ဒီတစ်ပတ်မှာတော့ တန်းစီဇယားထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဖီဖာကမ္ဘာ့
ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက်ရမှာမို့ ဘွန်ဒက်စ်လီဂါမှာ ရှစ်ပွဲပဲ ကစားရမှာဖြစ်ပါတယ်။
ဘိုင်ယန်ကို ဖိအားပေးနေတဲ့ လေဗာကူဆင်နဲ့ ဒေါ့မွန်တို့လည်း အခုပွဲစဉ်(၁၇)မှာ အနိုင်ရလိမ့်မယ်
လို့ မျှော်လင့်မိပါတယ်။
ဖရန့်ဖတ် - အော့စ်ဘတ်
နောက်ဆုံးတွေ့ဆုံမှု
၁၄-၄-၁၃ အော့စ်ဘတ် ၂-၀ ဖရန့်ဖတ်
သူတို့နှစ်သင်း နောက်ဆုံးတွေ့ဆုံချိန် နှစ်ကြိမ်အထိမှာတော့ ကိုယ့်ကွင်း ကိုယ်နိုင်၊ သူ့ကွင်းသူနိုင်
ဖြစ်ခဲ့ကြပါ တယ်။အော့စ်ဘတ်က အဝေးကွင်းရှစ်ပွဲမှာ နှစ်ပွဲပဲနိုင်ထားတာကိုတွေ့ ရမှာပါ။ ဖရန့်ဖတ်
ကျိန်းသေအနိုင်ပါ။
ဒေါ့မွန် - ဟာသာဘာလင်
နောက်ဆုံးတွေ့ဆုံမှု
၁၈-၂-၁၂ ဟာသာဘာလင် ၀-၁
ဒေါ့မွန်အိမ်ရှင်ဒေါ့မွန်အနေနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေအတက်အကျ မမှန် ပါဘူး။ဘိုင်ယန်
ကစားခွင့်မရသေး တာကို အခွင့်ကောင်းယူပြီး အိမ်ကွင်း မှာ ဒေါ့မွန်နိုင်ပွဲပြန်ရှာမယ်။
၀ါဒါဘရီမင် - လေဗာကူဆင်
နောက်ဆုံးတွေ့ဆုံမှု
၂၇-၄-၁၃ လေဗာကူဆင် ၁-၀ ၀ါဒါဘရီမင်
၀ါဒါဘရီမင်ရဲ့ အိမ်ကွင်းနောက်ဆုံး ပွဲတွေမှာ အရှုံးများနေတာမို့ သူတို့ကို စိတ်ချလို့မဖြစ်နိုင်ပါဘူး။
ဟာသာဘာလင်ကိုတောင် ကပ်ရှုံးခဲ့တဲ့ အိမ်ရှင်ကို လက်ရှောင်သင့်ပါတယ်။
ဖရိုင်းဘတ် - ဟန်နိုဗာ
နောက်ဆုံးတွေ့ဆုံမှု
၁၃-၄-၁၃ ဖရိုင်းဘတ် ၃-၁ ဟန်နိုဗာ
တန်းဆင်းဇုန်ထဲရောက်နေတဲ့ အိမ်ရှင် ဖရိုင်းဘတ်ဟာ အိမ်ကွင်းနိုင်ပွဲလုံးဝ မရှိသေးတဲ့ အသင်း
ဖြစ်ပါတယ်။ ဟန်နိုဗာကလည်း အဝေးကွင်းမှာ ရာနှုန်း ပြည့် ရှုံးထားတဲ့အသင်းပါ။ အဝေး ကွင်းမှာ
ပေးဂိုးများတဲ့ ဟန်နိုဗာကို မေ့ထားချင်ပါတယ်။
ဟမ်းဘတ် - မိန့်ဇ်
နောက်ဆုံးတွေ့ဆုံမှု
၁၃-၄-၁၃ မိန့်ဇ် ၁-၂ ဟမ်းဘတ်
ဟမ်းဘတ်ရဲ့ ဒီရာသီအိမ်ကွင်းရလဒ် က အိမ်ကွင်းခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင် ရရှိထားတာဖြစ်ပါ
တယ်။ မိန့်ဇ်ကလည်း အဝေးကွင်းမှာ နှစ်ပွဲသာနိုင်ထားတာ ပါ။ တန်းဆင်းဇုန်ထဲမရောက်အောင်
ရုန်းရမယ့်ဟမ်းဘတ်ကို ကြိုက်ပါ တယ်။
ဘရောက်ချ် - ဟော့ဖန်ဟိမ်း တွေ့ဆုံခဲ့မှု မရှိ
ဘရောက်ချ်ရဲ့ နောက်ဆုံးအိမ်ကွင်း ရလဒ်တွေ ဆိုးဝါးနေပါတယ်။ နောက် ဆုံးငါးပွဲမှာ လေးပွဲဆက်
တိုက် ဂိုးမသွင်းနိုင်တဲ့ အိမ်ရှင်နဲ့ လက်မတွဲသင့်ပါဘူး။
နုရင်ဘတ် - ရှော်လ်ကေး
နောက်ဆုံးတွေ့ဆုံမှု
၁၆-၃-၁၃ နုရင်ဘတ် ၃-၀ ရှော်လ်ကေး
တန်းဆင်းဇုန်ထဲရောက်နေတဲ့ အိမ်ရှင်နုရင်ဘတ် အခုအချိန်အထိ နိုင်ပွဲတစ်ပွဲမှမရသေးပါဘူး။ ၀ုဖ်
ဘတ်ကို ဖိအားပေးဖို့အတွက် ရှော်လ်ကေး အနိုင်သုံးမှတ်ယူပါလိမ့်မယ်။
မွန်ချင်ဂလက်ဘတ် - ၀ုဖ်ဘတ်
နောက်ဆုံးတွေ့ဆုံမှု
၂၇-၄-၁၃ ၀ုဖ်ဘတ် ၃-၁ မွန်ချင်
အစဉ်အလာအရ မွန်ချင်ကွင်းမှာ ၀ုဖ်ဘတ်မလှန်နိုင်ပါဘူး။ ၂-၀၊ ၄-၁ ဆိုတဲ့ ရလဒ်တွေက ၀ုဖ်ဘတ်
ကို ခြောက် လှန့်နေမှာပါ။ ဘိုင်ယန်၊ လေဗာကူဆင် တို့နဲ့အတူ အိမ်ကွင်းတိုက်စစ်ကောင်း တဲ့
မွန်ချင်ပါပဲ။
















