အဆင့် (၄၊ ၅) နှစ်သင်းရဲ့ အပြိုင်အဆိုင်ရှိမယ့်ပွဲ

အဆင့် (၄၊ ၅) နှစ်သင်းရဲ့ အပြိုင်အဆိုင်ရှိမယ့်ပွဲ

ဆိုစီဒက် - ဘီလ်ဘာအို
လာလီဂါကတော့ နှစ်သစ်ကို ရောက် လာပါပြီ။ နှစ်ဟောင်းမှာ ဘာစီလိုနာက အမှတ်တူ ဂိုးကွာ
ခြားချက်နဲ့ အလက်တီကို ကို အသာရခဲ့ပေမယ့် ရမှတ်တူ အနေအထားအရတော့ ဒီနှစ်သင်း
ထိပ်တိုက်တွေ့မယ့် ပွဲစဉ်(၁၉) ဟာ စိတ်ဝင်စားစရာပွဲစဉ်တစ်ခုလို့ ပြောလို့ ရပါတယ်။

အခုနှစ်သစ်အတွက် ပထမ ဦးဆုံး ကစားမယ့် ပွဲစဉ်(၁၈)မှာတော့ ဘာစီလိုနာက အိမ်ကွင်းမှာ
အယ်လ်ချီ၊ အလက်တီကိုက အဝေးကွင်းမှာ မာလာဂါနဲ့ ကစားရဖို့ရှိနေတယ်။ သူတို့ နဲ့ ငါးမှတ်
အကွာက ရီးယဲလ်မက်ဒရစ် ကတော့ အိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုနဲ့ ကစားဖို့ရှိလို့ အိမ်ရှင်
ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတွေက အလက်တီကို ထက် အခွင့်အရေးပိုသာသလိုတော့ ရှိနေ
တာ အမှန်ပါပဲ။

ဒါပေမဲ့ ဒီတစ်ပတ်ပွဲစဉ်တွေ အားလုံး ကို ကြည့်လိုက်ရင်တော့ ထိပ်ဆုံးက ဦးဆောင်နေတဲ့
ဘာစီလိုနာ၊ အလက်တီကို၊ ရီးယဲလ်မက်ဒရစ်တိုရဲ့ ပွဲတွေထက် စာရင် အဆင့်(၄)က ဘီလ်
ဘာအိုနဲ့ အဆင့်(၅)က ဆိုစီဒက်တို့ရဲ့ပွဲက ပိုပြီး အကြိတ်အနယ်ရှိနိုင်တဲ့ ပွဲတစ်ပွဲလို့ သတ်မှတ်
လို့ရနေပါတယ်။

ဘက်စ် ဒေသရဲ့ အဓိကပြိုင်ဘက်နှစ်သင်းဖြစ်နေတဲ့အပြင် လက်ရှိရပ်တည်မှု အနေအထားတွေ
အရလည်း အထက်အောက် အဆင့်တွေမှာ ရှိနေကြလို့ ဒီနှစ်သင်းရဲ့ ပွဲမှာ အကြိတ်အနယ်နဲ့
ပြိုင်ဆိုင်မှု ပြင်းထန်မယ့် အနေအထားဟာ တခြား ပွဲစဉ်တွေထက် ပိုပြီးစိတ်ဝင်စားစရာ ကောင်း
နေပါတယ်။

ဆိုစီဒက်ရဲ့ အနိုတာကွင်းမှာ လက်ခံ ကစားရမယ့် ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကို ပြန်ကြည့်
မယ်ဆိုရင် လည်း အကောင်းဆုံးအနေအထားမှာ ရနေကြတာတွေ့ရတယ်။ အိမ်ရှင် ဆိုစီဒက်
အသင်းဟာ နောက်ဆုံးကစား ခဲ့တဲ့ ၁၀ ပွဲမှာ နှစ်ပွဲပဲအရေးနိမ့်ထားပြီး ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ
ကစားထားနိုင် သလို ဘီလ်ဘာအိုအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ တစ်ပွဲပဲ
အရေးနိမ့်ပြီး ခြောက်ပွဲနိုင်၊ သုံးပွဲသရေ ကစားထားတဲ့အသင်းဖြစ်လို့ ခြေစွမ်း ပိုင်းအရလည်း
ဒီနှစ်သင်းရဲ့ အနေ အထားဟာ အပြိုင်အဆိုင် ဖြစ်နေပါ တယ်။

ဆိုစီဒက်ဟာ ချန်ပီယံလိဂ်က ထွက် လိုက်ရပြီးနောက်မှာတော့ လာလီဂါဘက်ကို ပိုအားစိုက်
ကစားလာလို့ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဆက် တိုက်ကို အနိုင်ရအောင်ယူနိုင်ခဲ့ပြီး အောက်ပိုင်း
အဆင့်ကနေ အဆင့်(၅) အထိ ပြန်ရောက်လာခဲ့တာဖြစ်တယ်။

အသင်းရဲ့ကစားပုံကလည်း လက်ရှိ အချိန်မှာ တည်ငြိမ်မှု ရှိနေသလို တိုက်စစ်ပိုင်းကလည်း
ဂိုးသွင်းနှုန်း အားကောင်းနေတာ တွေ့ရတယ်။ နောက်ဆုံးအနိုင်ရထားတဲ့ လေးပွဲမှာ တိုက်စစ်
ပိုင်းက ၁၄ ဂိုးအထိ ရထားတာ က ဆိုစီဒက်ရဲ့ တိုက်စစ်ထက်မြက်မှုကို တွေ့နေရတယ်။

