၂၀၁၃ အမှတ်တရများနှင့် အကြိတ်အနယ်ဖြတ်သန်းခြင်း

၂၀၁၃ အမှတ်တရများနှင့် အကြိတ်အနယ်ဖြတ်သန်းခြင်း

ဒီနှစ်ပရီမီယာလိဂ်ဟာ ပထမရာသီဝက် မှာတော့ အကြိတ်အနယ်ဖြတ်သန်းတဲ့
ရာသီတစ်ခုအဖြစ် ထူးခြားနေခဲ့ပါတယ်။ ထိပ်ပိုင်းမှာ ချန်ပီယံအဖြစ် ပန်းဝင်ဖို့၊ ချန်ပီယံလိဂ်နေရာ
၀င်ခွင့် ရဖို့အတွက် အကြိတ်အနယ်ဖြတ်သန်း နေကြသလို အောက်တန်းမှာလည်း တန်းမဆင်း
ရဖို့အတွက် အသင်းငယ် တွေဟာ အကြိတ်အနယ်ဖြတ်သန်းနေ ခဲ့ကြပါတယ်။

ဒီနှစ်ထဲမှာလည်း ဖာဂူဆန်၊ ဒေးဗစ်ဘက်ခမ်းတို့လို အထင်ကရ ပုဂ္ဂိုလ်တွေလည်း အနားယူသွား
တဲ့ရာသီဖြစ်ခဲ့သလို မန်နေဂျာအများ အပြားလည်း ထုတ်ပယ်ခံရမှု များပြား တဲ့ ရာသီဖြစ်ခဲ့ပါ
တယ်။

ဆရာတပည့် တစ်ချိန်တည်း နားတဲ့ရာသီ
မန်ယူမှာ အောင်မြင်မှုတွေ သရဖူဆောင်းခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ၂၀၁၃ မှာ
ဘောလုံး လောကထဲက အပြီးအပိုင် အနားယူ သွားသလို တပည့်ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းနဲ့
ပေါလ်စခိုးလ်တို့လည်း အနားယူတဲ့ ရာသီဖြစ်ခဲ့ပါတယ်။

ဖာဂူ ဆန်ဟာ မန်ယူမှာ နှစ်ပေါင်း ၂၆ နှစ်ကြာ မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့သူဖြစ်ပါ တယ်။
ဖာဂူဆန်ဟာ မန်ယူအတွက်ပရီမီယာဆုဖလား ၁၃ ခုရယူပေးနိုင်ခဲ့သူဖြစ်သလို တစ်ချိန်က
ပရီမီယာလိဂ် မှာ ချန်ပီယံဆုဖလားအများဆုံးရယူခဲ့တဲ့ လီဗာပူးရဲ့ စံချိန်ကိုချိုးနိုင်ခဲ့ပါ တယ်။
မန်ယူဟာ ချန်ပီယံဆုဖလား ၂၀ ရယူ ထားခဲ့ပြီး ဖြစ်ပါတယ်။ ဖာဂူဆန် ဟာ မန်ယူနဲ့အတူ
ပရီမီယာလိဂ်ဖလား ၁၃ လုံး၊ အက်ဖ်အေဖလားငါးလုံး၊ လိဂ် ဖလားလေးလုံး၊ ကွန်မြူနတီဒိုင်း
၁၀ ခု၊ ချန်ပီယံလိဂ်ဖလားနှစ်လုံးတို့ကို မန်ယူ နဲ့အတူ ရယူသွားနိုင်သူဖြစ်ခဲ့သလို ပရီမီယာလိဂ်မှာ
တစ်လအတွင်းအကောင်းဆုံးမန်နေဂျာဆုကို ရ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်က ဖလားသုံးလုံး တစ်ပြိုင်နက်တည်း ရယူ ခြင်းဟာ အထင်ကရဖြစ်ခဲ့ပြီး ရိုင်ယန်ဂစ်၊
ဒေးဗစ်ဘက်ခမ်း၊ ပေါလ်စခိုးလ်၊ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ နီကီဘတ်ဆိုသော လူငယ်ဘောလုံး
သမားတွေကိုပါ မွေးဖွားပေးနိုင်တဲ့ ရာသီလည်း ဖြစ် ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဆိုသော ပေါ်တူဂီက မထင်မရှားလူငယ်ဘောလုံး သမား၊ ရွန်နေဆိုသော အဲဗာ
တန်က လူငယ်ဘောလုံးသမားတွေကို ရှာဖွေ အရခေါ်နိုင်ခဲ့ခြင်းမှာလည်း ဖာဂူဆန် နဲ့ မန်ယူဘဝမှာ
အထင်ကရများပင်ဖြစ် ပါတယ်။

