အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ် ဆက်လက်အောင်ပွဲခံဦးမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၆)

အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ် ဆက်လက်အောင်ပွဲခံဦးမယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၆)

ဥရောပဆောင်းရာသီကို ၀င်ရောက်လာတာနဲ့အမျှ ဂျာမန်ဘွန်ဒက်စ်လီဂါဟာလည်း ရာသီ
၀က်ပြည့်ဖို့ တစ်ပွဲသာလိုပါတော့တယ်။ တန်းစီဇယားကို လေးမှတ်ဖြတ်ပြီး ဦးဆောင် နေတဲ့
ဘိုင်ယန်မြူးနစ်ဟာ ဒီတစ်ပတ်မှာလည်း ဇယားအလယ်နားက ဟမ်းဘတ်ကို အိမ်ကွင်းမှာ
တွေ့ဆုံရမှာမို့ အခြေအနေကောင်းနေတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

ဟာသာဘာလင် - ၀ါဒါဘရီမင်
နောက်ဆုံးတွေ့ဆုံမှု ၃-၃-၁၂ ဟာသာဘာလင် ၁-၀ ၀ါဒါဘရီမင် ဟာသာဘာလင်ရဲ့ အိမ်ကွင်း
မှာ ဒီနှစ်သင်းနောက်ဆုံး သုံးကြိမ်တွေ့ဆုံခဲ့ရာမှာတော့ ဟာသာဘာလင်က နှစ်ကြိမ်နိုင်ပြီး ၀ါဒါ
ဘရီမင်က တစ်ကြိမ် နိုင်ခဲ့ပါတယ်။ ဟာသာဘာလင်က ဒီရာသီနောက်ဆုံး ဘွန်ဒက်စ်လီဂါ နှစ်ပွဲ
မှာ ပေးဂိုးမရှိခဲ့ပေမယ့် ၀ါဒါဘရီမင်ကတော့ နောက်ဆုံးလေးပွဲမှာ ၁၇ ဂိုး ပေးထားရပါတယ်။
ဟော့ဖန်ဟိမ်း ပြီးရင် ပေးဂိုး အများဆုံးဖြစ်တဲ့ ၀ါဒါဘရီမင်ကို ငြင်းပယ်ချင်ပါတယ်။

ဘိုင်ယန်မြူးနစ် - ဟမ်းဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂၀-၇-၁၃ ဟမ်းဘတ် ၀-၄ ဘိုင်ယန်မြူးနစ် အစဉ်အလာပိုင်းအရ ဒီနှစ်သင်း
နောက်ဆုံး ငါးကြိမ်တွေ့ဆုံရာမှာ ဟမ်းဘတ်ဟာ ဘိုင်ယန်ကို ကျော်လို့ မရနိုင်ခဲ့ပါဘူး။ လက်ရှိ
ရစ်သမ်အရ လည်း ဘိုင်ယန်က နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ အောင်ပွဲခံထားပါတယ်။ ဘိုင်ယန်
နဲ့ နှစ်သင်းပေါင်း သွင်းဂိုး အများကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဟန်နိုဗာ - နုရင်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၁၇-၂-၁၃ နုရင်ဘတ် ၂-၂ ဟန်နိုဗာ ဟန်နိုဗာရဲ့ ဒီရာသီ အိမ်ကွင်းပွဲစဉ်
တွေမှာ တစ်ပွဲသာရှုံးထားပြီး ဟော့ ဖန်ဟိမ်းကို ၁-၄ နဲ့ ရှုံးခဲ့တာ ဖြစ်ပါ တယ်။ တန်းဆင်းဇုန်ထဲ
ကျရောက်နေ ပြီး အခုအချိန်အထိ အဝေးကွင်း နိုင်ပွဲ မရသေးတဲ့ နုရင်ဘတ်ကိုလက်ရှောင် ရပါ
မယ်။

ဟော့ဖန်ဟိမ်း - ဒေါ့မွန်
နောက်ဆုံးတွေ့ဆုံမှု ၁၈-၅-၁၃ ဒေါ့မွန် ၁-၂ ဟော့ဖန်ဟိမ်း အိမ်ရှင်ဟော့ဖန်ဟိမ်းဟာ ဒီရာသီ
ခံစစ်အားအနည်းဆုံးဖြစ်ပြီး ၁၅ ပွဲ ကစားပြီးချိန်မှာ ပေးဂိုး ၃၅ ဂိုးရှိထားပါတယ်။ အစဉ်အလာ
အရ ဟော့ဖန်ဟိမ်းရဲ့ အိမ်ကွင်းမှာ ဒေါ့မွန်ကို ၁-၀ ရလဒ်တွေနဲ့ နှစ်ကြိမ်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့
ဒီရာသီ အိမ်ကွင်း နောက်ဆုံး သုံးပွဲမှာ ဟော့ဖန်ဟိမ်း နိုင်ပွဲမရှိလို့ ဒေါ့မွန်ကို ရွေးချယ်အားပေးချင်
ပါ တယ်။