အိမ်ကွင်းနောက်ဆုံး ခြောက်ပွဲစလုံး ရှုံးပွဲမရှိခဲ့တဲ့အပြင် နောက်ဆုံးအိမ်ကွင်းလေးပွဲမှာ ၁၇ ဂိုး အထိ
သွင်းယူထားနိုင်တာကလည်း ဘီလ်ဘာအိုခံစစ်အတွက် စိုးရိမ်စရာ ပါပဲ။ ဘီလ်ဘာအိုကတော့
အဝေးကွင်းနောက်ဆုံး ခြောက်ပွဲမှာ သုံးပွဲရှုံးထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားခဲ့လို့ အဝေးကွင်း
ကစားပုံ အားနည်းမှုရှိနေ သေးတယ်လို့ ပြောနိုင်တယ်။

ဘီလ် ဘာအိုဟာ ဒီရာသီနည်းပြ ကီကေ ဖလောရက်စ်လက်ထဲမှာ ကစားပုံ သိ သိ သာသာ
တက်လာသလို တိုက်စစ်ပိုင်း ကလည်း ပုံမှန်ဂိုးတွေရအောင် ကစား နိုင်တာမှန်ပေမယ့် အဝေး
ကွင်းမှာ တော့ ခံစစ်ကစားပုံ စိတ်မချရသေး ပါဘူး။ အဝေးကွင်း နောက်ဆုံးသုံးပွဲ ဆက်တိုက်
ဂိုးပေးထားရတဲ့ ဘီလ်ဘာအို ရဲ့ ကစားပုံဟာ ဆိုစီဒက်ရဲ့ ထက်မြက် တဲ့တိုက်စစ်ကို အချိန်ပြည့်
ထိန်းချုပ် နိုင်ဖို့ဆိုတာ သိပ်ပြီးမလွယ်လှပါဘူး။

ဒါပေမဲ့ ဘီလ်ဘာအိုရဲ့တိုက်စစ်ပိုုင်း ထက်မြက်မှုအရတော့ ပွဲတိုင်းနီးပါးဂိုးတွေပေးနေရတဲ့ ဆိုစီ
ဒက်ရဲ့ ခံစစ် ကြောင်းကို ပြန်ပြီးဒုက္ခပေးနိုင်မှာ သေချာတယ်။ ဆိုစီဒက်ရဲ့ခံစစ်ကစားပုံ ကလည်း
စိတ်ချရမှုမရှိဘဲ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ဂိုးမပေးရတဲ့ပွဲဆိုလို့ နှစ်ပွဲပဲရှိတယ်။

ဒီ ပွဲတွေကလည်း အိုဆာဆူနာ၊ အယ်လ်မီရီယာတို့လို တိုက်စစ် အားနည်းတဲ့ အသင်းတွေနဲ့ဖြစ်
လို့ ဆိုစီဒက်ရဲ့ခံစစ်ကြောင်းဟာ တိုက်စစ် ပိုင်းဂိုးရအောင် ကစားတတ်တဲ့ အသင်း တွေနဲ့ဆုံရင်
ထိန်းချုပ်နိုင်မှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ ပြောနိုင် တယ်။ ဒါကြောင့် အခုပွဲမှာ နှစ်သင်း
စလုံး တိုက်စစ်အားပြိုင်မယ့်ပွဲတစ်ပွဲ ဖြစ်လာဖို့များနေတယ်။ နဂိုကတည်းကလည်း ဘက်စ်ဒေသ
အခြေစိုက်အသင်းတွေပီပီ တစ်သင်းနဲ့ တစ်သင်း အကျောမခံစတမ်း အကြိတ်အနယ်ကစားကြ
လေ့ရှိလို့ အခုလို အဆင့်(၄)နဲ့ အဆင့်(၅)မှာ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန်မျိုးမှာ လာတွေ့တာ
ဟာ ဒီပွဲရဲ့အရှိန်ကို ပိုပြီးမြင့်မားလာဖို့ ရှိနေပါတယ်။

၂၀၀၁ ခုနှစ်နောက်ပိုင်း ဆိုစီဒက် ကွင်းမှာကစားခဲ့တဲ့ ၁၀ ပွဲမှာ ဆိုစီဒက် နိုင်ပွဲရခဲ့တာက လေးပွဲ
ပဲရှိခဲ့တာကို ကြည့်ရင် ဒီနှစ်သင်းကြားမှာ အိမ်ကွင်း၊ အဝေးကွင်းအားသာချက် သိပ်ရှိနိုင် မယ့်ပုံ
မရှိပါဘူး။ နှစ်သင်းစလုံး တိုက်စစ် အားပြိုင်ကြမှာဖြစ်ပြီး ခံစစ်အားနည်း တာချင်းကလည်းတူလို့
ဒီပွဲက ဂိုးအများ သရေလို့ပဲ မှန်းထားချင်ပါတယ်။

အခြားပွဲစဉ်များ
* မာလာဂါ - အလက်တီကို
ဗယ်လာဒိုးလစ် - ဘက်တစ် *
* ဗလင်စီယာ - လီဗန်တေး
အယ်လ်မီရီယာ - ဂရန်နာဒါ *
* ဆီဗီလာ - ဂီတာဖေး
* ဘာစီလိုနာ - အယ်လ်ချီ
အိုဆာဆူနာ - အက်စ်ပန်ညို *
* ရီးယဲလ် - ဆယ်လ်တာ
ရာယို - ဗီလာရီးယဲလ် *



ဖတ်ရှုမှုအများဆုံး