မန်နေဂျာအပြောင်းအလဲနဲ့ စတင်ခြင်း
၂၀၁၃ ခုနှစ် ပရီမီယာလိဂ်မှာ မန်နေ ဂျာ အပြောင်းအလဲဖြစ်ခြင်းနဲ့ စတင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါ
တယ်။ ဖာဂူ ဆန် အနားယူသွားသောကြောင့် မန်ယူ အရိုက်အရာကို ဘယ်သူဆက်ခံမလဲဆိုတာ
စိတ်ဝင်စားမှုဖြစ်ခဲ့ပြီး နောက်ဆုံး တွင် အဲဗာတန်မန်နေဂျာ စကော့လူမျိုး ဒေးဗစ်မိုယက်စ်ကို မန်ယူ
မန်နေဂျာ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မန်ယူနည်းတူ ပင် ချယ်လ်ဆီးကလည်း ယာယီနည်းပြ ဘင်နီ
တက်ဇ်ကို စာချုပ်ခြင်းမရှိဘဲ မန်နေဂျာဟောင်း မော်ရင်ညိုကို ပိုင်ရှင် အေဗရာမိုဗစ်ချ်က ပြန်လည်
ခေါ်ယူ လိုက်လို့ ပရီမီယာလိဂ်အပေါ် စိတ်ဝင် စားမှု ပိုသွားခဲ့ပါတယ်။

ချယ်လ်ဆီး၊ မန်ယူတို့လိုပဲ မန်စီးတီးကလည်း မန်နေဂျာမန်ချီနီကို ထုတ်ပယ်လိုက်ပြီး မန်နေဂျာ
ရှာပုံတော်ဖွင့်ခဲ့ရာ နောက် ဆုံး မာလာဂါနည်းပြ ပယ်လယ် ဂရီနီကို နည်းပြခန့်ခဲ့ကြပါတယ်။
အဲဗာတန်ကလည်း မိုယက်စ်ကို လက်လွှတ်လိုက်ရလို့ နည်းပြရှာပုံတော် ဖွင့်ရာ နောက်ဆုံးမှာ
၀ီဂန်နည်းပြ မာတီနက်ဇ်ကို နည်းပြခန့်ခဲ့ပါတယ်။

အောက်တန်းအသင်းထဲမှာ ဆန်း ဒါးလန်း အသင်းကလည်း နည်းပြ မာတင်အိုနီးလ်နေရာကို
ဒီကာနီယိုနှင့် လဲလှယ်ခဲ့ပါတယ်။ သန်း ၁၀၀ ဘေးလ်နဲ့ စပါး ၂၀၁၃ ဘောလုံး သမား အပြောင်း
အရွှေ့မှာ စပါးအသင်းက ကစား သမား ဂါရတ်ဘေးလ်ကို ရီးယဲလ်မက်ဒရစ်သို့ သန်း ၁၀၀ နဲ့
ရောင်းလိုက်ခြင်းက အထူးခြားဆုံး ဖြစ်ခဲ့ပါတယ်။ အရောင်း အဝယ် မဖြစ်တော့ဘူးလိုလိုနဲ့
နောက် ဆုံးမှာ တကယ်အရောင်းအဝယ်တည့် သွားခဲ့တာပဲ ဖြစ်ပါတယ်။

စပါးအနေနဲ့ ဂါရတ်ဘေးလ်ကို ရောင်းရတဲ့ငွေနဲ့ ကစားသမားခုနစ်ဦးအထိ ဖြည့်တင်း လိုက်လို့
စပါးအသင်း အပြောင်းအလဲ အပေါ်များစွာ စိတ်ဝင်စားခဲ့ကြပါ တယ်။

