ဂျူဗင်တပ်နှင့် ရိုးမားတို့ တိုက်စစ်အားပြိုင်မယ့်ပွဲ

ဂျူဗင်တပ်နှင့် ရိုးမားတို့ တိုက်စစ်အားပြိုင်မယ့်ပွဲ

ဂျူဗင်တပ် - ရိုးမား
စီးရီအေတွင် ကိုးပွဲဆက်တိုက်နိုင်ခဲ့ သော ဂျူဗင်တပ်သည် နှစ်သစ်ကူး ခေတ္တ အားလပ်ချိန်တွင်
ဒုတိယနေရာမှ ရိုးမားကို ငါးမှတ်ဖြတ်ထားလျက်ရှိရာ ထိုအနေအထားကို မည်သည့်အချိန်ထိ
ဆက်ထိန်းထားနိုင်မလဲဆိုသည်မှာ စိတ်ဝင်စားစရာမေးခွန်းတစ်ခု ဖြစ်လာ သည်။ တိုက်ဆိုင်စွာ
ပင် ယခုတစ်ပတ် စီးရီးအေပွဲ ပြန်စသောအခါတွင် ဂျူဗင်တပ်နှင့် ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံမည်
ဖြစ်သောကြောင့် စကူဒက်တို ချန်ပီယံဆုအတွက် အတိုင်းအတာ တစ်ခုထိ ရုပ်လုံးဖော်နိုင်လိမ့်
မည် ဖြစ်သည်။

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရုန်းကန်နေရသော်လည်း ဂျူဗင်တပ်သည် စီးရီးအေတွင် 'ရစ်သမ်'
မိနေသည်။ အောက်တိုဘာလ ၃၀ ရက်တွင် ဖီအိုရင်တီးနားကွင်း၌ ပထမပိုင်းအတွင်း နှစ်ဂိုးပြတ်
နိုင်ပြီး ဒုတိယပိုင်း ၁၅ မိနစ်သာသာလောက်တွင် လေးဂိုးပြန်သွင်းခံရပြီး မရှုမလှ ရှုံးနိမ့်သွားပြီး
နောက် ဂျူဗင်တပ်သည် စီးရီးအေတွင် အာရုံ စူးစိုက်မှုအပြည့်ထည့်ပြီး 'ညှစ်'လာ သည်။

ဖီအိုရင်တီးနားကို ရှုံးပြီးသည့် နောက်ပိုင်း ရှစ်ပွဲဆက်တိုက်နိုင်ခဲ့ရာ တွင် ပေးဂိုးလုံးဝမရှိခဲ့ပေ။
ယင်းနောက် ဆောင်းခိုချိန်မတိုင်မီ နောက်ဆုံး ကစား ခဲ့သည့် အတ္တလန္တာနှင့်ပွဲစဉ်တွင် တစ်ဂိုး
သွင်းခံလိုက်ရ၍သာ ပေးဂိုးမရှိစံချိန် ကျိုးပျက်သွားသည်။ သို့ရာတွင် ဂျူဗင်တပ်သည် ကိုးပွဲ
ဆက်တိုက်နိုင်ခဲ့ရာတွင် ၂၃ ဂိုး သွင်းယူ နိုင်ခဲ့ပြီး တစ်ဂိုးသာ ပြန်သွင်းခံရသော ကြောင့် တိုက်စစ်
ရော၊ ခံစစ်ပါ ကြောက် ခမန်းလိလိ ထက်မြက်သောအသင်း ဖြစ်သည်။

တစ်ဖန် ယင်းကိုးပွဲအတွင်းဂျူဗင်တပ်သည် ချန်ပီယံလုဘက် အဖြစ် ရေပန်းစားနေသော နာပိုလီ
ကို ၃-၀ ဖြင့် အပြတ်အသတ်နိုင်ခဲ့သည်။ ဂျူဗင်တပ်သည် ယခုရာသီတွင် ဗဟိုခံစစ်မှူးသုံးယောက်
ထည့်ကစား သော သုံးယောက်ခံစစ်ပုံစံကို ပြောင်း လဲ ကစားခဲ့ရာ၌ ရာသီအစပိုင်းတွင် ရုန်းကန်
ခဲ့ရသည်။

အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲတစ်ပွဲသာရသည်။ သို့ရာတွင် စီးရီးအေ၌မူ ပြိုင်ပွဲအချိန်
ကြာလာသည်နှင့်အမျှ အချိတ်အဆက်မိကာ ခြေစွမ်းထက်မြက်လာသည်ကို တွေ့ရသည်။

ယခုရာသီမစမီ ခေါ်ယူခဲ့သော တိုက်စစ်မှူးနှစ်ယောက်အနက် တေဗက်ဇ် သာ ချက်ချင်းအထိုင်
ကျပြီး ခြေစွမ်းပြ ခဲ့သော်လည်း စပိန်တိုက်စစ်မှူး လော် ရန်တေးမှာ အစောပိုင်းက နည်းပြ ကွန်တီ
၏ ယုံကြည်မှုကို မရခဲ့ဘဲ အောက်တိုဘာလတွင်မှ ကစားခွင့်ရခဲ့ သည်။

သို့ရာတွင် လော်ရန်တေး ခြေစွမ်း ပြလာပြီးနောက် တေဗက်ဇ်နှင့် အတွဲမိလာသောအခါတွင်
ဂျူဗင်တပ် တိုက်စစ်သည် စီးရီးအေတွင် ကြောက် ခမန်းလိလိ ထက်မြက်လာသည်။ တိုက်စစ်
တွင် တေဗက်ဇ်-လော်ရန် တေးအတွဲဖြင့် အထိုင်ချသကဲ့သို့ ခံစစ်ကြောင်းတွင်လည်း ချီယင်နယ်
လီ၊ ဘာဇာဂလီ၊ ဘိုနုချီတို့ဖြင့် ပုံသေထိုင် ထားသည်။

ကွင်းလယ်တွင်လည်း ဗီဒဲလ်၊ မာချီစီယို၊ပီယာလိုတို့ဖြင့် အထိုင်ချထားသောကြောင့် ယေဘုယျ
အားဖြင့် ဂျူဗင်တပ်သည် လူထုတ်ပုံတည်ငြိမ်သကဲ့သို့ ကစားကွက်ပါ တည်ငြိမ်သောအသင်းဖြစ်
သည်။

တစ်ဖက်တွင် စီးရီးအေ၌ ၁၀ ပွဲဆက်တိုက်နိုင်ပြီး အမှတ်ပေးဇယားကို တောက်လျှောက် ဦးဆောင်
ခဲ့သော ရိုးမားသည် ပွဲစဉ်(၁၁)မှ စတင်ကာ လေးပွဲဆက်တိုက် သရေကျခဲ့သောကြောင့် ထိပ်ဆုံး
နေရာကို ဖယ်ပေးလိုက် ရသည်။ သို့ရာတွင် ၁၀ ပွဲဆက်တိုက် နိုင်ခဲ့စဉ်က ရိုးမားခံစစ်ကြောင်း
သည် ပေးဂိုးတစ်ဂိုးသာရှိသောကြောင့် ဂျူဗင် တပ်ထက်ပင် လုံခြံုကျစ်လျစ်ခဲ့သည်။

လေးပွဲဆက်တိုက် သရေကျခဲ့စဉ်အတွင်း ရိုးမားတို့ အတော်ပင် ရုန်းကန် ခဲ့ရသည်။ အထူးသဖြင့်
ဖိအားနှင့် တောင်းဆိုမှုများ မြင့်တက်လာချိန် တွင် အဓိကတိုက်စစ်မှူးများဖြစ်သော တော့တီနှင့်
ဂျာဗင်ဟိုတို့ ဒဏ်ရာရပြီး ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ သောကြောင့် ရိုးမားတိုက်စစ်ကျ
သွား သည်။

တိုက်ဆိုင်စွာပင် အားထားရ သော ညာနောက်ခံလူ မိုင်ကွန်သည် လည်း ဒဏ်ရာ၊ ပွဲပယ်များ
ကြောင့် ပွဲစဉ် အချို့ကို လွဲချော်ခဲ့ရာ ရိုးမားသည် တိုက်စစ်ရော၊ ခံစစ်ပါ ပုံပျက်သွား သည်။

ကွင်းလယ်အထိုင် သုံးယောက် ဖြစ်သော ဒီရော့စီ၊ ပန်နစ်၊ ကီဗင်စရုမင်း တို့ ဖြင့် အသင်းကို
'ကျားကန်'နိုင်သော ကြောင့်သာ စီးရီးအေတွင် ရှုံးပွဲမရှိသေး ခြင်း ဖြစ်သည်။

သို့ရာတွင် ဒီဇင်ဘာလဆန်းပိုင်း တွင် ရိုးမားခြေစွမ်း ပြန်လည်ဦးမော့ လာသည်။ တော့တီ၊

ဂျာဗင်ဟိုတို့အပြင် လပေါင်းများစွာ အနားယူခဲ့ရသော အီတလီတိုက်စစ်မှူး ဒက်စထရို ပြန်လည်
ပါ၀င်လာပြီး ဂိုးများပင် သွင်းယူနိုင်ပြီဖြစ်သောကြောင့် ရိုးမားတိုက်စစ် ပြန်လည် တောင့်တင်းသွား
သည်။

ကွင်းလယ်နှင့် နောက်တန်းတွင်လည်း လူသစ်များ ထည့်ကစားရာ၌ စွမ်းဆောင် ရည်ပိုင်း တက်
လာသည်။ ဖီအိုရင်တီးနား ကို ၂-၁ ဖြင့် နိုင်ပြီနောက် အေစီမီလန် ကွင်းတွင် ၂-၂ သရေကျသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ကာတာနီးယား ကို ၄-၀ ဖြင့် နိုင်ခဲ့ရာ ယင်းသုံးပွဲအတွင်း ရိုးမားတို့ ရှစ်ဂိုး
သွင်းခဲ့သည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်နှင့် ရိုးမား တို့ ထိပ်တိုက်တွေ့ဆုံမည့် ပွဲသည် season of
the match ဖြစ်သွားနိုင် သည်။

ရိုးမားပရိသတ်သည် ဂျူဗင်တပ် ကို ဆန့်ကျင်မုန်းတီးစိတ်များ ပြင်းထန် နေသောကြောင့် ယခုပွဲ
တွင် ရိုးမား ဘက်က 'တင်'ကစားဖွယ်ရှိသည်။ တစ်ဖက်တွင် တိုက်စစ်ရော၊ ခံစစ်ပါ ထက်မြက်ပြီး
'ရစ်သမ်'မိနေသော ဂျူဗင် တပ်သည် အိမ်ရှင်အားသာချက်ပါ ရှိ သည်။ သို့ကလိုကြောင့် ဂျူဗင်
တပ်ဘက် ကို ချိန်ခွင်လျှာ အနည်းငယ်သာနိုင် သော်လည်း ရိုးမားဘက်က အရဲစွန့်သင့် ပြီး ဂိုးများ
သောပွဲဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး