ရိုးမား-ဖီအိုရင်တီးနား
စီးရီးအေတွင် ၁၀ ပွဲဆက်တိုက် စံချိန် တင်နိုင်ပွဲရပြီး ပွဲစဉ်(၁၂) ပြီးဆုံးချိန်ထိ အမှတ်ပေးဇယား
ထိပ်ဆုံးက တောက်လျှောက်ဦးဆောင်ခဲ့သော ရိုးမားသည် ပြီးခဲ့သော လေးပွဲဆက်တိုက်သရေ
ကျလိုက်ခြင်းကြောင့် ထိပ်ဆုံးနေရာကို လက်လွှတ်လိုက်ရသည်။
ပွဲစဉ်(၁၄) အပြီးတွင် ထိပ်ဆုံးရောက်နေသည့် ဂျူဗင်တပ်နှင့် သုံးမှတ်ပြတ်သွားပြီး ဒုတိယနေရာ
တွင် ရှိနေသည်။ တိုရီနို၊ ဆက်စူလို၊ ကက်ဂလီယာရီ၊ အတ္တလန္တာ အစရှိသော အသင်းငယ်များနှင့်
ဆက်တိုက်သရေကျခဲ့သော ရိုးမားခြေစွမ်းသည် အစောပိုင်းက လာဇီယိုကို ၂-၀၊ အင်တာမီလန်
ကွင်းတွင် ၃-၀၊ နာပိုလီကို ၂-၀ ဖြင့် အနိုင်ရခဲ့စဉ်က ခြေစွမ်းနှင့် နှိုင်းယှဉ်လိုက်ပါက မယုံကြည်နိုင်
လောက်အောင် ကျဆင်းသွားသည်ကို တွေ့ရသည်။
ရိုးမား၏ အားထားရသည့် တိုက်စစ်မှူးများဖြစ်သော တော့တီ၊ ဂျာဗင်ဟိုတို့ ထိခိုက်ဒဏ်ရာများ
ကြောင့် နားနေရ ချိန်နှင့် တိုက်ဆိုင်စွာပင် ရိုးမားတိုက်စစ် ထက်မြက်မှု လျော့နည်းကာ ဂိုးသွင်း
အားပါ ကျဆင်းသွားသည်။ တစ်ဖက် တွင် ဗွေဆော်ဦးပွဲစဉ်မှ စတင်ကာ ၁၀ ပွဲဆက်တိုက်နိုင်ခဲ့
ရာတွင် ပေးဂိုးတစ်ဂိုး သာရှိခဲ့သော ရိုးမားခံစစ်ကြောင်းသည် ပြီးခဲ့သော လေးပွဲဆက်တိုက်နိုင်ပွဲ
ပျောက်ပြီး သရေကျခဲ့ရာတွင် သုံးဂိုး သွင်းခံရသည်။
တစ်ဖန် ရိုးမားကို ဂိုးသွင်းခဲ့သောအသင်းများမှာ အောက် တန်းများတွင် ရုန်းကန်နေရသော
အသင်းမျာဖြစ်သောကြောင့် ယေဘု ယျအားဖြင့် ရိုးမားခံစစ်ကြောင်း အကျ ဘက်သို့ 'ယိုင်'လာ
ပြီလားဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
ဖြစ်နိုင်ခြေရှိသော အချက်မှာ ရိုးမား သည် ယခုရာသီ ၎င်းတို့၏ ရည်မှန်းချက် မှာ စကူဒက်တို
အမှတ်ပေးချန်ပီယံ ဖြစ်ရန်မဟုတ်ဘဲ ထိပ်ဆုံးသုံးသင်းထဲသို့ ၀င်ရောက်ကာ လာမည့်ရာသီတွင်
ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၀င်ရောက်ခွင့် ရရှိရေးသာဖြစ်ကြောင်း ရှင်းလင်း ပြတ်သားစွာ ပြောဆိုပြီး
နောက် ကစား အားကျဆင်းလာပြီး နိုင်လိုစိတ်ပြင်းပြ ထက်သန်မှု မရှိတော့ကြောင်း တွေ့လာ
ရသည်။ လေ့လာသူအချို့က ရိုးမား သည် ဖိအားနှင့် တောင်းဆိုမှုများကို လျှော့ချရန်အတွက်
'ကစားအား'နှင့် ပွဲချိန်အတွင်း အာရုံစူးစိုက်မှုကို လျှော့ချ ကာ လွတ်လပ်ပေါ့ပါးသည့် ကစားဟန်
ဘက်သို့ ဦးတည်လာကြောင်း သုံးသပ် ကြသည်။
တစ်ဆက်တည်းမှာပင် ဆောင်းခို ချိန်တွင် လူအင်အားဖြည့်တင်းကာ လာမည့်ရာသီဝက်အတွက်
နည်းဗျူဟာ ပိုင်းအရ ပြင်ဆင်မှုများ ပြုလုပ်ကာ ကစားရှိန် (အနာစသ) ပြန်လည်မြှင့်တင်မည်ဟု