ငွေအများဆုံးသုံးတဲ့ မန်စီးတီး
၂၀၁၃-၁၄ ဘောလုံးရာသီ နွေရာသီပရီမီယာလိဂ် အပြောင်းအရွှေ့ဈေးကွက်မှာ ငွေအများအပြား
သုံးခဲ့တဲ့ အသင်းကတော့ မန်စီးတီးအသင်းပဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ မနှစ်က မန်ချီနီ လက်ထက်မှာ ပရီမီယာလိဂ်သရဖူကို ကာကွယ်နိုင်ဖို့ ကြိုးစားခဲ့
ပေမယ့်အထမမြောက်ခဲ့ကြဘဲ မန်ချီနီကို ထုတ်ပယ်ကာ ချီလီနည်းပြပယ်လယ်ဂရီ ကို နည်းပြ
ခန့်ခဲ့ပြီး ကစားသမား အများ အပြားကိုလည်း ၀ယ်ယူဖြည့်တင်းပေး သွားခဲ့တာ သန်း ၁၀၀ ၀န်း
ကျင်ရှိခဲ့ ပါတယ်။

ထိပ်တန်းကစားသမား အများ အပြားကို ၀ယ်ယူလိုက်လို့ မန်စီးတီး ဟာ ဒီနှစ်မှာ ချန်ပီယံဖလား
ပြန်လည် ရယူနိုင်တယ်လို့ ထင်ကြေးပေးထားခဲ့ ကြပါတယ်။


 

တစ်ပေါင် ဆွာရက်ဇ်နဲ့ အိုဇေးလ်
ဩဂုတ် အပြောင်းအရွှေ့ကာလထဲမှာ အာဆင်နယ်က ထိပ်တန်းကစားသမားတစ်ဦးဝယ်ဖို့
ပြင်ဆင်ရာမှာ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီကာလမှာ ဆွာရက်ဇ်ဟာ ချယ်လ် ဆီး ကစားသမား အိုင်ဗန်နိုဗစ်ချ် လက်ကို ကိုက်ခဲ့တဲ့
အတွက် ၁၀ ပွဲ ပွဲပယ်ခံထားရတဲ့အချိန် ဖြစ်ပါတယ်။ရှေ့ပိုင်းမှာ မန်ယူနောက်တန်းသမားအီဗရာ
ကို လူမျိုးရေးခွဲခြားဆက်ဆံပြောဆိုမှုလုပ်ခဲ့လို့ အရေးယူခံထားရချိန် ဆွာရက်ဇ်တစ်ယောက်
ဖိအားတွေနဲ့ ရှိနေချိန်မှာ အာဆင်နယ် က ဆွာရက်ဇ်ကို ပေါင်သန်း ၄၀ နဲ့ကမ်းလှမ်းလိုက်တာ
ဖြစ်ပါတယ်။

ဒီကမ်းလှမ်းမှုကို လီဗာပူးဘက်က ထပ်မံတိုးပေးရန် အကြောင်းပြန်ခဲ့ပါ တယ်။ အဲဒီမှာ အာဆင်
နယ်က တစ်ပေါင်တိုးပေးပါမယ်လို့ ပြောလိုက် တဲ့အတွက် ဆွာရက်ဇ် အရောင်းအဝယ် ဟာ
ပျက်ပြားသွားခဲ့ရပါတယ်။

သရော်သလို ဖြစ်သွားတဲ့ ကမ်းလှမ်းချက်ပဲ ဖြစ်ပါတယ်။ ဆွာရက်ဇ်ကို မရနိုင်တော့ မှ အာဆင်
နယ်ဟာ ရီးယဲလ်မက်ဒရစ် ကွင်းလယ်သမား အိုဇေးလ်ကို ခေါ်ယူလိုက်တာဖြစ်ပါတယ်။ အခုဆို
ရင် အိုဇေးလ်ဟာလည်း အာဆင်နယ်မှာ ခြေစွမ်းပြကစားသွားသလို ဆွာရက်ဇ် ဟာလည်း
လီဗာပူး မှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့ပါတယ်။

မန်နေဂျာခြောက်ယောက်အထိ အထုတ်ခံရတဲ့ ၂၀၁၃ ၂၀၁၃-၁၄ ဘောလုံးရာသီ ပရီမီယာ
လိဂ်ရာသီအတွင်းမှာတော့ ၂၀၁၃ ထဲမှာ ပရီမီယာလိဂ်မန်နေဂျာ ခြောက်ဦးအထိ အထုတ်ခံထိ
ထားရပြီးဖြစ်ပါ တယ်။

