အိ်မ်ကွင်းဖြစ်ပေမယ့် ဘာကာကို သတိထားပြီး ရွေးရမယ်

အိ်မ်ကွင်းဖြစ်ပေမယ့် ဘာကာကို သတိထားပြီး ရွေးရမယ်

ဘာစီလိုနာ - ဗီလာရီးယဲလ်
ကြားထဲမှာ ကိုပါဒယ်ရေးပွဲတွေ ၀င်လာပြီးနောက် ပြန်ကစားမယ့် လာလီဂါကတော့ ပိုပြီးစိတ်ဝင်
စားစရာ ကောင်းသွားပါပြီ။ ဘာစီလိုနာနဲ့ အလက်တီကိုက အမှတ်တူ၊ ဒီနှစ်သင်း ရဲ့ နောက်သုံး
မှတ်အကွာမှာ ရီးယဲလ် မက်ဒရစ်က ကပ်လိုက်လာလို့ ဆောင်း မခိုမီ လာလီဂါရဲ့ ချန်ပီယံဘယ်
သူဖြစ် မလဲဆိုတာကိုတောင် မှန်းဆရခက်လာ ခဲ့ပါပြီ။

အထူးသဖြင့် အရှိန်ကောင်းကောင်း နဲ့ပွဲထွက်လာတဲ့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ပွဲစဉ်(၁၅) မှာပဲ
ဘီလ်ဘာအိုကို အဝေး ကွင်းမှာ ၁-၀ နဲ့ ရှုံးပွဲသွားကြံုလိုက်လို့ ဘာစီလိုနာအတွက်တော့ အရှိန်
လျော့ သွားသလို ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလာခဲ့ပါ တယ်။

ဒီတစ်ပတ်လည်း ဘာစီလိုနာ ရင်ဆိုင်ကစားရမယ့် အသင်းဟာ လာလီဂါ ရဲ့အဆင့်(၅) နေရာမှာ
ရှိနေ တဲ့ ဗီလာရီးယဲလ်နဲ့ဖြစ်လို့ ဘာစီလိုနာ အတွက်တော့ ၂၀၁၄ ကိုမကူးမီ ပွဲကျပ် တွေကြားမှာ
ရလဒ်ကောင်းအောင် ဆက်ပြီးစွမ်းဆောင်နိုင်ပါ့မလားဆိုတာ ကလည်း စောင့်ကြည့်ချင်စရာပို
ကောင်း လာခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာ အခု ဗီလာ ရီးယဲလ်နဲ့ပွဲကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာဖြစ်လို့ အခွင့်
အရေးတော့ ပိုကောင်းနေတယ်လို့ ပြောနိုင်တယ်။ အိမ်ကွင်းပွဲတွေမှာ ဘာစီလိုနာဟာ ပုံမှန်ခြေ
စွမ်းပြလေ့ရှိပြီး တိုက်စစ်ပိုင်း မှာလည်း အိမ်ကွင်းမှာ ဂိုးရအောင်ပိုပြီး ကစားတတ်တဲ့ပုံမျိုးကြောင့်
ဒီပွဲဟာ ဗီလာရီးယဲလ်ရဲ့ တောင့်ခံနိုင်စွမ်းကိုပဲ စောင့်ကြည့်ရပါလိမ့်မယ်။

ဗီလာရီးယဲလ်ကတော့ ဒီရာသီမှာ တန်းတက်လာတဲ့အသင်းဆိုပေမယ့် အရင်သူတို့ရဲ့ အရှိန်အဝါ
ကို ဆက်ပြီး ထိန်းထားနိုင်ခဲ့ပြီး အဆင့်(၅) အထိ ရောက်အောင် အကောင်းဆုံးကစားပြ နေတယ်။
ဒါပေမဲ့ ဗီလာရီးယဲလ်ရဲ့ ခံစစ် ပိုင်း အားနည်းမှုရှိနေသေးတာရယ်၊ အဝေးကွင်းပွဲတွေမှာ ခြေစွမ်း
အတက် အကျမမှန်သေးတဲ့ အချက်တွေက တော့ ဗီလာရီးယဲလ်ရဲ့ အားနည်းမှုလို ဖြစ်နေ
ပါတယ်။

ဒါပေမဲ့ အူချီဦးဆောင် တဲ့ ဗီလာရီးယဲလ်တိုက်စစ်ဟာ ဂိုးရ အောင် ကစားတတ်တဲ့အချက်က
တော့ ခံစစ်ကြောင်းမှာ တည်ငြိမ်မှုလိုနေသေး တဲ့ ဘာစီလိုနာကို ပြန်ခြိမ်းခြောက် နိုင်မယ့်အချက်
တစ်ခုလို့တော့ပြောနိုင် တယ်။

