အင်တာမီလန်-အေစီမီလန်
နိုဝင်ဘာ ၂၄ ရက်တွင် ဘိုလော့နာကွင်း၌ အောက်ကလိုက်ပြီး ချေပဂိုး သွင်းယူပြီးနောက် ၁-၁
သရေကျသည့် ပွဲမှ စတင်ကာ အင်တာမီလန် ခြေစွမ်း သည် အကျဘက်သို့ 'ယိုင်'သွားသည်။
ယင်းပွဲစဉ်မှ စတင်ရေတွက်မည် ဆိုလျှင် အင်တာမီလန်သည် စီးရီးအေ လေးပွဲဆက်တိုက်နိုင်ပွဲ
ပျောက်သွား သည်။ ထိုသို့ နိုင်ပွဲပျောက်သွားသည့် လေးပွဲအတွင်း အင်တာမီလန်နောက် တန်း
သည် ပွဲတိုင်း ဂိုးပေးခဲ့ရပြီး စုစုပေါင်း ကိုးဂိုး သွင်းခံရသည်။ တစ်ဖန် ယင်းလေးပွဲအတွင်း အင်တာ
မီလန် ရင်ဆိုင်ခဲ့သောအသင်းများကို ပြန်ကြည့်လိုက်ပါက နာပိုလီတစ်သင်း သာ ထိပ်သီးဖြစ်ပြီး
ကျန်သုံးသင်းမှာ အလယ်အလတ်နှင့် အောက်အသင်း များ ဖြစ်ကြသည်။
နာပိုလီနှင့်ပွဲတွင် လည်း အင်တာမီလန်သည် လေးဂိုး သွင်းခံရသည်။ ခြံုကြည့်လျှင် အင်တာမီလန်
နောက်တန်းသည် လုံခြံုမှု သိသိ သာသာ ကျဆင်းသွားသည်ကို တွေ့ရ သည်။ နာပိုလီကို ၄-၂
ဖြင့်ရှုံးပြီး အိမ်ကွင်း တွင် ပါးမားကို ၃-၃ သရေကျသော နှစ်ပွဲ ဆက်တိုက်အတွင်း အင်တာမီလန်
ခံစစ်ကြောင်း ကစားပုံ များစွာအားရ ဖွယ်မရှိတာကို တွေ့ရသည်။
သုံးယောက် ခံစစ်တွင် ၀ါရင့်ကစားသမား ကမ်ပါနာရို ပြန်ကစားနိုင်ပြီးနောက် အီတလီ လက်ရွေး
စင် နာနော့ချီယာကို ဗဟိုခံစစ် 'အထိုင်'ချထားသဖြင့် အင်တာမီလန် ခံစစ်ကြောင်း ပြန်လည်ကောင်း
မွန် လာမည်ဟု ယူဆခဲ့သော်လည်း တကယ် တမ်းတွင် အထင်နှင့်အမြင်တို့ တက်တက်စင်အောင်
လွဲချော်ခဲ့သည်။
အင်တာမီလန်နည်းပြ မာရာဇီသည် လူငယ်များကို ပိုမိုပွဲထုတ်လာရာ အင်တာမီလန်သည် ကစား
အား၊ ပြေးအားနှင့် ရွေ့လျားမှုများ ကောင်းမွန် သော်လည်း အဓိကရင်ဆိုင်ရမည့် ပြဿနာမှာ ခံစစ်
မလုံခြံုမှု ဖြစ်သည်။
ယင်းပြဿနာသည် ကွင်းလယ်ခံစစ် မလုံခြံုရာမှ စတင်ခြင်းဖြစ်ပြီး အင်တာ မီလန်အနေဖြင့် ကွင်း
လယ်ခံစစ်သမား နှင့် ဘေူူတငညညနမ တစ်ယောက် တွဲကစားစေသော်လည်း ပြဿနာမှာ ပြေ
လည်သွားခြင်းမရှိပေ။ တစ်ဖန် ကွင်းလယ်နှင့် ခံစစ်ကစားသမားများအကြား နားလည် ချိတ်ဆက်