အရင်ဆုံးအထုတ်ခံရသူက ဆန်းဒါးလန်းမန်နေဂျာ ဒီကာနီယိုပဲ ဖြစ်ပါတယ်။ သူ့နောက်မှာ နောက်
ထပ် အထုတ်ခံရသူက တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ တန်းတက်အသင်း ခရစ္စတယ်ပဲလေ့စ်နည်း
ပြ အီယန်ဟော်လို ဝေးပဲ ဖြစ်ပါတယ်။ ဟော်လိုဝေး အထုတ် ခံရပြီးတဲ့နောက်မှာ နောက်ထပ်
အထုတ်ခံရသူက ဖူလ်ဟမ်နည်းပြ မာတင်ဂျိုးပဲဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ဂျိုးအပေါ်မှာ စိတ်ရှည်
သည်းခံ စောင့်နေခဲ့ပေမယ့် မာတင်ဂျိုးဟာ ရလဒ်ကောင်းတွေ မလုပ်ပြနိုင်တာ ကြောင့် နောက်ဆုံး
မှာ ဖူလ်ဟမ်ဟာ ဂျိုးကို ထုတ်လိုက်ရတာပဲဖြစ်ပါ တယ်။

အဲဒီနောက် အထုတ်ခံရသူက ၀က်စ်ဘရွန်း မန်နေဂျာစတိဗ်ကလပ် ပဲ ဖြစ်ပါတယ်။ ကာဒစ်ဖ်ကို
ရှုံးနိမ့်သွားအပြီးမှာ အထုတ်ခံလိုက်ရတာကတော့ အတော်လွန်လွန်းတဲ့ အထုတ် ခံရမှုပဲဖြစ်ပါတယ်။

၀က်စ်ဘရွန်းဟာ သိပ်ပြီးအခြေအနေဆိုးနေတာမဟုတ်ဘဲနဲ့ စတိဗ်ကလပ် အထုတ်ခံလိုက်ရခြင်း
ဖြစ်ပါတယ်။ စတိဗ်ကလပ်ခ်ပြီးတော့ စပါး မန်နေဂျာဘိုအာ့စ် အထုတ်ခံလိုက်ရ ပါတယ်။ သူ့အနေ
နဲ့ကတော့ အထုတ်ခံထိုက်သင့်တဲ့သူ တစ်ယောက်ပဲဖြစ်ပါ တယ်။ လုံလောက်ပြည့်စုံမှုအောက်မှာ
ဘိုအာ့စ်အကောင်းဆုံးမလုပ်နိုင်ခဲ့ပါဘူး။

ဘိုအာ့စ်ပြီးတော့ ကာဒစ်ဖ်နည်းပြ မက်ကေး အထုတ်ခံလိုက်ရပါတယ်။အသင်းပိုင်ရှင်နဲ့ ဆက်ဆံ
ရေး မပြေ လည်မှုကြောင့် မက်ကေးဟာ နောက်ဆုံးမှာ မလေးရှားပိုင်ရှင်ရဲ့ ထုတ်ပယ် ခြင်းကို
ခံလိုက်ရတာဖြစ်ပါတယ်။ ပထမရာသီဝက်ကို ဦးဆောင်သူ အာကြီး ဒီနှစ်ပရီမီယာလိဂ်မှာ ချန်ပီယံ
နေရာ အတွက် အသင်းလေးသင်းလောက်က အကြိတ်အနယ်ယှဉ်ပြိုင်တဲ့ ရာသီဖြစ်နေပါတယ်။