သုံးသပ်ထားကြသည်။
နည်းပြ လူးဝစ္စဂါစီယာသည် ပြီးခဲ့ သော လေးပွဲအတွင်း လူနှင့်ဗျူဟာ အခင်းအကျင်းများကို
ပွဲတိုင်းနီးပါး အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ နောက် တန်းတွင် ဒိုဒိုနှင့် ၀ါရင့်ကစားသမား ဘာဒစ်
ဆို၊ ကွင်းလယ်တွင် ဘရက်ဒ် လေ၊ တိုက်စစ်ပိုင်းတွင် အဒမ်လာဂျစ် နှင့် မာကွင်ဟိုတို့ကို ထည့်
သွင်းအသုံးပြု လာသည်။
ဂျာဗင်ဟို ပြန်လည်ကစား နိုင်ပြီးနောက် တောင်ပံနှင့် တိုက်စစ် များတွင် လူအပြောင်းအလဲ ပိုမို
များပြား ကာ တစ်ပွဲနှင့်တစ်ပွဲ လူထုတ်ပုံမတူညီ တော့သည်ကို တွေ့ရသည်။ သို့ရာတွင် ပြီးခဲ့
သော လေးပွဲဆက်တိုက်တွင် ရိုးမားသည် ပွဲတိုင်းဘောလုံး ပိုင်ဆိုင်မှု အပြတ်အသတ်သာလွန်
ကာ ကစားကွက်အသာစီးရခဲ့သောကြောင့် သရေကျရခြင်းမှာ အပြီးသတ်ဂိုးသွင်း စွမ်း လျော့
ကျလာခြင်း သို့တည်းမဟုတ် နိုင်လိုစိတ် ထက်သန်မှုမရှိတော့ခြင်း စသည့်အချက်များသည်
ပိုမိုဖြစ်တန် ရာသည်။
တစ်ဖက်တွင် ရိုးမားကို ယှဉ်ပြိုင် မည့် ဖီအိုရင်တီးနားသည် တိုက်စစ်ကောင်းသော အသင်းဖြစ်
သည်။ စီးရီး အေနှင့် ယူရိုပါလိဂ်ပြိုင်ပွဲနှစ်ခု တစ်ပြိုင် နက်တည်း ကစားနေရသော်လည်း ဖီအို
ရင်တီးနားကွင်းလယ်သည် စီးရီးအေ၌ ထိပ်တန်းအဆင့်ရှိကြောင်း ပြိုင်ဘက်အများစုက လက်ခံ
ထားကြသည်။
ဖီအိုရင်တီးနားသည် ထိပ်တန်းအသင်းကြီးများကို ရင်ဆိုင်ရာတွင် နိုင်ပွဲများရှိသကဲ့သို့ ရှုံးပွဲများ
လည်း ရှိသည်။ အေစီမီလန်နှင့် ဂျူဗင်တပ်တို့ကို ဂိုးပြတ်နိုင်ခဲ့ပြီး နာပိုလီ၊ အင်တာမီလန်တို့ကို
ရှုံးခဲ့သည်။
လတ်တလော တွင် အီတလီတိုက်စစ်မှူး ဂူဆစ်ပီရော့စီ ဂိုးသွင်းအား ကျဆင်းသွားသော်လည်း
ကွင်းလယ်စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်နေဆဲဖြစ်သည်။ ဖီအိုရင်တီးနား၏ အဓိက 'ပျော့
ကွက်' မှာ ထိပ်တန်းအသင်းကြီးများနှင့် ရင်ဆိုင်ရာတွင် ခံစစ်ကြောင်းသည် ရုန်းကန်ရလေ့ရှိပြီး
ပေးဂိုးများခြင်း ဖြစ်သည်။
ဆိုရပါလျှင် လေးပွဲဆက်တိုက် သရေ ကျခဲ့သော ရိုးမားတို့အနေဖြင့် ယခုပွဲတွင် နိုင်ပွဲပြန်ရှာပြီး
အသင်းကို 'ဆွဲတင်' ရမည့် အနေအထားသို့ ရောက်နေ သည်။ ရိုးမားသည် တိုက်စစ်ရော၊ ခံစစ်
ပါ ရာသီအစပိုင်းက ခြေစွမ်းမျိုး မဟုတ် တော့သော်လည်း ဘောလုံးပိုင်ဆိုင်မှု နှင့် ကစားကွက်
တွင် ပြိုင်ဘက်များကို အသာစီးရနိုင်သော အနေအထားတွင် ရှိသည်။ တစ်ဖက်တွင် ဖီအိုရင်တီး
နား သည် တိုက်စစ်ထက်မြက်သော်လည်း လတ်တလော ဂိုးသွင်းနှုန်းကျဆင်းနေ သည်။
သို့ကလိုကြောင့် ရိုးမားကို ပိုကြိုက်ပြီး ဂိုးနည်းဖွယ်ရှိသည်။















