အင်္ဂလန်မြေနဲ့ ရ၇ နှစ်ကြာ ကင်းကွာနေခဲ့တဲ့ ဂန္ထဝင်ဂရင်းဆလမ်ဆုဖလားတစ်လုံးဖြစ်တဲ့
၀င်ဘယ်လ်ဒန်ချန်ပီယံ ဖလားကို ဗြိတိန်ပရိသတ်ရှေ့မှောက် မှာ လက်စွမ်းပြရယူနိုင်ခဲ့သူ
တင်းနစ် စတား အင်ဒီမာရေးအတွက်တော့ ၂၀၁၃ ဟာ မင်္ဂလာအပေါင်းနဲ့ ခညောင်း တဲ့
နှစ်ကောင်းနှစ်မြတ် တစ်နှစ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ခရစ္စမတ်တေးသွားတွေ လွင့်ပျံ့နေတဲ့ ကြည်နူးချမ်းမြေ့ဖွယ် Sweet December မှာ မာရေး
အတွက် ဆန်တာရဲ့ ခရစ္စမတ်လက်ဆောင်လို့ တင်စားခံရမယ့် BBC Sports Personality of
the Year ဆု ချီးမြှင့်ခံရတာကိုလည်း စကော့တလန်ပရိသတ်တွေ ဂုဏ်ယူ ပီတိဖြစ်မဆုံး ရှိနေ
ကြတာကိုတော့ နားလည်ပေးကြရမှာပဲပေါ့။
ဒီဇင်ဘာ ကာလရောက်တိုင်း ဘီဘီစီက ရွေးချယ် ချီးမြှင့်တဲ့ ဒီဆုကို ၂၀၁၂ က ရရှိခဲ့သူက အိုလံ
ပစ်ရွှေတံဆိပ်ဆုရှင် အားကစား မယ် ဂျက်စီကာအင်းနစ်နဲ့ ၂၀၁၁ က ပိုင်ဆိုင်ခဲ့သူကတော့ တိုးဒီ
ဖရန့် စက်ဘီးချန်ပီယံ ဆာဘရက်ဒလေ ၀စ်ဂင်တို့ပဲ ဖြစ်ကြပြီး အခုနှစ်မှာတော့ တင်းနစ်ငွေကြယ်
ပွင့်တစ်ပွင့်က လက်လွှဲရယူ သွားနိုင်ခဲ့ခြင်းဟာ တင်းနစ်ပရိသတ်တွေ အတွက်လည်း ကျေနပ်ဂုဏ်
ယူစရာလို့ ဆိုရဦးမှာပဲ မဟုတ်ပါလား။
First Direct Arena မှာ ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲအခမ်းအနားကို ကာယကံရှင် အင်ဒီမာရေးကိုယ်
တိုင် လက်ခံရယူနိုင် ခဲ့ခြင်းမရှိဘဲ မိခင်ဖြစ်သူ ဂျူဒီမာရေး က ကိုယ်စားတက်ရောက်ရယူခဲ့တာက
လည်း အခုနှစ်ဆုပေးပွဲရဲ့ ထူးခြားချက်တစ်ရပ်ပါပဲ။ ဆုပေးပွဲကျင်းပတဲ့ လိဒ်စ် မြေနဲ့ မိုင်လေးထောင်
ကျော်အကွာ မိုင်ယာမီမှာ ရောက်ရှိနေသူ မာရေးဟာ ဂန္ထဝင်တင်းနစ်မယ် နာဘရာတီလိုဗာ ကိုယ်
တိုင်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးအားကစားငွေကြယ်ပွင့် ဆုကို ကိုယ်တိုင်ကိုယ်ကျ
ရယူနိုင်ခဲ့ခြင်းမရှိပေမယ့် တင်းနစ်ငွေကြယ်ပွင့် တွေ ပိုင်ဆိုင်ခွင့်မရတာ နှစ်ပေါင်း ၁၆ နှစ် ကြာမြင့်
နေပြီဖြစ်တဲ့ ဘီဘီစီ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တာဟာ တင်းနစ်စာမျက်နှာထက်မှာ မှတ်တိုင်
သစ်ပါပဲ။
ဆုချီးမြှင့်တဲ့ သက်တမ်း နှစ် ၆၀ ကြာမြင့်ပြီဖြစ်တဲ့ ဒီဂုဏ်သိက္ခာ အရှိန်အဝါကြီးမားတဲ့ ဘီဘီစီ
တစ်နှစ် တာအကောင်းဆုံးဆုကို ယခင်တင်းနစ် စတားသုံးဦးပဲ ရယူနိုင်ခဲ့ပြီး အခု ၂၀၁၃ မှာ
စတုတ္ထမြောက် တင်းနစ်ငွေကြယ် ပွင့်အဖြစ် မာရေး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။
စကော့တလန်ဂုဏ်ဆောင် အား ကစားငွေကြယ်ပွင့်တွေထဲမှာ ဒီဆုကို ရရှိထားသူကလည်း မာရေး
အရင် လေးဦးတည်းသာရှိခဲ့ပြီး အခု ပ ဉ္စမ မြောက် စကော့လေးမာရေးက ထပ်ဆင့် ဂုဏ်ဆောင်
လိုက်နိုင်ပြန်ပြီလို့ ဂလပ် စကိုစာစောင်တွေက ချီးမွမ်းခန်းဖွင့် နေကြတာဟာလည်း မာရေးပရိသတ်
တွေအတွက် ဂုဏ်ယူစရာပါပဲ။
စကော့ တလန်နဲ့ ဗြိတိန် နှစ်နိုင်ငံသားခံယူထား သူ မာရေးက Twitter ထက်ကနေ အခုလို
၀မ်းမြောက်ကြည်နူးစကားဆိုခဲ့ပါတယ်။ "လေးစား အားကျရတဲ့ ကမ္ဘာ့အထင်ကရ တင်းနစ်စတား
တစ်ဦးက ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်ပေးတာ တကယ့်ကို ဂုဏ်ယူစရာပါ။ ငယ်ဘဝအိပ်မက်
တွေ လက်တွေ့အကောင်အထည် ပေါ်လာတော့ ဖော်မပြတတ် အောင် ကြည်နူးမိပါတယ်။
အစစ အရာရာ တောက်လျှောက်ကူညီ အားပေးခဲ့ကြတဲ့ မိသားစု၊ နည်းပြအဖွဲ့နဲ့ ပရိသတ်တွေ
အားလုံးကို ကျေးဇူးကမ္ဘာပါ။ ကျွန်တော်ဆက်လက်ကြိုးစား သွားမှာပါ"လို့ ရင်ဖွင့်စကားဆိုသွားပါ
တယ်။
ကမ္ဘာ့နံပါတ်(၄)မာရေးကို စပွန်ဆာပေးထားတဲ့ နာမည်ကြီး Adidas ကလည်း Congratulations
@andymurray # allin for murray စာတန်းနဲ့ တောက်လျှောက် ဂုဏ်ပြုနေပါကြောင်း
သတင်းကောင်း ပါးရင်း...။