အရင်က မြင်းနှစ်ကောင် ပြေးတဲ့ပွဲက အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ပထမရာသီဝက် ၁၉
ပွဲကို အာဆင်နယ်၊ မန်စီးတီး၊ မန်ယူ၊ လီဗာပူး တို့ အကြိတ်အနယ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးမှာ အာဆင်နယ်ဟာ ထိပ်ဆုံးနေရာက ပထမရာသီဝက်ကို ဦးဆောင်သွားခဲ့ပါတယ်။
ထိပ်ဆုံးက ဦးဆောင်သည့်တိုင်အောင် နောက်က မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူး၊ အဲဗာ တန်
တို့ကလည်း အမှတ်တွေ ကပ်လိုက် နေလို့ ဒီနှစ်ပရီမီယာလိဂ် ထိပ်တန်း အဆင့်ဟာ အကြိတ်
အနယ်ဖြစ်တဲ့ ရာသီပဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် အဆင့်(၈) နေရာရတဲ့ အသင်းကတောင် မျှော်မှန်းလို့ရတဲ့
ထူးခြားတဲ့ရာသီ ဖြစ်လို့နေပါတယ်။ လက်ရှိချန်ပီယံရဲ့ ရုန်းကန်ရတဲ့ရာသီ ဖာဂူဆန်အလွန်
မန်ယူဟာ မန်နေဂျာ သစ်ဖြစ်သူ ဒေးဗစ်မိုယက်စ်ဟာအသင်းကို အမြန်ဆုံး တည်ဆောက်နိုင်ခြင်း
မရှိတဲ့ ရာသီဖြစ်ခဲ့ပါတယ်။ ပွဲဦးထွက်မှာ ဆွမ်ဆီးကို အဝေးကွင်း မှာ ဂိုးပြတ်နဲ့အနိုင်ရပြီး မိုယက်စ်
တာထွက်ကောင်းခဲ့ပေမယ့် နောက်ပိုင်း မှာတော့ မိုယက်စ် အကောင်းဆုံး မလုပ် နိုင်ခဲ့ပါဘူး။

အခုဆိုရင် မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နောက် ဆုံး လေးပွဲဆက်တိုက် အနိုင်ရလာ

ဒါပေမယ့် ရှေ့က အသင်းတွေကလည်း ရလဒ်ကောင်းတွေ ထွက်နေလို့ အခုထိ တော့ မန်ယူဟာ
အဆင့်(၆)မှာပဲ ရှိနေ ဆဲပဲဖြစ်ပါတယ်။ မန်ယူအတွက် လက်ရှိချန်ပီယံသရဖူကို ကာကွယ်နိုင် ဖို့
ဟာ မန်ယူအတွက် အတော့်ကို ရုန်းကန်နေရလို့ ချန်ပီယံလိဂ်ဝင်ခွင့် နေရာရအောင်သာ အဓိက
ကြိုးပမ်း ရတော့မှာပဲ ဖြစ်ပါတယ်။

တန်းဆင်းဇုန်မှာလည်း အကြိတ်အနယ် ထိပ်ပိုင်းမှာ ချန်ပီယံနေရာအတွက် အကြိတ်အနယ်၊
ချန်ပီယံလိဂ်နေရာ အတွက် အကြိတ်အနယ်ဖြစ်နေသလို တန်းဆင်းဇုန်မှာလည်း အကြိတ်အနယ်
ဖြစ်နေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာအဆင့်(၂၀)မှာ အချိန်အတော်ကြာရှိနေပေမယ့် မန်နေဂျာသစ် တိုနီပူးလစ်
ရောက်လာပြီးမှာတော့ တန်းဆင်းဇုန် က လွတ်မြောက်သွားပြီး လန်ဒန်အခြေ စိုက်အသင်းတွေဖြစ်
တဲ့ ၀က်စ်ဟမ်း၊ ဖူလ်ဟမ်တို့ဟာ တန်းဆင်းဇုန်ထဲကို ရောက်သွားကြပြီဖြစ်ပါတယ်။

တန်း ဆင်းဇုန်က ရုန်းမထွက်နိုင်ဖြစ်နေတာ က ဆန်းဒါးလန်းအသင်းပဲဖြစ်ပါတယ်။ ဆန်းဒါးလန်း
ဟာလည်း ခရစ္စတယ် ပဲလေ့စ်လို နည်းပြပြောင်းပေမယ့် မရုန်းနိုင်ဘဲဖြစ်နေခဲ့ပါတယ်။ လက်ရှိ
အနေအထားအရမှာ ဘယ်အသင်းမဆို တန်းဆင်းသွားရနိုင်တဲ့ အနေအထားမို့ တန်းဆင်းဇုန်
ဟာလည်း ထိပ်ပိုင်း နည်းတူ စိတ်ဝင်စားစရာ ရာသီဖြစ်လို့ နေပြီဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး