မြန်မာ ယူ-၂၂ အသင်း ခြေစမ်းပွဲများ အနိုင်ရရှိ

မြန်မာ ယူ-၂၂ အသင်း ခြေစမ်းပွဲများ အနိုင်ရရှိ

2014 AFC Champions ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း
သည် ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲနှစ်ပွဲစလုံးကို အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇန်နဝါရီ လ ၄ ရက်နေ့တွင် ထိုင်းပရီမီယာလိဂ် ကလပ် မြောင်တောင်
ယူနိုက်တက် အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၂ အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၂၂ မိနစ်တွင် အောင်သူကလည်းကောင်း၊ ပွဲချိန် ၉၈
မိနစ်နှင့် ၁၀၆ မိနစ်တို့တွင် တိုက်စစ်မှူး ရန်နိုင်ထွေးကလည်းကောင်း သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် ထိုင်း ယူ-၂၀ အသင်းနှင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ယှဉ်ပြိုင်
ကစားခဲ့ရာ မြန်မာ ယူ-၂၂ အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုး များကို ပွဲချိန် ရ၂ မိနစ်တွင် ရန်နိုင်ထွေး နှင့် ပွဲချိန် ၈၅ မိနစ်တွင်
သက်နိုင်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် လာမည့် ၂၀၁၄ခုနှစ်
ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အိုမန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်
မည့် AFC U-22 Champions၂၀၁၃ ပြိုင်ပွဲတွင် အုပ်စု(က)၌ အိမ်ရှင် အိုမန်၊ တောင်ကိုရီးယား၊
ဂျော်ဒန်အသင်းများနှင့်အတူ ကျရောက်လျက် ရှိသည်။

အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အိုမန်အသင်းနှင့် လည်းကောင်း၊ ဇန်နဝါရီလ ၁၃
ရက် နေ့တွင် တောင်ကိုရီးယားအသင်းနှင့် လည်းကောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အုပ်စု
နောက်ဆုံးပွဲစဉ်အဖြစ်ဂျော်ဒန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်း၏လူစာရင်း တွင် ဆီးဂိမ်း ယူ-၂၃ အသင်းမှကစား သမားများနှင့် အခြား
လူငယ် ခြေတက် ကစားသမားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ-၂၂
အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီလူမျိုး ဂတ်ဆီဇီက တာဝန်ယူကိုင်တွယ်လျက်ရှိပြီး မြန်မာ
လက်ရွေး စင်ဟောင်းများဖြစ်သော ဦးသန်းတိုး အောင်နှင့် ဦးကြည်လွင်တို့က ပူးပေါင်း တာဝန်
ယူကိုင်တွယ်ကြမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အေ အက်ဖ်စီ ယူ-၂၂ ခြေစစ်ပွဲအဆင့် အုပ်စု (က) တွင် တောင်
ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ အသင်းများနှင့် တစ်အုပ်စုတည်း
ကျရောက်ခဲ့ပြီး ရမှတ် ၁၃ မှတ်ရရှိကာ တောင်ကိုရီးယားအသင်းနှင့်အတူ ခြေစစ်ပွဲအောင်မြင်
ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ဒေသတွင်းနိုင်ငံများအနက် တစ်သင်း တည်းသော
ခြေစစ်ပွဲအောင်မြင်သော အသင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး