ဖြည်းနဲ့ အရှိန်ရလာ
သလိုတွေ့ရလို့ အခုလိုကြားထဲမှာ တစ်ပတ်ပြတ်သွား တဲ့အခါမျိုးမှာ ပရိသတ်ရဲ့စိတ်ဝင်စားမှု
အရှိန်ကို နည်းနည်းတော့ တုံ့ဆိုင်းသွားစေခဲ့တယ်။

ဒီရာသီလာလီဂါမှာ ဘာစီလိုနာဟာ လက်ရှိအချိန်အထိတော့ အမှတ်ပေး ဇယားထိပ်ဆုံးက
ဦးဆောင်နေနိုင် ပေမယ့် မက်ဒရစ်နှစ်သင်းဖြစ်တဲ့ အလက်တီကိုနဲ့ ရီးယဲလ်တို့ရဲ့နောက်
ကလိုက်ပြီး ဖိအားပေးနေမှုဟာ တဖြည်းဖြည်းနဲ့ အရှိန်တက်လာသလို တွေ့ရတယ်။

အထူးသဖြင့် ရီးယဲလ်ရဲ့ လက်ရှိခြေစွမ်းဟာ သူ့အပေါ်မှာရှိနေ တဲ့ နှစ်သင်းစလုံးကို အတိမ်း
အစောင်းမလုပ်မိစေနဲ့လို့ ကြိုပြီးသတိပေးထားနိုင်တဲ့ ခြေစွမ်းမျိုးကို ရစပြုလာပါပြီ။ ရီးယဲလ်
ဟာ လာလီဂါမှာ ဘာစီ လိုနာကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့ နောက်မှာတော့ ကစားပုံ သိ
သိသာသာ ပြောင်းလဲလာတာတွေ့ရတယ်။ ကစားပုံ ပိုအားပါလာသလို တိုက်စစ်အားက
လည်း အားပိုကောင်းလာခဲ့ပြီး နည်းပြ အန်ဆယ်လော့တီအနေနဲ့လည်း ရီးယဲလ်ကို စကိုင်
ကတည်းက ပြောခဲ့ သလို အသင်းကို တိုက်စစ်အားပြုတဲ့ကစားဟန်နဲ့ ပုံဖော်မယ်ဆိုတဲ့အတိုင်း
ဖြစ်လာနေပြီလို့ ပြောလို့ရနေတယ်။

ရီးယဲလ်ဟာ ဘာစီလိုနာကို ရှုံးခဲ့ရတဲ့နောက်ပိုင်းမှာ ပထမဦးဆုံး စကစား ခဲ့တဲ့ ဆီဗီလာနဲ့ပွဲက
စလို့ ဂိုးသွင်းနှုန်း တွေ သိသိသာသာအားကောင်းလာခဲ့ပြီး ဆီဗီလာ၊ ရာယို၊ ဆိုစီဒက်၊ အယ်လ်
မီရီယာနဲ့ ဗယ်လာဒိုးလစ်အသင်းတွေကို တောက်လျှောက် အနိုင်ယူပြနိုင်ခဲ့ပြီး အဲဒီ ငါးပွဲကနေ
စုစုပေါင်း သွင်းဂိုး ၂၄ ဂိုး အထိတောင် သွင်းပြထားနိုင်ခဲ့လို့ ရီးယဲလ်ရဲ့တိုက်စစ်အားဟာ သိသိ
သာသာကို အားကောင်းနေတယ်ဆိုတာ ပြထားနိုင်တယ်။

ကွင်းလယ်မှာ အားကိုးရတဲ့ ခီဒီရာနာသွားတဲ့အချိန် ရီးယဲလ်ကွင်းလယ်ကစားပုံ အားပျော့ သွား
မယ်လို့ ထင်ခဲ့မိပေမယ့်လည်း ခီဒီရာမကစားနိုင်တဲ့အချိန်မှာ ဆိုစီဒက်ကနေခေါ်ထားတဲ့ အီယာ
ရာမန်ဒီ ဟာ အလွန်ဆိုနဲ့တွဲပြီး ကွင်းလယ်မှာ အကောင်းဆုံးကစားပြနိုင်ခဲ့လို့ ရီးယဲလ်ကွင်းလယ်
ကစားပုံဟာ ခံစစ်ပိုင်းမှာပါ ပိုပြီးတည်ငြိမ်လာသလိုလည်း တွေ့ရ တယ်။


 

သူတို့အတွဲကစားခဲ့တဲ့နှစ်ပွဲ စလုံးမှာ ရီးယဲလ်အသင်း ပေးဂိုးမရှိ ခဲ့တာကိုကြည့်ရင် ခီဒီယာကစား
နေစဉ် ကထက် ခံစစ် ပိုင်းကို ပိုပြီး အထောက် အကူပေးလာနိုင်တဲ့ပုံမျိုး ပေါ်လာ တယ်။ ဒါဟာ
နည်းပြအန်ဆယ်လော့ တီ အတွက်တော့ ကျေနပ်စရာတစ်ခုပါပဲ။ အန်ဆယ်လော့တီအတွက်
နောက်ထပ် ကျေနပ်စရာတစ်ခုကတော့ ရီးယဲလ်ရဲ့ နောက်ပိုင်းနိုင်ပွဲတွေမှာ အသင်းအတွက်
အဓိကဂိုးတွေသွင်းပေးနေတဲ့ရော်နာဒို ဒဏ်ရာရလို့ နားနေရတဲ့အချိန်မှာ စံချိန်တင်ပြောင်းရွှေ့
ကြေးနဲ့ခေါ်ထား တဲ့ ဘေးလ်ကပါရော်နာဒိုမရှိလည်း ရီးယဲလ်အတွက် ဂိုးရဖို့ သိပ်ပြီးပူပန်စရာ
မလိုဘူးဆိုတာ ပြသနိုင်တဲ့အနေနဲ့ အသင်းအတွက် ဂိုးတွေသွင်းပေးလာတာကိုတွေ့ရတယ်။

ရီးယဲလ်ဟာ ဂျူဗင်တပ်နဲ့ကစားခဲ့တဲ့
ချန်ပီယံလိဂ်ပွဲ အပါအဝင် ရီးယဲလ်အတွက် နောက်ဆုံး သုံးပွဲမှာ ငါးဂိုးအထိ သွင်းပြထားပြီး အန်
ဆယ်လော့တီရဲ့ အသင်းအတွက် ဂိုးရဖို့ တိုက်စစ်ပိုင်းမှာ သူ့ကိုလည်းအားကိုးလို့ရတယ်ဆိုတဲ့
အကြောင်း ကောင်းကောင်းပြနိုင်ခဲ့တယ်။

ဒါဟာ အန်ဆယ်လော့တီအတွက်တော့ သူ့ အသင်းရှေ့ရေးအတွက် အားရစရာလို့ ပြောနိုင်တယ်။
တကယ်တမ်းရီးယဲလ်ကို ပြန်ကြည့် ပြန်ရင်လည်း တိုက်စစ်ပိုင်းမှာ အိုဇေးလ် ကိုရောင်းထုတ်လိုက်
ပေမယ့် လက်ရှိတိုက်စစ်အင်အားစုဟာ အားကောင်း ဆဲပဲဖြစ်တယ်။ ရော်နာဒို၊ ဘန်ဇီမာ၊ ဘေးလ်၊
ဒီမာရီယာ၊ မိုဒရစ်၊ ဇာဘီအလွန်ဆိုတို့လို ၀ါရင့်ကစားသမားတွေရှိနေတဲ့အပြင် ခေါ်ယူထားတဲ့
ကစားသမားသစ်တွေကလည်း ရီးယဲလ် ရဲ့ တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့သူတွေ ဖြစ်နေကြတယ်။

ဒါ့ပြင် အသင်းမှာရှိတဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဂျေစီး၊ မိုရာတာတို့လို ကစားသမား
တွေကလည်း အန်ဆယ်လော့တီရဲ့ လိုအပ်ရင်လိုအပ်သလို ပွဲထွက်အသုံးပြု ပေးပုံတွေကြောင့်
အသင်းအတွက် အရေးပါတဲ့အချိန်မှာ ထုတ်သုံးလို့ရတဲ့ ကစားသမားမျိုးတွေဖြစ်လာတာက
လည်း ရီးယဲလ်ရဲ့တိုးတက်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ အန်ဆယ်လော့တီဟာ ရာသီအစ
ရီးယဲလ်ကွင်းလယ်မှာ မိုဒရစ်ထက် အစ္စကိုကို ဦးစားပေးပွဲထုတ်ကစားခဲ့ ပြီး အစ္စကိုကလည်း
အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို သွင်းပေးနိုင် ခဲ့လို့ ပုံမှန်နေရာရတော့မယ်လို့ ထင်ခဲ့
ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ အန်ဆယ်လော့တီဟာ အစ္စကို ကို အနားပေးပြီး ပိုပြီး
၀ါရင့်တဲ့ မိုဒရစ်ကို ကွင်းလယ်အတွက် ပိုအသုံးချလာခဲ့ တယ်။

ဒါကြောင့်လည်း မီဒီယာတချို့ က ပေါင်သန်း ၆၀ ကျော်နဲ့ ၀ယ်ယူထား တဲ့ စပိန်ကစားသမားနှစ်
ယောက်ဖြစ် တဲ့ အစ္စကိုနဲ့ အီယာရာမန်ဒီတို့ကို အရန်ခုံမှာ အဓိကထိုင်ခိုင်းခဲ့တဲ့ အန်ဆယ်လော့
တီအပေါ် ဝေဖန်မှု အချို့ ရှိခဲ့ပေမယ့်လည်း အန်ဆယ်လော့တီဟာ သူလိုချင်တဲ့ပုံစံကို မရရအောင်
ပုံဖော်ကစားစေခဲ့တယ်။

ကွင်းလယ်မှာ ခီဒီရာ၊ ဇာဘီအလွန်ဆို၊ မိုဒရစ် တို့ကို အဓိကထား သုံးခဲ့တဲ့နေရာမှာ ရီးယဲလ်ရဲ့
ကစားပုံဟာ အသင်းတိုက်စစ် အတွက် ပိုပြီးထိရောက်မှုရှိအောင် လုပ်ပြနိုင်ခဲ့တာမှန်ပေမယ့်လည်း
ခံစစ် ပိုင်းကို အားပြုရာမှာတော့ အားနည်းမှု ရှိနေခဲ့သေးတယ်။ အခု အီယာရာမန်ဒီကစားနိုင်တဲ့
အချိန်ကျမှသာ ရီးယဲလ်ရဲ့ ကွင်းလယ်ကစားပုံဟာ တိုက်စစ်ခံစစ်ဟန်ချက်ပိုညီသွား သလို တွေ့
နေရတဲ့အပြင် မိုဒရစ်ကို အနားပေးချင်လို့ အစ္စကိုကို ထည့်သုံးတဲ့အခါမျိုးမှာ လည်း အစ္စကိုရဲ့
ပုံမှန် နေရာရလိုမှုအတွက် ပိုပြီးညှစ်ကစားလာမှုဟာ ရီးယဲလ်အသင်းရဲ့ကစားကွက်ကို ပိုပြီး
အထောက်အကူပြုလာ တာလည်း တွေ့နေရတယ်။

ဒါဟာ အန်ဆယ်လော့တီရဲ့ အတွေ့အကြံုနဲ့ ပါးနပ်မှုတစ်ခုလို့ ပြောနိုင်တယ်။ နေရာ တစ်နေရာ
အတွက် အပြိုင်ကစားသမား တွေဆီက စွမ်းရည်ကို အကုန်လုံးရ အောင် အသုံးချနိုင်ခဲ့တာက
အန်ဆယ် လော့တီရဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲ။ ရီးယဲလ်ရဲ့ ဒီရာသီအဓိကအားနည်း မှုကိုပြပါဆိုရင်
ခံစစ်ကြောင်းကိုပဲ လက်ညှိုးညွှန်ပြရမလိုပါပဲ။ ဂိုးသမား နေရာမှာ ကားဆီးလက်စ်နဲ့ ဒီယေဂို
လိုပက်ဇ်တို့နှစ်ဦးကို ပြိုင်ဆိုင်ခိုင်းထား တဲ့အပြင် ခံစစ်ကြောင်းမှာလည်း အန်ဆယ်လော့တီ
အဓိကအားကိုးတဲ့ သူဟာ ပီပီဖြစ်နေတယ်။

