ရိုးမားနဲ့ ဂိုးအများကို ရွေးသင့်တယ်

ရိုးမားနဲ့ ဂိုးအများကို ရွေးသင့်တယ်

အေစီမီလန်-ရိုးမား
စက်တင်ဘာ ၂၈ ရက်တွင် ဆမ်ဒိုး ရီးယားကို ၁-၀ ဖြင့်နိုင်ခဲ့သော ပွဲစဉ်မှ စ၍ ပြန်လည်ရေတွက်
ခဲ့လျှင် အေစီ မီလန်သည် စီးရီးအေ ၁၀ ပွဲဆက်တိုက် တွင် နိုင်ပွဲသုံးပွဲသာ ရခဲ့သည်။

ယင်း သုံးပွဲမှာ ဆမ်ဒိုးရီးယားနှင့် ယူဒီးနိစ် တို့ကို အိမ်ကွင်း၌ ၁-၀ ဖြင့် ပွတ်ကာ သီကာနိုင်ခဲ့ပြီး
အဝေးကွင်းတွင် ကာတာနီးယားကို ၃-၁ ဖြင့် နိုင်သော ပွဲများဖြစ်သည်။ ကျန်ခုနစ်ပွဲတွင် ဂျူဗင်
တပ်၊ ပါးမား၊ ဖီအိုရင်တီးနားတို့ကို အရေးနိမ့်ပြီး လေးပွဲသရေကျခဲ့ သောကြောင့် အေစီမီလန်ခြေ
စွမ်း သည် 'အကျဖက် ယိုင်'နေကြောင်း ထင်ရှားသည်။

စီးရီးအေနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်ကစားရာ၌ အေစီမီလန်သည် ချန်ပီ
ယံလိဂ်တွင် အခြေအနေကောင်းသော်လည်း စီးရီးအေ၌ ခြေစွမ်းကျဆင်းမှုများနှင့် ဆက်တိုက်
ကြံုတွေ့နေရသည်။ နောက် တန်းတွင် ထိခိုက်ဒဏ်ရာရသူ များပြား ကာ မတည်ငြိမ်မှုများ ကြံု
တွေ့နေရချိန် နှင့် တိုက်ဆိုင်စွာပင် ကွင်းလယ်တိုက်စစ် သမား ကာကာသည်လည်း ဒဏ်ရာ
ကြောင့် တစ်လဝန်းကျင် နားလိုက်ရ သည်။ ထိုအတောအတွင်းမှာပင် တိုက်စစ်တွင်လည်း
ဘာလိုတယ်လီ ဂိုးပေါက်ပျောက်သွားသည်။

အေစီမီလန်ရှေ့တန်းတွင် မာထရီ၊ ရော်ဘင်ဟို၊ ပြင်သစ်တိုက်စစ်မှူးလေး နီယန်းနှင့် ဒဏ်ရာမှ
ပြန်လည် သက်သာ လာသော အဲလ်ရှာဝီတို့ရှိကြသော်လည်း ဂိုးရရှိရေးမှာ ဘာလိုတယ်လီနှင့်
ကာကာတို့ပေါ်တွင်သာ အများဆုံး မှီခို နေရသည်။

သို့ရာတွင် ပြီးခဲ့သော စီးရီးအေနှစ်ပွဲဆက်တိုက်တွင် ဘာလိုတယ်လီ ဂိုးများပြန်လည် သွင်းယူ
လာနိုင်ခြင်းကြောင့် အေစီမီလန်တိုက်စစ် ကို ပြန်လည် သတိမူစရာ ဖြစ်လာသော် လည်း ယေ
ဘုယျအားဖြင့် ဘာလိုတယ်လီနှင့် ကာကာတို့ကို ထိန်းချုပ်နိုင်လျှင် အေစီမီလန်၏ ဂိုးသွင်း
ယန္တရား ရပ်တန့် သွားနိုင်ဖွယ်ရှိသည်။

