အစဉ်အလာရှိတဲ့၊အသင်းတွေပါပဲ - အီတလီစီးရီးအေပွဲစဉ်(၁၇)

အစဉ်အလာရှိတဲ့၊အသင်းတွေပါပဲ - အီတလီစီးရီးအေပွဲစဉ်(၁၇)

လီဗော်နို-ယူဒီးနိစ်
ခြေစွမ်းတောက်လျှောက်စိုက်ဆင်းနေတဲ့ လီဗော်နိုဟာ ပြီးခဲ့တဲ့ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရာ
မှာ တစ်ပွဲကို အနည်းဆုံးနှစ်ဂိုး သွင်းခံရလို့ နောက်တန်းမလုံခြံု တာ ပေါ်လွင်နေတယ်။ ယူဒီးနိစ်
လည်း လူငယ်တွေကို ပွဲထုတ်ရင်း ခြေစွမ်းကျဆင်း နေပေမယ့် သမ္ဘာနဲ့ ကစားအားတော့ရှိတယ်။
ယူဒီးနိစ်ကို ပိုကြိုက်တယ်။

ကက်ဂလီယာရီ-နာပိုလီ
ပါးမားကွင်းမှာ သရေခံကစားထားတဲ့ ကက်ဂလီယာရီဟာ လတ်တလော ခြေတက်နေပြီး ငါးပွဲ
ဆက်တိုက် မရှုံးသေးဘူး။ ဒါပေမဲ့ နာပိုလီကလည်း ကွင်းလယ် ဖန်တီးရှင် ဟမ်ဆစ်မပါ၀င်ဘဲနဲ့
အင်တာမီလန်ကို ၄-၂ နဲ့ နိုင်ခဲ့တယ်။ ဥရောပ ပြိုင်ပွဲတွေ နားချိန်လည်းဖြစ်လို့ နာပိုလီဟာ စီးရီး
အေမှာ 'တင်' ကစားပြီး အသင်း ကို 'ဆွဲတင်' မှာ သေချာတယ်။ နာပိုလီကို ပိုကြိုက်တယ်။

ဘိုလော့နာ-ဂျီနိုအာ
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ခုနစ်ဂိုးပေးလိုက်ရတဲ့ ဘိုလော့နာ နောက်တန်းဟာ စိတ်ချရတဲ့
အနေအထားမှာ မရှိဘူး။ ဂျီနိုအာကလည်း လေးပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေပေမယ့် နောက်
တန်းကျစ်လျစ်ပြီး ကစားအားရှိ တယ်။ ဒါကြောင့် ဂျီနိုအာ အနိမ့်ဆုံးသရေလောက်ကစားနိုင်
မယ်လို့ ယူဆတယ်။

ဗီရိုနာ-လာဇီယို
အိမ်ကွင်းမှာ ဒေသခံပြိုင်ဘက် ချီယေဗိုတစ်သင်းတည်းကိုရှုံးပြီး ကျန်တဲ့ပွဲတိုင်းနိုင်ထားတဲ့ ဗီရိုနာရဲ့
အိမ်ကွင်းခြေစွမ်းကို လျှော့တွက်လို့မရဘူး။ အာဂျင် လာဇီယိုကတော့ ပြီးခဲ့တဲ့ အဝေးကွင်းလေးပွဲ
ဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရာမှာ ပွဲတိုင်းဂိုးပေးရတယ်။ အခြေအနေအရ ဗီရိုနာကို ပိုကြိုက်တယ်။

ရိုးမား-ကာတာနီးယား
ထိပ်တန်းအသင်းကြီးတွေကို ဆက်တိုက်ကစားခဲ့ရပေမယ့် ရိုးမားခြေစွမ်းက အတက်ဘက်မှာရှိ
တယ်။ အထူးသဖြင့် ကွင်းလယ်ကစားအားရော၊ ဂိုးသွင်းခြေစွမ်း ပါ တိုးတက်လာတယ်။ ကာတာ
နီးယားကတော့ ပုံမှန်ခြေစွမ်းရအောင် ရုန်းကန် နေရတယ်။ ဒါကြောင့် ကွင်းလယ်နဲ့တိုက်စစ်ပြန်
ကောင်းလာတဲ့ ရိုးမားကို ပိုကြိုက် တယ်။

