ဒီတစ်ကြိမ် အိမ်ကွင်းပွဲမှာ မန်စီးတီး အနိုင်ရပါ့မလား - ပရီမီယာလိဂ်ပွဲစဉ်(၁၆)

ဒီတစ်ကြိမ် အိမ်ကွင်းပွဲမှာ မန်စီးတီး အနိုင်ရပါ့မလား - ပရီမီယာလိဂ်ပွဲစဉ်(၁၆)

မန်စီးတီး - အာဆင်နယ်
မန်ယူ၊ အဲဗာတန်၊ စပါးတို့ကို ဂိုးပြတ်တွေနဲ့ချည်း အနိုင်ရထားလို့ အာဆင်နယ် ခက်မှာပဲလို့
ထင်စရာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကို လျှော့တွက်လို့မရ ပါဘူး။ အာဆင်နယ်သရေတော့
ကစားနိုင်တဲ့ပွဲဖြစ်ပါတယ်။ အာဆင်နယ်က နေလိုက်ပါ။

စပါး-လီဗာပူး
နှစ်သင်းစလုံး ခြေပြန်ပြီးမှန်နေကြပါတယ်။လီဗာပူးက အိမ်ကွင်းမှာ နှစ်ပွဲ ဆက်တိုက်အနိုင်ရပြီး
ကိုးဂိုးသွင်းခဲ့သလို စပါးကလည်း အဝေးကွင်းမှာ နှစ်ပွဲ ဆက်တိုက်အနိုင်ရထားပါတယ်။ အခုပွဲ
ကအသင်းကို မရွေးဘဲ ဂိုးအများကို ရွေးတာ အကောင်းဆုံးဖြစ်ပါတယ်။

ဗီလာ-မန်ယူ
မန်ယူအနေနဲ့ အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက်ရှုံးလိုက်တဲ့ ထိုးနှက်မှုက ဒီပွဲမှာ ပေါက်ကွဲနိုင်မလား
ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အခုပွဲမှာ ဗီလာကို လျှော့တွက်လို့မရပါဘူး။ ဗီလာခြေတွေ့
ရင် မန်ယူကစားရခက်သွားနိုင်ပါတယ်။ ဂိုးအများကိုရွေးတာ အသင့်တော်ဆုံးပါ။

ချယ်လ်ဆီး-ခရစ္စတယ်
စပါယ်ရှယ်ဝမ်းကြီး ပြီးခဲ့တဲ့အပတ်က စတုတ် အနိုင်ယူသွားတာကိုခံလိုက်ရ ပါတယ်။ အခုပွဲက
ခရစ္စတယ်နဲ့အိမ်ကွင်းဆိုတော့ ချယ်လ်ဆီးနိုင်မှာ သေချာပါ တယ်။ ခံစစ်ကိုပဲ ဦးစားပေးထားနိုင်
လို့ ချယ်လ်ဆီးသုံးဂိုးတော့ သွင်းနိုင်မယ့်ပွဲ ဖြစ်ပါတယ်။

အဲဗာတန်-ဖူလ်ဟမ်
အဲဗာတန်ကတော့ဆရာကြီးဖြစ်နေပါတယ်။ မန်ယူကိုနိုင်၊ အာဆင်နယ်ကို သရေကစားထားလို့
စိတ်ဓာတ်ကတော့တက်နေပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ဟာ နည်းပြပြောင်းလဲသွားပြီးနောက်မှာ
ကစားပုံပြောင်းလဲသွားတာတွေ့ရပါတယ်။ အဲဗာတန်အခုပွဲနိုင်ရင်တောင် ဂိုးမပြတ်နိုင်လို့
ဖူလ်ဟမ်က နေရမှာပါ။

နယူးကာဆယ်-ဆောက်သမ်တန်
နယူးကာဆယ်ကတော့ အကောင်းဆုံးခြေစွမ်းကိုပြသနေပါတယ်။ နောက်ဆုံး ခြောက်ပွဲမှာ
ငါးပွဲနိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ ဆောက်သမ်တန်က အာဆင် နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး
တို့နဲ့ ကစားခဲ့ရလို့ ပွဲပန်းနေပါတယ်။ နယူးကာဆယ် အနိုင်ရမယ့်ပွဲဖြစ်သလို ဂိုးလည်းနည်း
မယ့်ပွဲဖြစ်ပါတယ်။

ကာဒစ်ဖ်-၀က်စ်ဘရွန်း
ကာဒစ်ဖ်က အိမ်ကွင်းဆိုရင် ကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ ၀က်စ် ဘရွန်းခြေစွမ်းက
သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ အိမ်ကွင်းကောင်း တဲ့ ကာဒစ်ဖ်ကိုကြိုက်ပါတယ်။

နော်ဝစ်ချ်-ဆွမ်ဆီး
နော်ဝစ်ချ်က အိမ်ကွင်းအားကိုးပြုကစားတဲ့အသင်းဖြစ်ပါတယ်။ ဆွမ်ဆီးက အိမ်ကွင်းကစားအား
ကောင်းပြီး အဝေးကွင်းမှာတော့ သင့်ရုံပဲ ရှိပါတယ်။ အခုပွဲက အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်လို့ ဂိုး
အနည်းကိုရွေးတာ အကောင်းဆုံးပါ။

၀က်စ်ဟမ်း-ဆန်းဒါးလန်း
၀က်စ်ဟမ်းက အိမ်ကွင်းဆိုရင်တော့ ကစားအားရှိတဲ့အသင်းဖြစ်ပါတယ်။ ဆန်းဒါးလန်းကလည်း
ရုန်းကန်နေရပေမယ့် ခံစစ်ကပျက်နေတာ ပြင်လို့မရဖြစ် နေပါတယ်။ ခြေမကွာကြလို့ ဒီပွဲဟာ
သရေနဲ့ပြီးသွားနိုင်တဲ့ပွဲဖြစ်ပါတယ်။

ဟားလ်စီးတီး-စတုတ်
ဟားလ်စီးတီးက အိမ်ကွင်းဆိုရင် အကောင်းဆုံးကစားနေတဲ့အသင်းဖြစ်ပါ တယ်။လီဗာပူးကို
တောင် အနိုင်ကစားထားပါတယ်။ စတုတ်ကျတော့လည်း ချယ်လ်ဆီးကို အနိုင်ကစားထားလို့
စိတ်ဓာတ်ကတက်နေပါတယ်။ ခြေက သိပ်ပြီး မကွာကြပါဘူး။ ဒီပွဲဟာ သရေနဲ့အဆုံးသတ်နိုင်
လို့ စတုတ်ကိုရွေးတာ အကောင်း ဆုံးပါ။



ဖတ်ရှုမှုအများဆုံး