နာပိုလီကို မယုံသင့်ဘူး

နာပိုလီကို မယုံသင့်ဘူး

ဘိုလော့နာ-ဂျူဗင်တပ် လေးပွဲဆက်တိုက်နိုင်ပွဲပျောက်နေပေမယ့် ဘိုလော့နာ ခြေစွမ်းအား
သိပ်မဆိုး ဘူး။ ဂျူဗင်တပ်ကလည်း စီးရီးအေမှာ ပွဲတိုင်းကို အာရုံစိုက်ပြီး ဖိဖိစီးစီးကစား နေတယ်။
ဒါပေမဲ့ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ဘက် အာရုံစိုက်ရမယ့်အချက်ကို ထည့်တွက်ရမယ်။ ဒါကြောင့်
ဘိုလော့နာဘက်က အရဲစွန့်သင့်တယ်။

ကက်ဂလီယာရီ-ဂျီနိုအာ
တန်းတက်ဆက်စူလိုကို ၂-၀ နဲ့အောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ကက်ဂလီယာရီ
ခြေစွမ်းဟာ သိပ်တော့ အားရစရာမရှိဘူး။ အထူးသဖြင့် ကက်ဂလီ ယာရီနောက်တန်း 'ပွင့်'နေ
တယ်။ ဂျီနိုအာကတော့ နည်းပြ ဂတ်ဟ်ပါရီနီ လက်ထက်မှာ ပြန်လည်ဦးမော့လာပြီး စွမ်းဆောင်
ရည်ပိုင်းကောင်းလာတယ်။ ဒါကြောင့် ဂျီနိုအာကိုပိုကြိုက်တယ်။

ဗီရိုနာ-အတ္တလန္တာ
ဗီရိုနာခြေစွမ်းက ရာသီအစပိုင်းကလို မထက်မြက်ဘူး။ အထူးသဖြင့် တိုက်စစ် ပိုင်း 'ကျ' သွား
တယ်။ အတ္တလန္တာလည်း အဝေးကွင်းမှာ နိုင်ပွဲနဲ့ဝေးနေတာ ကြာပါပြီ။ အခြေအနေအရ ဗီရိုနာကို
ပိုကြိုက်တယ်။

အင်တာမီလန်-ပါးမား
ပြီးခဲ့တဲ့ အိမ်ကွင်းမှာ ဆမ်ဒိုးရီးယားနဲ့ သရေကျခဲ့တဲ့ အင်တာမီလန်ဟာ ခုတစ်ခေါက်အိမ်ကွင်းမှာ
တော့ အာရုံစူးစိုက်မှုအပြည့်ထည့်ပြီး 'ညှစ်'မယ်လို့ ယူဆရတယ်။ ပါးမားကလည်း နာပိုလီကွင်းမှာ
မထင်မှတ်ဘဲ နိုင်လိုက်တာ ကလွဲပြီး ကျန်ပွဲတွေမှာ နိုင်ပွဲမရှိဘဲ ပွဲတိုင်းဂိုးပေးရတယ်။ ခြံုကြည့်ရင်
အင်တာမီလန်ကိုပဲ ရွေးချယ်သင့်တယ်။

လီဗော်နို-အေစီမီလန်
လီဗော်နိုဟာ ပြီးခဲ့တဲ့သုံးပွဲအတွင်း ခုနစ်ဂိုးသွင်းခံရပြီး တစ်ဂိုးမှ ပြန်မသွင်း နိုင်လို့ တိုက်စစ်ရော၊
ခံစစ်ပါ အနုတ်လက္ခဏာပြနေတယ်။ အေစီမီလန်ကတော့ ဖိအားဝင်ပြီး ပြန် 'ညှစ်' လာရာမှာ
ဆဲလ်တစ်နဲ့ ကာတာနီးယားတို့ကို အဝေးကွင်း တွေမှာ ဂိုးပြတ်တွေနဲ့ နိုင်ခဲ့လို့ ခြေစွမ်းပြန်တက်
လာမယ်လို့ ယူဆရတယ်။ အေစီ မီလန်ကို ပိုကြိုက်တယ်။

နာပိုလီ-ယူဒီးနိစ်
နာပိုလီဟာ ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ အဆုံးအဖြတ်ပွဲကို အာရုံစိုက်ဖို့ ရှိနေလို့ အခုပွဲကို
အနာခံကစားမယ်မထင်ဘူး။ ယူဒီးနိစ်ကလည်း ခြေစွမ်းအတက် အကျများလို့ ခန့်မှန်းရခက်ပေ
မယ့် ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်ကို ကစားသွားတဲ့ ခြေစွမ်းအတိုင်းဆိုရင် နာပိုလီမချောင်ဘူး။
ယူဒီးနိစ်ဘက်က အရဲစွန့်သင့်တယ်။

ဆမ်ဒိုးရီးယား-ကာတာနီးယား
အင်တာမီလန်ကွင်းမှာ ၁-၁ သရေကျခဲ့တဲ့ ဆမ်ဒိုးရီးယားဟာ နည်းပြသစ် မီဟိုင်းလိုဗစ်ချ်
လက်ထက်မှာ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း ထက်မြက် တိုးတက်လာတယ်။ ကာတာနီးယား
ခြေစွမ်းကတော့ အကျဘက်ယိုင်နေတယ်။ နှစ်ပွဲဆက်တိုက်ဂိုးပြတ်အရေးနိမ့်ခဲ့ရာမှာ ခုနစ်ဂိုးအသွင်း
ခံထားရလို့ ကာတာ နီးယားနောက်တန်းကို စိတ်မချရဘူး။ ဆမ်ဒိုးရီးယားနိုင်ခြေများတယ်။

ဆက်စူလို-ချီယေဗို
တန်ပြန်တိုက်စစ်ကို ပီပီပြင်ပြင် ကစားလာတဲ့ ဆော့စူလိုဟာ ပြီးခဲ့တဲ့ ကက်ဂလီ ယာရီကွင်းမှာ
နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ပြီးမှ ချေပဂိုးတွေ ပေးလိုက်ရလို့ သရေကျခဲ့တယ်။ ဆက်စူလိုဟာ
တိုက်စစ်ပိုင်း သိသိသာသာကောင်းလာပြီး ငါးပွဲအတွင်း ၁၃ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ချီယေဗို
ကလည်း နှစ်ပွဲဆက်တိုက်နိုင်ပြီး ခြေစွမ်းက အတက်ဘက်မှာ ရှိတယ်။ ဆက်စူလို အနည်းငယ်
'သာ'တယ်။

တိုရီနို-လာဇီယို
ဂျီနိုအာကွင်းမှာ ၁-၁ သရေကစားခဲ့တဲ့ တိုရီနိုခြေစွမ်းက အတက်ဘက်ကို ပြန်ရောက်လာတယ်။
အထူးသဖြင့် တိုက်စစ်ကောင်းလာပြီး အင်မိုဘီလီ၊ ကာဒူရီ၊ အလက်စီယိုကာချီ သုံးယောက်
တိုက်စစ် အချိတ်အဆက်မိနေတယ်။ လာဇီယိုကတော့ ယူရိုပါလိဂ်ဘက်ကို အာရုံစိုက်နေလို့
စီးရီးအေမှာ လေးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ပြီး ရုန်းကန်နေရတယ်။တိုရီနိုကို ကြိုက်တယ်။



ဖတ်ရှုမှုအများဆုံး