ဆမ်ဒိုးရီးယား-ပါးမား
နည်းပြသစ် မီဟိုင်းလိုဗစ် ကိုင်တွယ်ပြီးတဲ့နောက် ဆမ်ဒိုးရီးယားခြေစွမ်းက သိသိသာသာ ကောင်း
လာတယ်။ ပါးမားခြေစွမ်းလည်း အတက်ဘက်မှာရှိပေမယ့် တိုက်စစ်မငြိမ်သေးသလို တိုက်စစ်မှူး
ကာဆာနို ခြေမပေါ်ရင် ဂိုးရဖို့ ခက်နေတယ်။ ဆမ်ဒိုးရီးယားကို ရွေးချယ်သင့်တယ်။

ဆက်စူလို-ဖီအိုရင်တီးနား
သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ခုနစ်ဂိုးသွင်းခံလိုက်ရပြီး တစ်ဂိုးမှပြန်မသွင်းနိုင် တဲ့ ဆက်စူလိုခြေစွမ်းက
တော့ တိုက်စစ်ရော၊ ခံစစ်ပါ အကျဘက်သွားနေတယ်။ ဖီအိုရင်တီးနားကတော့ လတ်တလော ရိုး
မားကွင်းမှာ ရှုံးခဲ့တဲ့ပွဲကလွဲရင် ကျန်ပွဲတိုင်း နိုင်ခဲ့ရာ တစ်ပွဲကို အနည်းဆုံးနှစ်ဂိုးနှုန်းသွင်းနိုင်ခဲ့တယ်။
ဖီအိုရင်တီးနား နိုင်ပွဲ ဆက်မယ့် အနေအထားပါ။

တိုရီနို-ချီယေဗို
တိုရီနိုတိုက်စစ်မှာ အီတလီလူငယ်လက်ရွေးစင်တိုက်စစ်မှူး အင်မိုဘီလီ အလုပ်ဖြစ်ပြီး ဂိုးမြူးနေ
တယ်။ အစောပိုင်းက ဆက်တိုက်နိုင်ပွဲဆက်နေတဲ့ ချီယေဗိုကတော့ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာ ဆမ်ဒိုး
ရီးယားကို ၁-၀ နဲ့ရှုံးလိုက်လို့ 'ဦးကျိုး' သွားဖွယ်ရှိတယ်။ တိုရီနိုကို ပိုကြိုက်တယ်။

အတ္တလန္တာ-ဂျူဗင်တပ်
မထင်မှတ်ဘဲ ရိုးမားကို ၁-၁ သရေကစားသွားတာကလွဲရင် ယေဘုယျအားဖြင့် အတ္တလန္တာခြေစွမ်း
က မတည်ငြိမ်ဘူး။ အထူးသဖြင့် အသင်းကြီးတွေကို ရင်ဆိုင် တဲ့အခါ အတ္တလန္တာနောက်တန်းပုံ
ပျက်ပြီး ရုန်းကန်ရလေ့ရှိတယ်။ ဂျူဗင်တပ်ကတော့ ချန်ပီယံလိဂ်မှာ ပြုတ်သွားပေမယ့် စီးရီးအေမှာ
တောက်လျှောက်ခြေတက်ပြီး နိုင်ပွဲဆက်နေရာမှာ တိုက်စစ်ရော၊ ခံစစ်ပါ ကြောက်ခမန်းလိလိ
ထက်မြက်နေတယ်။ ဂျူဗင်တပ်ကို ရွေးချယ်တာ မမှားဘူး။



ဖတ်ရှုမှုအများဆုံး