ကစားကွက်ပိုင်းမှာ ဘာစီလိုနာ လိုအသင်းကို ယှဉ်နိုင်ဖို့ သိပ်မလွယ်လှ ပေမယ့်လည်း ဗီလာရီး
ယဲလ်ရဲ့ တန်ပြန် တိုက်စစ်တွေဟာ ထိရောက်မှုရှိတတ် တာ တွေ့ရတယ်။ တိုက်စစ်မှာ ဒေါ့ဆန်း
တို့စ်ရဲ့ အကွက်မြင်တတ်မှု၊ လျင်မြန်မှု တွေက ဘာစီလိုနာနောက်တန်းကို အလုပ်များစေနိုင်
သလို ကွင်းလယ်မှ ကာနီရဲ့ ဖန်တီးပေးနိုင်စွမ်းတွေက လည်း ဘာစီလိုနာရဲ့ ခံစစ်အတွက်
သတိထားရမယ့်အချက်ဖြစ်နေတယ်။

ဘာစီလိုနာကတော့ ချန်ပီယံလိဂ်နဲ့ လာလီဂါမှာအဝေးကွင်း နှစ်ပွဲဆက် အရှုံးကြောင့် ဖိအားတွေ
၀င်လာတဲ့ အပြင် ဝေဖန်မှုအချို့ကိုပါခံလာရ ပေမယ့် ပြီးခဲ့တဲ့ ကိုပါဒယ်ရေးပွဲမှာ တော့ အသင်း
ငယ်လေး ကာတာဂီနာ ကို ရင်ဆိုင်ရာမှာ နည်းပြမာတီနိုဟာ သူ့အသင်းကို ဖိဖိစီးစီးကစားစေခဲ့
ပြီး လူအင်အားအပြည့်နီးပါးပွဲ ထုတ်ကစား ခိုင်းခဲ့လို့ ဘာစီလိုနာရဲ့ အနိုင်ရလဒ် ဟာလည်း ပြတ်
သားမှုရှိခဲ့တာတွေ့ရ တယ်။

ဒါပေမဲ့ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ၊ ပက်ဒရို၊ အလက်ဆစ်တို့ရဲ့
ဂိုးသွင်းနှုန်းတွေ ကတော့ လိုအပ်မှုတွေရှိနေသေးတာ ကိုတွေ့ရတယ်။ ကိုပါဒယ်ရေးမှာ
ရင်ဆိုင်ခဲ့ရတာဟာ အသင်းငယ်လေး ဖြစ်လို့ ဘာစီလိုနာရဲ့အနိုင်ပြတ်သားမှု ဟာ သိပ်ပြီး
ချီးကျူးချင်စရာမရှိလှ ပေမယ့် ဖိအားပြန်ဝင်လာတဲ့ လာလီဂါ ဘက်မှာတော့ ဘာစီလိုနာ
ဟာ အိမ်ကွင်း အမှားအယွင်းမလုပ်မိဖို့ ပိုပြီးကြိုးစား လာတော့မယ့်ပုံမှာရှိတယ်။

ကြားထဲမှာ ချန်ပီယံလိဂ်နောက်ဆုံး ပွဲအဖြစ် ဆဲလ်တစ်နဲ့လည်းကစားထား ခဲ့ရတာကြောင့်
နည်းပြမာတီနိုဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ သူ့အသင်းကို အပြောင်းအလဲ အနည်းငယ်လုပ်လာ
နိုင်ပေမယ့်လည်း အဓိကကစားသမား တွေဖြစ်တဲ့ နောက်တန်းမှပီကေး၊ ကွင်းလယ်မှ ဇာဗီ၊
အင်နီယေစတာ၊ ဘက်စ်ကွက်ဇ်၊ ရှေ့တန်းမှာ နေမာ၊ အလက်ဆစ်တို့လို ကစားသမားမျိုးတွေ
ကို ချန်ထားတဲ့အထိတော့ စွန့်စားလိမ့် မယ်မထင်ပါဘူး။ ဗီလာရီးယဲလ် အသင်းကလည်း
ခြေစွမ်း တောင့်တင်း တဲ့ အသင်းမျိုးဖြစ်လို့ ဘာစီလိုနာ အတွက် ပေါ့ဆလို့မရတဲ့ပွဲမျိုးဆိုတာ
နည်းပြမာတီနိုလည်း သဘောပေါက် ပါလိမ့်မယ်။

ဒါပေမဲ့ ဘာစီလိုနာရဲ့အနေအထား ကြောင့် ဘာစီလိုနာကိုပဲ အရဲစွန့်ရွေး ထားရမှာဖြစ်ပြီး
ဂိုးများနိုင်တဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်ထင်ပါတယ်။

အခြားပွဲစဉ်များ
လီဗန်တေး - အယ်လ်ချီ *
* အိုဆာဆူနာ - ရီးယဲလ်
ရာယို - ဂရန်နာဒါ *
* မာလာဂါ - ဂီတာဖေး
* အယ်လ်မီရီယာ - အက်စ်ပန်ညို
* ဆိုစီဒက် - ဘက်တစ်
* ဆီဗီလာ - ဘီလ်ဘာအို
* အလက်တီကို - ဗလင်စီယာ
ဗယ်လာဒိုးလစ် - ဆယ်လ်တာ *




ဖတ်ရှုမှုအများဆုံး