ဥရောပ ပြေးလမ်းပေါ်က အဲဗာတန်

ဥရောပ ပြေးလမ်းပေါ်က အဲဗာတန်

ဒီနှစ်ရာသီ ပရီမီယာလိဂ်မှာ နည်းပြအပြောင်းအလဲဖြစ်တဲ့အသင်းကြီးတွေ က ချယ်လ်ဆီး၊
မန်စီးတီး၊ မန်ယူ၊ အဲဗာ တန်တို့ ဖြစ်ပါတယ်။ ဒီလေးသင်းထဲမှာ အသင်းနဲ့ အမြန်ဆုံးအံဝင်
အောင် ပြင်ဆင်ထားနိုင်တဲ့အသင်းက အဲဗာ တန်အသင်းဖြစ်တယ်ဆိုတာကို မျက်ဝါး ထင်ထင်
မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ လောက် ထင်ရှားမှုမရှိလှ၊ ထိပ်သီးကစားသမားဝယ်ယူဖြည့်
တင်းနိုင်မှုမရှိလှတဲ့ အသင်းဖြစ်တဲ့ အဲဗာတန်ကို သိပ်ပြီးအထင်ကြီးလှခြင်း မရှိခဲ့ကြ ပါဘူး။
ချယ်လ်ဆီးဟာ မော်ရင်ညို ပြန်ရောက်လာတယ်။ ကစားသမား ကောင်းဖြည့်ထားတယ်။
မော်ရင်ညို ဘာလုပ်ဦးမလဲဆိုတာကိုပဲ မျှော်လင့် နေကြသလို နည်းပြသစ်ပယ်လီဂရီနီရဲ့
မန်စီးတီးအသင်းကလည်း ကစား သမားကောင်းတွေဖြည့်ခဲ့လို့ ဘာတွေ ထပ်လုပ်ဦးမလဲ
ဆိုတာကို စောင့်ကြည့် နေခဲ့ကြပါတယ်။

ပြီးတော့ လက်ရှိ ချန်ပီယံမန်ယူရဲ့ မန်နေဂျာသစ်မိုယက်စ်တစ်ယောက်အနေနဲ့လည်းဖာဂူဆန်လို
လုပ်နိုင်မလားဆိုတာကိုလည်း စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒါပေမဲ့ မန်နေဂျာသစ်မာတီနက်စ်
အနေနဲ့ အဲဗာတန်ကို ဘာလုပ်ပြမလဲဆိုတာကိုတော့ သိပ်ပြီးသတိထားမနေခဲ့ကြပါဘူး။

အခုတော့ အဲဒီအနိမ့်စံ အဲဗာတန်ဟာ အကောင်းဆုံးပုံစံတွေ ကို မော်ရင်ညို၊ မိုယက်စ်၊ ပယ်လီ
ဂရီနီ၊ အာဆင်ဝင်းဂါး၊ ဘရန်ဒန်ရော်ဂျာတို့ ကို ရင်ပေါင်တန်းလာတဲ့အဆင့်ကိုရောက်သွားခဲ့ပြီဖြစ်
ပါတယ်။

ဖိအားကင်းကင်းနဲ့ အဲဲဗာတန်ဟာ ပွဲတိုင်းကို အာရုံစိုက်မှုအပြည့်နဲ့ ချဉ်းကပ်လာလို့ အခုဆိုရင်
ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို မျှော်မှန်းလာနေနိုင်ခဲ့ပြီဖြစ် ပါတယ်။ ပွဲစဉ်(၁၅)အပြီးမှာ အဲဗာတန်
ဟာအဆင့်(၅)နေရာကို ရောက်လာခဲ့ပါပြီ။ ရမှတ်က ၂၈ မှတ်ရထားပြီး ဒုတိယ၊ တတိယနေရာ
တွေက လီဗာပူး၊ ချယ်လ်ဆီးတို့နဲ့ နှစ်မှတ်အကွာ၊အဆင့်(၄)နေရာက မန်စီးတီးနဲ့တစ်မှတ် အကွာ
မှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒီလောက်အထိ အမှတ်နီးကပ် နေမယ်လို့ ထင်မထားခဲ့ပါဘူး။ မန်ယူ ကပ်လိုက်မလား။ စပါးကပ်
လိုက်မလားဆိုတာကိုပဲ မျှော်လင့်ထားကြ တာပါ။ အဲဗာတန်ကိုတော့ မျှော်လင့် မထားခဲ့ကြပါဘူး။
အခုတော့ မာတီ နက်ဇ်ဟာ တတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဲဗာတန်ရဲ့ ပထမရာသီဝက်ခရီးဟာ
အကောင်းဆုံးဖြတ်သန်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဲဗာတန်ဟာပထမ ရာသီဝက်မှာ အသင်း
ကြီးတွေအားလုံး နဲ့ ကစားပြီးသွားခဲ့ပြီဖြစ်ပါတယ်။အသင်းကြီး ခြောက်သင်းနဲ့ ဘယ်လို ကစား
သွားသလဲဆိုတာကို ကြည့်လိုက် ရင် ချယ်လ်ဆီးကိုအနိုင်၊ မန်ယူကို အနိုင်၊ မန်စီးတီးကိုအရှုံး၊
အာဆင်နယ် ကိုသရေ၊ လီဗာပူးကိုသရေ၊ စပါးကို သရေ စုစုပေါင်းအနိုင်နှစ်ပွဲ၊ သရေသုံးပွဲ၊ အရှုံး
တစ်ပွဲ အသင်းကြီးခြောက်သင်း ထံကနေ ရမှတ်ကိုးမှတ်ရယူသွားခဲ့ပါ တယ်။

မန်စီးတီးတစ်သင်းကိုပဲ ရှုံးခဲ့တာကိုကြည့်လိုက်ရင် အဲဗာတန်ဟာထိပ်တန်းခြေစွမ်းတစ်ခုကို ပိုင်
ဆိုင်ထားတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဂိုးမသွင်းနိုင်တဲ့ပွဲ ဟာ စပါးတစ်ပွဲသာပဲရှိခဲ့တာ
ကို ကြည့်လိုက်ရင် အဲဗာတန်ရဲ့ တိုက်စစ်ဟာ ထိပ်တန်းအဆင့် မျိုးဖြစ်တယ်ဆိုတာကို တွေ့ရ
တာပဲဖြစ်ပါတယ်။


 

အခုနောက်ဆုံး ထိပ်ဆုံးက အာဆင်နယ်ကိုသရေ ကစားလိုက်တဲ့ပွဲအပြီးမှာတော့ သူတို့ဟာ
ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် အိပ်မက်မက်လာခဲ့ကြပြီဖြစ်ပါတယ်။ အဆင့်(၅)နေရာက
အဲဗာတန်က တစ်ပွဲသာရှုံးထားချိန်မှာ အသင်းကြီး ခြောက်သင်းက ဘယ်လို ဖြစ်နေသလဲဆို
တာကြည့်လိုက်ရင် လက်ရှိချန်ပီယံ မန်ယူဟာ ငါးပွဲရှုံးထားပြီးဖြစ်ပါတယ်။ ချန်ပီယံ သရဖူကို
မန်ယူဘယ်လိုမှထိန်းသိမ်း နိုင်စွမ်း မရှိတော့ပါဘူး။

ချန်ပီယံ အသင်းဟာတစ်ရာသီလုံးမှာ လေးပွဲ ထက်ပိုပြီး ရှုံးနိမ့်လို့မရပါဘူး။ ချန်ပီယံ ဖြစ်မယ်လို့
ရေပန်းစားတဲ့ချယ်လ်ဆီးဟာ သုံးပွဲရှုံးထားပြီးဖြစ်ပါတယ်။ ဒုတိယနေရာက ရေပန်းစားနေတဲ့
မန်စီးတီးအသင်းက လေးပွဲရှုံးထားပြီး ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရပ်တည် နေတဲ့ လီဗာပူး
ဟာ သုံးပွဲရှုံးထားပြီးဖြစ် သလို ထိပ်ဆုံးက အာဆင်နယ်ဟာ နှစ်ပွဲ ရှုံးထားခဲ့ပါတယ်။ ရှုံးပွဲအနေ
အထားနဲ့ ကြည့်လိုက်ရင် အဲဗာတန်ဟာ ထိပ်ဆုံး မှာရှိနေတယ်ဆိုတာကို တွေ့ရမယ့်အနေ
အထားဖြစ်ပါတယ်။

တကယ်တော့ အဲဗာတန်ရဲ့ အင်အားဟာ ချယ်လ်ဆီး၊ မန်စီးတီးတို့ လူအင်အားနဲ့ အတော်ကို
ကွာခြားခဲ့တာပါ။ ဒါပေမဲ့သူတို့အခုလိုဘာလို့ တတ်နိုင်ခဲ့ရတာလဲကြည့်လိုက်ရင် မာတီ နက်ဇ်
ဟာ စူပါစတားအသင်းကို တည်ဆောက်ထားတာမဟုတ်ဘဲ အသင်းလိုက် စုစည်းမှုဆိုတာကို
တည်ဆောက်ထားနိုင်တာကြောင့်ဆိုတာ ထင်ရှားနေပါတယ်။

စတားပလေယာဆိုတာ အဲဗာတန်မှာ တစ်ယောက်မှ ရှိမနေခဲ့ပါဘူး။ အသင်းကို ကြည့်လိုက်ရင်
လူကာကူ၊ ဘယ်ရီ၊ဒီယူလိုဖူးတို့ဆိုတာ အငှားတွေနဲ့ခေါ် ထားရတဲ့ကစားသမားတွေသာပဲဖြစ်ပါ
တယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေ ဟာ အဲဗာတန်မှာ အကောင်းဆုံးကစား နိုင်သူတွေဖြစ်လာ
ခဲ့ပါတယ်။

အဲဗာ တန်လူငယ်က ထွက်လာတဲ့ ဘာကလေ ဟာ မာတီနက်ဇ်နဲ့အတွေ့မှာတော့ အကောင်း
ဆုံးပုံစံကို ရသူဖြစ်လာခဲ့ပါ တယ်။ ၄ဪ၂ဪ၃ဪ၁ ကစားကွက်အောက် မှာ
ဘာကလေဟာ အထောင်တိုက်စစ်က လူကာကူကို အထောက်အပံ့ပေးရုံတင် မဟုတ်တော့ဘဲ
သူကိုယ်တိုင်ကပါ တိုက်စစ်ကို တွဲနိုင်သူဖြစ်ခဲ့ပါတယ်။

အခုဆိုရင် သူ့ကို စောင့်ကြည့်နေတဲ့ထိပ်တန်းကလပ်တွေက အများအပြားဖြစ်လာနေပြီဖြစ်ပါ
တယ်။ မာတီ နက်ဇ်ရဲ့ စေျျငညါါောန ကစားဟန်အောက် မှာ အသင်းလိုက်စုစည်းမှုကောင်းခြင်း
က အဲဗာတန်အခုလိုထိပ်တန်းအဆင့်ကို ရောက်ဖို့ ဖြစ်လာစေတာပဲဖြစ်ပါတယ်။

လေတန်ဘိန်းစ် နာသွားလို့ နောက်တန်းဘယ်အစွန်ဟာ အခက်တွေ့လေမလား ထင်ရပေမယ့်
ကော် စတာရီကာလက်ရွေးစင် အိုဘီယေဒိုဟာလည်း အကောင်းဆုံးကစားနိုင်ခဲ့တော့ အဲဗာတန်
ဟာ နေရာစုံမှာ လုံလောက်မှုရှိတဲ့အသင်းဖြစ်လာစေခဲ့ပါတယ်။

ဒါကြောင့်လည်း မာတီနက်ဇ်ဟာပရီမီယာလိဂ်မှာ ဘယ်အသင်းကိုမှ မကြောက်ရွံ့ တော့ဘူးလို့့
ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ "အိမ်ကွင်းမှာ ချယ်လ်ဆီးကိုနိုင်ထားပြီ။ မန်ယူ ကို အဝေးကွင်း
မှာနိုင်ခဲ့တယ်။