တစ်ဖက်တွင် ရိုးမားသည် တိုရီနို၊ ဆော့စူလို၊ ကက်ဂလီယာရီ၊ အတ္တ လန္တာတို့နှင့် လေးပွဲဆက်
တိုက် သရေ ကျခဲ့ပြီးနောက် အသင်းကိုပြန်လည် 'ဆွဲတင်'ရန် အတော်ပင် ကြိုးပမ်းခဲ့ရ သည်ကို
တွေ့ရသည် အသင်းခေါင်းဆောင် တိုက်စစ်မှူး တော့တီနှင့် ဂျာဗင်ဟိုတို့ ဒဏ်ရာရချိန်မှ စတင်
ကာ နိုင်ပွဲပျောက် သွားသော ရိုးမားတွင် ဂျာဗင်ဟိုပြန်လည် ကစားနိုင်ပြီဖြစ်သော်လည်း တော့
တီ မှာ ယခုချိန်ထိ နားနေရသေးသည်။

ထို အခြေအနေတွင် ရိုးမားသည် အသင်း ကို ပြန်လည်'ဆွဲတင်'ရန် အတော်ပင် ကြိုးစားခဲ့ရသော်
လည်း ပြီးခဲ့သော ပွဲစဉ်တွင် ဖီအိုရင်တီးနားကို ၂-၁ ဖြင့် နိုင်လိုက်ခြင်းကြောင့် ဆိုးရွားသော
အချိန်ကာလတစ်ခုကို ကျော်ဖြတ်သွား နိုင်ပြီဟု ဆိုရမည် ဖြစ်သည်။

ရိုးမားကွင်းလယ် ဗဟိုချက်တွင် ဒီရော့စီ (၃၀ နှစ်)၊ ပန်နစ် (၂၂ နှစ်)၊ ကီဗင်စထရုမင်း (၂၃ နှစ်)
တို့နှင့် စုဖွဲ့ ထားပြီး ၀ါရင့်ကစားသမား ဒီရော့စီဖြင့် အဓိက ထိန်းကျောင်းပေးထားသော ကြောင့်
ကစားအား၊ ပြေးအား၊ ဖျက်အား၊ ရွေ့လျားမှု၊ ကစားကွက်ဖော်ဆောင်မှု အစရှိသည့်အပိုင်းများကို
ဟန်ချက်ညီညီ လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ပြီးခဲ့သော ပွဲစဉ်များအတွင်း ရိုးမား ကွင်းလယ် ဗဟိုချက်၏ စွမ်းဆောင်ရည် ပိုင်းသည်
ပုံမှန်အောက်ဘက်သို့ အနည်း ငယ်ကျဆင်းသွားသော်လည်း အဓိက ပြဿနာမှာ အပြီး
သတ်ဂိုးသွင်းယူမှု ကျဆင်းသွား၍သာ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားခြင်း ဖြစ်သည်။

ခြံုကြည့်လျှင် အေစီမီလန်သည် အိမ်ရှင်အားသာချက် ရှိသော်လည်း ကြားရက်ထဲတွင် ချန်ပီယံ
လိဂ်ပွဲစဉ် အဖြစ် အေဂျက်ဇ်ကို ကစားထားရ သည်။ တစ်ဖန် အေစီမီလန်သည် စီးရီးအေပွဲစဉ်များ
အတွင်း ခြေစွမ်းမတည် ငြိမ်မှုများနှင့် ကြံုတွေ့နေရပြီး ထိပ်သီး များနှင့် ရင်ဆိုင်ရာတွင်လည်း
ရလဒ် များ ဆိုးရွားခဲ့သည်။ တစ်ဖက်တွင် ရိုးမားသည် အသင်းခေါင်းဆောင် တော့တီ ပြန်ကစား
လာနိုင်ဖွယ်ရှိသော ကြောင့် တိုက်စစ်ပိုင်းကို များစွာ အား တက်စေသည်။

ရိုးမားနောက်တန်းသည် ပေးဂိုးမြင့်တက် လာသော်လည်း မည်သည့်အသင်းကိုမျှ တစ်ဂိုးထက်
ပိုပေးရခြင်းမရှိပေ။ သို့ကလိုကြောင့် ယခုပွဲတွင် ရိုးမား ကို ကြိုက်ပြီး ဂိုးများသောပွဲ ဖြစ်လာ နိုင်
သည်။



ဖတ်ရှုမှုအများဆုံး