မှုပိုင်းတွင် အားနည်းချက် ရှိသောကြောင့် 'ပျော့ကွက်' များ ထွက် ပေါ်တတ်ရာ ပြိုင်ဘက်တိုက်
စစ်မှူးများ သည် ယင်း 'ပျော့ကွက်'ကို 'ချောင်း' ကစားသွားကြသည်။
အထူးသဖြင့် နာပိုလီကို ၄-၂ ဖြင့် ရှုံးနိမ့်သောပွဲတွင် သိသာပေါ်လွင်သည်။ အင်တာမီလန်တိုက်
စစ်နှင့် ဂိုးသွင်းနှုန်းမှာ အထိုက်အလျောက် ကောင်းမွန် နေသည်။ ကွင်းလယ်တိုက်စစ်သည်
ထက်မြက်ပြီး ကွင်းလယ်ကစားသမား များသည် အရေးပါသော ဂိုးများကို သွင်းယူနိုင်စွမ်းရှိကြ
သည်။
ခံစစ်ပိုင်း တွင် တိုးတက်မှုရှိလာမည်ဆိုပါက အင်တာမီလန်သည် ပြန်လည်ဦးမော့ လာနိုင်ဖွယ်ရှိ
သည်။ တစ်ဖက်တွင် အေစီမီလန်သည် ချန်ပီယံလိဂ်မှာ အေဂျက်ဇ်ကို ဂိုးမရှိ သရေကစားပြီး ရှုံး
ထွက်အဆင့်ကို တက်ရောက်သွားသော်လည်း ပြည်တွင်း အမှတ်ပေးပွဲတွင် လတ်တလော
ဟုတ်တိပတ်တိ ခြေစွမ်းပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ပြီးခဲ့သော လေးပွဲဆက်တိုက် အနေ
အထားတွင် ရှုံးပွဲမရှိသော်လည်း အေစီမီလန်သည် ကာတာနီးယား တစ်သင်းကိုသာ အနိုင်ရပြီး
ကျန်သုံးပွဲတွင် သရေ ကျသည်။
အေစီမီလန်တိုက်စစ်တွင် ဘာလိုတယ်လီနှင့် ကာကာတို့ ပြန်ကစားလာ ပြီးနောက် ခြေစွမ်းပြနိုင်
ခြင်းနှင့်အတူ ဂိုးသွင်းအား ပြန်လည်ကောင်းမွန်လာ သည်ကို တွေ့ရသည်။ နည်းပြ အယ်လီ ဂရီ
သည် ဘာလိုတယ်လီကို 'အထောင်' တိုက်စစ်မှူးနေရာချပြီး ကာကာ၊ ဘီဆာ၊ အဲလ်ရှာဝီတို့ကို
တောင်ပံတိုက်စစ် များတွင် ဖြန့်ကြက်ကစားစေသောကြောင့် အေစီမီလန်တိုက်စစ်သည် တိုးတက်
မှု ရှိလာသည်။
ဆိုရပါလျှင် ယခုပွဲသည် မြို့ခံပြိုင်ဘက် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သောကြောင့် နှစ်ဖက်
စလုံး ရှိသမျှ အစွမ်းအစ အကုန်ထုတ်သုံးကာ 'ဖျစ်ညှစ်'ကစား ကြမည်ဟု ယူဆရသည်။ နှစ်သင်း
စလုံး၏ ခြေစွမ်းသည် အတက် ဘက်တွင် ရှိမနေသကဲ့သို့ ခြေစွမ်း တည်ငြိမ်မှုနည်းပါးသည်။
သို့ရာတွင် နိုင်လိုစိတ်ပိုမိုပြင်းပြပြီး ဂိုးသွင်းအားရှိ သော အင်တာမီလန်ကို ရွေးချယ်သင့်ပြီး ဂိုးများ
သောပွဲ ဖြစ်လာနိုင်သည်။















