လီဗာပူး - ကာဒစ်ဖ်
လီဗာပူးအနေနဲ့ စပါးကို ဂိုးပြတ်နိုင်လိုက်တာဟာ စိတ်ဓာတ်အားပိုပြီးတက်သွားစေပါတယ်။
အခုလည်း ကာဒစ်ဖ်ကို အိမ်ကွင်းမှာ ကစားရမှာဆိုတော့ အနိုင် ရဦးမှာ သေချာပါတယ်။
လီဗာပူးကိုပဲရွေးချယ်ရမှာ ဖြစ်ပါတယ်။
မန်ယူ - ၀က်စ်ဟမ်း မန်ယူ ပြန်ပြီးအခြေအနေကောင်းလာပါပြီ။အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက်
ရှုံးပေမယ့် ချန်ပီယံလိဂ် အပါအဝင် နှစ်ပွဲဆက်တိုက် ပြန်ပြီးအနိုင်ရနေပါတယ်။ ဒီအခြေအနေက
မန်ယူပြန်ကောင်းလာခြင်း ဖြစ်ပါတယ်။ မန်ယူ အနည်းဆုံး နှစ်ဂိုးပြတ်ပါလိမ့်မယ်။
ဖူလ်ဟမ် - မန်စီးတီး
မန်စီးတီးက တိုက်စစ်ကစားအားကောင်းနေပေမယ့် အဝေးကွင်းရောက်ရင် ဘာကြောင့်ကစားရ
ခက်တယ်ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ဖူလ်ဟမ်အိမ်ကွင်းမှာ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။
ဖူလ်ဟမ်နဲ့ ဂိုးအများကို ကြိုက်ပါတယ်။
ဆွမ်ဆီး - အဲဗာတန်
လီဗာပူးကို သရေကျပြီးတဲ့ နောက်ပိုင်းကစပြီး အဲဗာတန် တောက်လျှောက် အောင်နေပါတယ်။
အခုလည်း အောင်မှာပဲလို့ ထင်စရာဖြစ်ပေမယ့် ဆွမ်ဆီးကို လျှော့တွက်လို့မရပါဘူး။ ဆွမ်ဆီးအိမ်
ကွင်းရုန်းအားမှာ အဲဗာတန်အခက် တွေ့နိုင်တဲ့ပွဲဖြစ်ပါတယ်။
ဆောက်သမ်တန် - စပါး
ဆောက်သမ်တန်ကို လျှော့တွက်လို့မရပါဘူး။ အိမ်ကွင်းမှာ မန်စီးတီးကို သရေကစားထားပါတယ်။
စပါးက ဒီပွဲအမီ နည်းပြခန့်နိုင်ပါ့မလား စဉ်းစား ရပါတယ်။ အိမ်ရှင်ကို ရွေးရမှာ ဖြစ်ပါတယ်။
ခရစ္စတယ် - နယူးကာဆယ်
ခရစ္စတယ်က နည်းပြပြောင်းအပြီးမှာ ကစားပုံပြန်ကောင်းလာနေပါတယ်။ နယူးကာဆယ်က အဝေး
ကွင်းမှာ ခြေသိပ်မမှန်ပါဘူး။ ဆွမ်ဆီးကိုရှုံးပြီး မန်ယူ ကိုတော့ နိုင်ထားပါတယ်။ မှန်းရခက်တဲ့အသင်း
ဖြစ်ပါတယ်။ အခုပွဲမှာ ခရစ္စတယ် ရုန်းအားရှိလို့ ခရစ္စတယ်ကို ရွေးသင့်ပါတယ်။
စတုတ် - ဗီလာ
စတုတ်ခြေပြန်ကောင်းလာနေပါတယ်။ ချယ်လ်ဆီးကို အနိုင်ရအပြီးမှာ ဟားလ် စီးတီးကိုလည်း
သရေကစားထားပါတယ်။ ဗီလာက နှစ်ပွဲဆက်တိုက်ရှုံးထားပါ တယ်။ စတုတ်အနိုင်ရမယ့်ပွဲ ဖြစ်
ပါတယ်။
ဆန်းဒါးလန်း - နော်ဝစ်ချ်
ဆန်းဒါးလန်းဟာ ပြီးခဲ့တဲ့အပတ်က ၀က်စ်ဟမ်းကိုအဝေးကွင်းမှာ သရေကစား ထားခဲ့သလို
ကစားပုံ တော်တော်လေးကောင်းတာ တွေ့ရပါတယ်။ နော်ဝစ်ချ် ရလဒ်ပိုင်းကောင်းနေပေမယ့်
ဆန်းဒါးလန်း ဂိုးစသွင်းပြီး အနိုင်ရသွားမယ့်ပွဲပါ။
၀က်စ်ဘရွန်း - ဟားလ်စီးတီး
၀က်စ်ဘရွန်းက နည်းပြပြောင်းလဲသွားပြီဖြစ်လို့ အသင်းဟာလည်း အပြောင်း အလဲ ဖြစ်လာနိုင်
ပါတယ်။ ဟားလ်စီးတီး နောက်ဆုံးသုံးပွဲ နိုင်ပွဲပျောက်နေပါ တယ်။ ၀က်စ်ဘရွန်းနိုင်ပွဲတွေ့မှာ
သေချာတဲ့ပွဲဖြစ်ပါတယ်။
အာဆင်နယ် - ချယ်လ်ဆီး
ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ အာဆင်ဝင်းဂါးနဲ့ မော်ရင်ညို အားပြိုင်မယ့်ပွဲ ဖြစ်
ပါတယ်။ ချယ်လ်ဆီးက အဝေးကွင်းကစားပုံကောင်းတဲ့ အသင်းမဟုတ်သလို ခံစစ်က အာဆင်နယ်
ထက် ပိုဆိုးနေပါတယ်။ အာဆင်နယ် ဘောလုံးပိုင်ဆိုင်မှု အသာစီးရမယ့် ပွဲပါ။ အာဆင်နယ်အနိုင်
ရမှာပါ။














