၂၀၁၄ ခုနှစ် မြန်မာနေရှင် နယ်လိဂ်ပွဲစဉ် များ ထွက်ပေါ်

၂၀၁၄ ခုနှစ် မြန်မာနေရှင် နယ်လိဂ်ပွဲစဉ် များ ထွက်ပေါ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်
ပွဲကို လာမည့်ဖေဖော် ၀ါရီလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာမြို့များရှိ
သုဝဏ္ဏ၊အောင်ဆန်း၊ ဗထူး၊ ကမ္ဘောဇ၊ YUSC ဘောလုံးကွင်းများတွင် ကျင်းပ ပြုလုပ်သွားမည်
ဖြစ်သည်။

ပွဲစဉ်(၁)တွင် မြန်မာနေရှင်နယ်လိဂ် ၏ အင်အားကြီးအသင်းများဖြစ်သော ကမ္ဘောဇအသင်းနှင့်
နေပြည်တော် အသင်းတို့၏ ပွဲစဉ်၊ မာကျောသောအသင်းများဖြစ်သည့် မကွေးအသင်း နှင့်
ဧရာဝတီအသင်းတို့၏ ပွဲစဉ်များ ကဲ့သို့ ပရိသတ်စိတ်ဝင်စားစေမည့် အကြိတ်အနယ်ပွဲစဉ်များ
ပါ၀င်နေ သည်။

လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းသည် အိမ်ကွင်း၌ မနောမြေ အသင်းကို လက်ခံ
ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပြီး ရတနာပုံအသင်းသည် တန်းတက် ချင်းယူနိုက်တက်အသင်း ကို
အိမ်ကွင်း ဗထူးကွင်းတွင် လက်ခံ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

တန်းတက် GFA အသင်းနှင့် ဇွဲကပင် ယူနိုက်တက်အသင်း၊ ဇေယျာရွှေမြေ အသင်းနှင့် ဆောက်
သမ်းမြန်မာတို့၏ ပွဲစဉ်များသည်လည်း ရာသီသစ် အတွက်အသင်းများ၏ခြေစွမ်းများကို
စောင့်ကြည့်နိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး