ကွီးဘက်မြို့က Colisee Pepsi Centre မှာ ကျင်းပသွားခဲ့တဲ့ WBC လိုက်ဟဲဗီးဝိတ်လက်ဝှေ့
သရဖူလုပွဲဟာ ကနေဒါ သားတွေအတွက် ကျေနပ်ဂုဏ်ယူစရာ ပွဲတစ်ပွဲဖြစ်ခဲ့ရသလို ပြိုင်ဘက်
တွေ တော်တော်များများကို အလဲထိုးပြီး WBC လိုက်ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာ သူ ကနေဒါကြိုး
၀ုိင်းဘုရင် အဒွန်နစ်စတီဗင်ဆင်ဟာ သူ့ရဲ့ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့တာဟာလည်း
လက်ဝှေ့ စာမျက်နှာမှာ တာစားနေတဲ့ အကြောင်း ချင်းရာတွေပါပဲလို့ ESPN ကချီးမွမ်းခန်း
ဖွင့်လာပါတယ်။
လက်ရှိ WBC ချန်ပီယံ စတီဗင်ဆင်ဟာ စိန်ခေါ်ပွဲပေါင်း ၂၄ ပွဲမှာ အလဲထိုးပွဲ ၂၀၊ နိုင်ပွဲ ၂၃ ပွဲနဲ့
ရှုံးပွဲမရှိ သံမဏိလူသားတစ်ဦး ဖြစ်ပြီး စိန်ခေါ်လာသူ ဗြိတိန်လက်ဝှေ့ ကျော် တိုနီဒဲလူးကတော့
စိန်ခေါ်ပွဲ ပေါင်း ၂၀ မှာ နိုင်ပွဲ ၁၇ ပွဲရှိထားသူ အကျော်အမော်လက်ဝှေ့စတားတစ်ဦး ပဲဖြစ်ပါတယ်။
ကနေဒါပရိသတ် တစ်သောင်းခွဲကျော် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုအားပေးခဲ့တဲ့
ဒီ လိုက်ဗဲဟီးဝိတ်သရဖူလုပွဲမှာ လက်ရှိ ချန်ပီယံ စတီဗင်ဆင်ဟာ ဆဋ္ဌမမြောက် ပွဲချီမှာ ပြိုင်
ဘက်ကို ကြိုးဝိုင်းကြမ်းပြင် ကို လှဲသိပ်နိုင်ခဲ့ပြီး ဒိုင်ပွဲရပ်နဲ့ WBC ချန်ပီယံရွှေခါးပတ် ဆက်လက်
ဆင်မြန်း ခွင့်ရခဲ့ခြင်းနဲ့ ပတ်သက်လို့ မွန်ထရီရယ် စာစောင်တွေက စာဖွဲ့မဆုံးရှိနေကြပါတယ်။
Pepsi Centre က ဒီဟဲဗီးဝိတ်သရဖူ လုပွဲကို ပရိသတ်အများစုက ပွဲချီပြည့် ၁၂ ချီ ရေကုန်
ရေခမ်းထိုးသတ်ရလိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် အထင်နဲ့ လက်တွေ့ဖြစ်ရပ်ဟာ တက်တက်စင်
အောင် လွဲသွားခဲ့ရတာကိုလည်း ပွဲစီစဉ် သူ နာမည်ကြီး ဒွန်ကင်းက သဘောတွေ့ နေပါတယ်။
ပွဲချီပြည့်ထိုးသတ်ပြီးမှ ရမှတ်နဲ့ နိုင်တဲ့ပွဲမျိုးထက် အခုလို အဖြူအမည်းကွဲပြားတဲ့ အလဲထိုးပွဲမျိုး
ကို ပိုနှစ်သက်ပါတယ်လို့လည်း ဒွန်ကင်း က ESPN နဲ့ တွေ့ဆုံခန်းမှာ ဖြေကြား သွားပါတယ်။
Superman လို့ လက်ဝှေ့ပရိသတ် ကြားမှာ ကျော်ကြားသူ စတီဗင်ဆင်ဟာ ဟေတီမြို့တော်
ပို့အောပရင့်စ်မှာ မွေးဖွားခဲ့ပေမယ့် ကနေဒါမှာ ကြီးပြင်း ခွင့်ရခဲ့သူ ဘယ်သန်လက်ဝှေ့ကျော်
တစ်ဦးပါပဲ။
Nielson Media Research Firmရဲ့ စစ်တမ်းအရ ကွီးဘက်မြေက ဟဲဗီးဝိတ်သရဖူလုပွဲ ကို
ရုပ်သံက တိုက်ရိုက်ကြည့်ရှုအားပေး သူပမာဏ ၁ ဒသမ ၄ သန်း နီးပါးရှိခဲ့ပြီး အခုနှစ်အတွက်
စံချိန်သစ် တစ်ရပ်ပဲလို့ သိရပါတယ်။
HBO က တိုက်ရိုက်တင်ဆက်ခဲ့တဲ့ ဒီသရဖူလုပွဲ ရဲ့ ဆဋ္ဌမမြောက်ပွဲချီကတော့ အားလုံး ကို
ဟင်ခနဲ ဟာခနဲဖြစ်စေခဲ့တဲ့ မျက်လှည့်ဆန်တဲ့ အလှည့်အပြောင်း ပွဲချီပဲဖြစ်ပါတယ်။
Bomber လို့ အင်္ဂလန် ပရိသတ်တွေ အမည်ပေးထားသူ တိုနီ ကို စူပါမင်းစတီဗင်က အလဲ
ထိုးနိုင်ခဲ့ တာ သိပ်မဆန်းပါဘူးလို့ ကောင်းချီး ပေးနေကြတာကိုလည်း နားလည် ပေးရဦးမှာပဲ
မဟုတ်ပါလား။
"အမှန် အတိုင်းပြောရရင် ဒီပွဲကို အခုလို မြန်မြန်ဆန်ဆန်နဲ့ ပွဲသိမ်းနိုင်မယ်လို့ မထင်ထားမိပါဘူး။
အနိမ့်ဆုံးပွဲချီပြည့် ထိုးသတ်ရလိမ့်မယ်လို့ ယူဆထားတာ ပါ။ သြာဘနမ လို့ ကျော်ကြားသူကို
လှဲဖြို နိုင်ခဲ့သလို WBC သရဖူ ဆက်လက်ကာကွယ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါ
တယ်။ လာမယ့်ပွဲစဉ်တွေအတွက်လည်း အသင့်ရှိနေပါတယ်"လို့ စူပါမင်း စတီဗင်က ရုပ်သံ
အင်တာဗျူးမှာ ရင်ဖွင့်စကားဆိုခဲ့ပါ ကြောင်း တင်ပြရင်း...။















