နိုင်ပွဲပြန်ရှာမယ့် ဖီအိုရင်တီးနား - အီတလီစီးရီးအေပွဲစဉ်(၁၆)

နိုင်ပွဲပြန်ရှာမယ့် ဖီအိုရင်တီးနား - အီတလီစီးရီးအေပွဲစဉ်(၁၆)

ကာတာနီးယား-ဗီရိုနာ
ဆမ်ဒိုးရီးယား၊ အေစီမီလန်၊ တိုရီနိုတို့ကို သုံးပွဲဆက်တိုက်ရှုံးထားခဲ့ရာမှာ ကာတာနီးယားဟာ
ကိုးဂိုးအသွင်းခံလိုက်ရလို့ နောက်တန်း 'ပွင့်' နေတာထင်ရှား တယ်။ ဗီရိုနာကတော့ အတ္တလန္တာ
နဲ့ပွဲမှာအောက်ကလိုက်ပြီး မိနစ် ၈၀ ကျော်မှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့လို့ ကစားအား၊
စိတ်ဓာတ်ပြန်တက်လာတယ်လို့ ယူဆရတယ်။ ဗီရိုနာဘက်က အရဲစွန့်သင့်တယ်။

ချီယေဗို-ဆမ်ဒိုးရီးယား
မြို့ခံပြိုင်ဘက် ဗီရိုနာကို နိုင်တဲ့ပွဲကစပြီး တောက်လျှောက်ခြေတက်လာတဲ့ ချီယေဗိုဟာ လေးပွဲ
ဆက်တိုက် နိုင်ထားလို့ ပြန်ပြီးဦးမော့လာတယ်။ ဒါပေမဲ့ ဆမ်ဒိုးရီးယားကလည်း နည်းပြသစ်
မီဟိုင်းလိုဗစ် ကိုင်တွယ်ပြီးနောက် စွမ်းဆောင်ရည်ရော၊ ရလဒ်ပါ သိသိသာသာ တိုးတက်လာ
တယ်။ ချီယေဗိုတက်ရိပ် ပြနေပေမယ့် ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား-ဘိုလော့နာ
ဖီအိုရင်တီးနားဟာ စီးရီးအေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ နှစ်ခုတစ်ပြိုင်နက်တည်း ကစားနေရလို့ ပွဲကျပ်ပြီး
ဖိအားများနေပေမယ့် တိုက်စစ်နဲ့ ဂိုးသွင်းအားကတော့ ကျမသွားဘူး။ ဘိုလော့နာကတော့
ခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်နေရာ မှာ တိုက်စစ်ရော၊ ခံစစ်ပါ ရုန်းကန်နေရတယ်။ ဖီအိုရင်
တီးနားကို ပိုကြိုက်တယ်။

ဂျီနိုအာ-အတ္တလန္တာ
ဂျီနိုအာဟာ အိမ်ကွင်းခြေစွာပြီး 'ညှစ်' အားရှိသလို ၀ါရင့်တိုက်စစ်မှူး ဂီလာဒီနို ဂိုးမြူးနေတယ်။
အတ္တလန္တာကတော့ အဝေးကွင်းလေးပွဲဆက်တိုက် ရှုံးခဲ့ရာမှာ တစ်ဂိုးပဲပြန်သွင်းနိုင်လို့ တိုက်စစ်
ရော ခံစစ်ပါ အားရစရာမရှိဘူး။ ဂျီနိုအာ အတွက် သုံးမှတ်သေချာတဲ့ပွဲ ဖြစ်ပါတယ်။

လာဇီယို-လီဗော်နို
နာပိုလီနဲ့ တိုရီနိုတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ လာဇီယိုအနေနဲ့ အခုပွဲကို အနိုင်ရ အောင် 'ညှစ်'ပြီး
အသင်းကို ပြန်လည် ဆွဲတင်မယ်လို့ယူဆရတယ်။ လီဗော်နို က အေစီမီလန်ကို ၂-၂ သရေကျ
ခဲ့ပေမယ့် ခြေစွမ်းကအကျဘက်ရောက်နေ တယ်။ ကွင်းလယ်သာပြီး အိမ်ရှင်အားသာချက်ရှိတဲ့
လာဇီယိုကို ပိုကြိုက်တယ်။

ဂျူဗင်တပ်-ဆက်စူလို
အိမ်ကွင်းမှာ ဖီအိုရင်တီးနားကို ရှုံးနိမ့်ပြီးနောက် ဂျူဗင်တပ်ဟာ စီးရီးအေမှာ ခုနစ်ပွဲဆက်တိုက်
နိုင်ခဲ့တယ်။ ဆက်စူလိုကတော့ ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက် ရှုံးထားလို့ ခြေစွမ်းပြန်ကျသွားပြီလို့
ဆိုနိုင်တယ်။ ချန်ပီယံလိဂ် ကစားထားရ တဲ့အချက်ကို ထည့်တွက်ရမှာဖြစ်လို့ ဂျူဗင်တပ် ခပ်ပါးပါး
အနိုင်လောက်ပဲ ကစား မယ်လို့ ယူဆရတယ်။

နာပိုလီ-အင်တာမီလန်
ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲအဖြစ် အိမ်ကွင်းမှာ အာဆင်နယ်ကို အကြိတ် အနယ်ကစားထား
ရလို့ ပွဲပန်း၊ ပွဲကျပ်တဲ့ ဒဏ်ချက်တွေကို နာပိုလီတို့ အနည်းနဲ့ အများ ခံစားနေရတယ်။ အင်တာ
မီလန်ကတော့ အောက်တိုဘာလကုန်ပိုင်းက စပြီး ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိသေးပေမယ့် အဝေး
ကွင်းလေးပွဲမှာနိုင်ပွဲတစ်ပွဲ သာ ရခဲ့တယ်။ အင်တာမီလန် သရေလောက်ကစားနိုင်မယ်လို့ ယူဆ
မိတယ်။

ပါးမား-ကက်ဂလီယာရီ
မထင်မှတ်ဘဲ နာပိုလီကွင်းမှာ ၁-၀ နဲ့ နိုင်လိုက်တာကလွဲရင် လက်ရှိအချိန်မှာ ပါးမားခြေစွမ်းက
'အကျဘက် ယိုင်'နေတယ်။ ကက်ဂလီယာရီကတော့ခြေစွမ်း ပြန်လည်ဦးမော့လာပြီး ဂိုးသွင်း
အား ပြန်တက်လာတယ်။ ဒါကြောင့် ကက်ဂလီ ယာရီကို ရွေးချယ်သင့်တယ်။

ယူဒီးနိစ်-တိုရီနို
ဖီအိုရင်တီးနား၊ ဂျူဗင်တပ်၊ နာပိုလီတို့ကို ဆက်တိုက်ကစားခဲ့ရတဲ့ ယူဒီးနိစ်ဟာ လတ်တလော
ထိပ်သီးတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပေမယ့် ဂျူဗင်တပ် တစ်သင်းကိုပဲ ၁-၀ နဲ့ ပွတ်
ကာသီကာ ရှုံးခဲ့တယ်။ တိုရီနိုကတော့ အဝေးကွင်း ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရာမှာ ၁၀ ဂိုး
အသွင်းခံလိုက်ရလို့ တစ်ပွဲပျမ်းမျှပေးဂိုး နှစ်ဂိုးနှုန်းရှိနေတယ်။ ယူဒီးနိစ်ကို ပိုကြိုက်တယ်။



ဖတ်ရှုမှုအများဆုံး