ပီပီဟာ ဒီရာသီပုံမှန်ခြေစွမ်းမရပေမယ့်လည်း အန်ဆယ်လော့တီက ပီပီကို ပုံမှန် သုံးပြီး ကျန်တဲ့
ခံစစ်မှူးတွေကိုတော့ အပြောင်းအလဲတွေ မကြာခဏ ဆို သလို ပြုလုပ်လေ့ရှိလို့ ရီးယဲလ်ရဲ့ ခံစစ်
ကြောင်းတည် ငြိမ်မှုဟာ လိုအပ်ချက်တွေများနေ ခဲ့တယ်။ အထူးသဖြင့် ရီးယဲလ်အတွက် အား
ကိုးရတဲ့ ရာမို့စ်ဟာ အန်ဆယ်လော့တီလက်ထဲမှာတော့ အသင်းခံစစ် မှာ ပုံမှန်ကစားခွင့်ရဖို့ ပိုကြိုး
စားလာနေ ရသလို အန်ဆယ်လော့တီကလည်း သူ့ကို နေရာစုံမှာထုတ်သုံးပြီး စမ်းသပ် လာတာ
မျိုးတွေ ပြုလုပ်လာတယ်။

ဘာစီလိုနာနဲ့ ပွဲမှာဆိုရင် ရာမို့စ်ကို ကွင်းလယ်ခံစစ်သမားအဖြစ် ပြောင်းလဲကစားခိုင်းခဲ့တဲ့အပြင်
တချို့ ပွဲတွေမှာလည်း ညာတောင်ပံခံစစ် သမားအဖြစ် ထုတ်သုံးလေ့ရှိတာ တွေ့ ရတယ်။ ဒါပေမဲ့
လာလီဂါနောက်ဆုံး နှစ်ပွဲမှာတော့ အီယာရာမန်ဒီနဲ့ အလွန်ဆိုအတွဲရဲ့ အားဖြည့်ပေးနိုင်မှု ကြောင့်
ခံစစ်ကစားပုံ ပိုတည်ငြိမ်လာ နေပြီး နှစ်ပွဲဆက် ပေးဂိုးမရှိတော့ ပါဘူး။ ဒီအနေအထားကို ရီးယဲလ်
ဘယ်အချိန် အထိ ဆက်ထိန်းထား နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေမျိုး ဖြစ်လာပါ
တယ်။

တိုက်စစ်က အား ကောင်းပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းနေတဲ့ အချိန်မှာ ခံစစ်ကစားပုံမှာပါ တဖြည်း
ဖြည်းမာကျောတဲ့ ဟန်ပြလာတဲ့ ရီးယဲလ်ရဲ့အနေအထားဟာ ထိပ်ဆုံး က ဘာစီလိုနာနဲ့ အလက်
တီကိုတို့ကို ခြိမ်းခြောက်လာနိုင်တဲ့အနေအထားမျိုးကို ရောက်စပြုလာနေပါပြီ။ ထိပ်ဆုံးက ဘာစီ
လိုနာကလည်း မက်ဆီမကစားနိုင်တဲ့အချိန်၊ ဒုတိယ နေရာက အလက်တီကိုကလည်း အဝေးကွင်း
ကစားပုံ တဖြည်းဖြည်း လျော့ကျလာသလို တွေ့ နေရတဲ့အချိန်မျိုးမှာ တိုက်စစ်၊ ခံစစ်ဟန်ချက်
မျှပြီး တက်ရိပ်ပြ လာတဲ့ ရီးယဲလ်ရဲ့ ဖိအားပေးနိုင်မှုက ထိပ်ဆုံးနှစ်သင်း အတွက် သတိထားရဖို့
ရှိနေပါပြီ။



ဖတ်ရှုမှုအများဆုံး