မိန့်ဇ် - မွန်ချင်ဂလက်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၁၁-၅-၁၃ မိန့်ဇ် ၂-၄ မွန်ချင်ဂလက်ဘတ် အဆင့် (၈) နေရာက မိန့်ဇ်ဟာ
အိမ်ကွင်းရှစ်ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၁၂ ဂိုး ပြန်ပေးခဲ့ရပါတယ်။ အဆင့် (၄) နေရာ က မွန်ချင်က
တော့ အဝေးကွင်း ခုနစ်ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၁၂ ဂိုး ပြန်ပေးခဲ့ရလို့ အဝေးကွင်း ခံစစ်ပိုင်း အားနည်း
မှု ရှိနေတာတွေ့ရမှာပါ။ ဒါပေမဲ့ ဒီရာသီ အဝေးကွင်း နောက်ဆုံးနှစ်ပွဲမှာ ၀-၂ တွေနဲ့ချည်း အောင်
ပွဲခံထားတဲ့ မွန်ချင်ဂလက်ဘတ်ကို ကြိုက်ပါတယ်။

အော့စ်ဘတ် - ဘရောက်ချ်
နောက်ဆုံးတွေ့ဆုံမှု ၁၃-၅-၀၇ ဘရောက်ချ် ၀-၁ အော့စ်ဘတ် ဇယားအောက်ဆုံးက တန်းတက်
ဘရောက်ချ်ဟာ အဝေးကွင်းတိုက်စစ် အား အနည်းဆုံး အသင်းဖြစ်ပါတယ်။ အဆင့် (၉) နေရာ
က အော့စ်ဘတ်က တော့ ဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်း ခြေစွမ်းအရ ကောင်းနေတာမို့ ဒီပွဲက
အိမ်ရှင်ကိုပဲ ရွေးရမယ့်ပွဲပါ။

၀ုဖ်ဘတ် - စတုဂတ်
နောက်ဆုံးတွေ့ဆုံမှု ၁၉-၁-၁၃ ၀ုဖ်ဘတ် ၂-၀ စတုဂတ် အိမ်ရှင်ဝုဖ်ဘတ်က အဆင့် (၅) နေရာ
ရပ်တည်နေပြီး အိမ်ကွင်း အနေ အထားအရ ခုနစ်ပွဲမှာ ၁၄ ဂိုး သွင်းနိုင် ခဲ့လို့ ဂိုးသွင်းအားရှိနေပါ
တယ်။ အဆင့် (၁၀) က စတုဂတ်ကတော့ အဝေးကွင်း ရှစ်ပွဲမှာ ၁၈ ဂိုးပြန်ပေးထားရတာပါ။
အဝေးကွင်းတွေမှာ ဂိုးပြတ်ရှုံးလေ့ရှိ တဲ့ စတုဂတ် အစဉ်အလာပိုင်းအရ လည်း မချောင်လောက်
ပါဘူး။

ရှော်လ်ကေး - ဖရိုင်းဘတ်
နောက်ဆုံးတွေ့ဆုံမှု ၁၈-၅-၁၃ ဖရိုင်းဘတ် ၁-၂ ရှော်လ်ကေး ရှော်လ်ကေးဟာ နောက်ဆုံးအဝေး
ကွင်းပွဲစဉ်မှာ မွန်ချင်ကို ၂-၁ နဲ့ ရှုံးခဲ့ပြီး ရှုံးပွဲဆက်နေတယ်။ ဖရိုင်းဘတ်က လည်း နောက်ဆုံးကစား
တဲ့ သုံးပွဲစလုံး ရှုံးနေတာမို့ အိမ်ကွင်းအားသာချက်ရှိတဲ့ ရှော်လ်ကေးကို ရွေးမယ်။

လေဗာကူဆင် - ဖရန့်ဖတ်
နောက်ဆုံးတွေ့ဆုံမှု ၁၉-၁-၁၃ လေဗာကူဆင် ၃-၁ ဖရန့်ဖတ် လေဗာကူဆင်က ဒေါ့မွန်လို
အသင်း မျိုးကိုတောင် အဝေးကွင်းမှာ နိုင်လိုက် လို့ ယုံကြည်မှုပိုရသွားတယ်။ နှစ်သင်း စလုံးဟာ
ကြားရက်တွေမှာ ဥရောပ အဆင့် ပြိုင်ပွဲတွေ ကစားရမှာမို့ နှစ်သင်း စလုံးပွဲပန်းတာချင်း အတူတူ
ချည်း ပါပဲ။ ဒါပေမဲ့ အစဉ်အလာပိုင်းအရ ရစ်သမ်မှန်နေတဲ့ လေဗာကူဆင်ဘက် က ရပ်တည်
ရမှာပါ။



ဖတ်ရှုမှုအများဆုံး