ထိပ်ဆုံးက အာဆင်နယ်ကိုအဝေးကွင်းမှာသရေကစားနိုင် ခဲ့တယ်။ ဒါဟာ အဲဗာတန်ရဲ့ ထူးထူး
ကဲကဲ တိုးတက်လာမှုကြောင့်ပါ။ မော်ဒန်ဘောလုံး ကစားနည်းမှာတော့ ၁၁ ယောက်စလုံးဟာ
ခံစစ်ကို ရွေ့လျားကစားနိုင်ရမှာဖြစ်သလို တိုက်စစ်ကိုလည်း ၁၁ ယောက်စလုံး လိုက်ပါ
ကစားနိုင်ရပါမယ်။

ဒီနည်းနဲ့ အသင်းလိုက် စုစည်းမှုကို တည်ဆောက်ထားတာဖြစ်ပါ တယ်"လို့ မာတီနက်ဇ်က
ပြောဆိုလိုက်ပါတယ်။ မန်ယူပွဲ၊ အာဆင်နယ်ပွဲတွေမှာ တွေ့လိုက်ကြ ရမှာပါလို့လည်း ထပ်ဆင့်
ပြောဆိုသွားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ အဲဗာတန်ကို ရမှတ် ရ၀ ရအောင် ကစားသွားမယ်လို့ ပြောဆိုလိုက်ပါ တယ်။
ထိပ်သီးအသင်းကြီးတွေကို နောက်ကောက် ကျသွားအောင်ချထားနိုင်ခဲ့ခြင်းဟာ အဲဗာတန်
အတွက် အားရစရာဖြစ်ပေမယ့် ခရစ္စတယ် ပဲလေ့စ်လိုအသင်းကို သရေကျသွား၊ ဟားလ် စီးတီး
ကို အိမ်ကွင်းမှာ သရေကျသွားမျိုးတွေ ကတော့ နစ်နာမှုပဲဖြစ်ပါတယ်။ လက်ရှိအသင်း ကြီးတွေ
ကို ကစားခဲ့တဲ့ခြေစွမ်းမျိုးတွေကိုလည်း အသင်းငယ်တွေနဲ့တွေ့ရင်လည်း ပြသနိုင် ဖို့က အရေးကြီး
ပါတယ်။

ဒါမှသာချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုရရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိနိုဝင်ဘာ၊ ဒီဇင်ဘာခြေစွမ်းတွေ
ဟာ အဲဗာတန်အတွက် အကောင်းဆုံးပုံစံမှာ ရှိနေ သလိုမျိုး လက်ကျန်ပွဲတွေကိုကစားနိုင်ဖို့ လို
အပ်လာပြီဖြစ်ပါတယ်။

မန်ယူမှာ မိုယက်စ်တစ်ယောက် အခက်အခဲတွေနဲ့ကြံုတွေ့ နေချိန်မှာ အဲဗာတန် မန်နေဂျာသစ်
မာတီနက်ဇ် အနေနဲ့ကတော့ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်း နိုင်နေတာကတော့ မန်နေဂျာ
သစ်နှစ်ယောက် ရဲ့မတူညီမှုပဲဖြစ်ပါတယ်။ အခုဆိုရင် အဲဗာတန်ပရိသတ်တွေရဲ့ ယုံကြည်မှုက
မာတီနက်ဇ်အတွက် အားတက်လာစရာတွေ လည်းဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ပွဲကျပ် ကာ
လတစ်ခုကို ကျော်လွှားနိုင်မယ်ဆိုရင် အဲဗာတန်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ချယ်လ်ဆီး၊
မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ စပါးတို့နဲ့အပြိုင်ဖြစ်လာတော့မှာပဲ ဖြစ်ပါ တယ်။

လုံလောက်တဲ့ကွင်းလယ်ကစားကွက်နဲ့ အသင်းလိုက်စုစည်းမှုကောင်းနေခဲ့ခြင်းက အဲဗာတန်
အတွက် မျှော်လင့်လို့ရနိုင်လာတဲ့အနေအထားလို့ပဲ မြင်နေမိပါရဲ့...။



ဖတ်ရှုမှုအများဆုံး