တင်ရှားဝုဒ်နဲ့ကျမှ ရလဒ်ကောင်းသွားတဲ့ တော့တင်ဟမ်

တင်ရှားဝုဒ်နဲ့ကျမှ ရလဒ်ကောင်းသွားတဲ့ တော့တင်ဟမ်

နွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြားသုံးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ
မန်နေဂျာ ဘိုအာ့စ်လက်ထက်မှာတော့ ရလဒ် တွေက မတည်မငြိမ်ဖြစ်ခဲ့တဲ့အသင်း ပါ။

မန်စီးတီး၊ လီဗာပူးတို့ကို ဂိုးပြတ်ရှုံး၊ အာဆင်နယ်ကိုရှုံး၊ မန်ယူ၊ ချယ်လ်ဆီး တို့ကို အိမ်ကွင်းမှာ
သရေ၊ အဲဗာတန် ကို သရေတွေပဲ ကစားနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်ကိုတောင်
အိမ်ကွင်းမှာရှုံးခဲ့လို့ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို အနား တောင် မကပ်နိုင်ခဲ့တဲ့
အသင်းဖြစ်ပါ တယ်။ အဆင့်(၆) (၇) (၈)၀န်းကျင်မှာပဲ ကျင်လည်နေခဲ့ရပါတယ်။

ဒါကြောင့် လည်း နောက်ဆုံးမှာ မန်နေဂျာဘိုအာ့စ် တစ်ယောက် တော့တင်ဟမ်ဟော့စပါးကနေ
အထုတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘိုအာ့စ်မရှိတော့တဲ့နောက်မှာအသင်းဥက္ကဋ္ဌ ဒယ်နီယယ်လဲ
ဗီးစ်ဟာ ဘယ်လိုနည်းပြကိုခေါ်မလဲ စိတ်ဝင်စား ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အသင်းရဲ့
လက်ထောက်နည်းပြတင်ရှား ၀ုဒ်ကိုယုံယုံကြည်ကြည်နဲ့ နည်းပြသစ် အဖြစ် ၁၈ လ စာချုပ်လိုက်
တဲ့အခါမှာ တော့ အံ့အားသင့်သွားခဲ့ကြပါတယ်။ အတွေ့အကြံုနည်းတဲ့ တင်ရှားဝုဒ်ဟာ အသင်း
ကို ကိုင်နိုင်ပါ့မလားလို့ ထင်ကြေးပေးခဲ့ကြပါတယ်။

တကယ် တမ်း ကိုင်တွယ်တဲ့အခါမှာတော့တော့တင်ဟမ်ဟာ ပရီမီယာလိဂ်ကိုအကောင်းဆုံး
ကျော်ဖြတ်လာနိုင်သူ ဖြစ်လာလို့ တော့တင်ဟမ်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်လာနေပြီ
ဖြစ်ပါတယ်။

ဘိုအာ့စ်လက်ထက်မှာ ရလဒ်တွေမတည်မငြိမ်ဖြစ်ခဲ့သမျှ တင်ရှားဝုဒ်လက်ထက်မှာတော့ တော့
တင်ဟမ်ဟာ ရလဒ်ကောင်းတွေထွက်လာပြီး ထိပ်သီး ငါးသင်းနေရာကို ၀င်လာနေပြီဖြစ်ပါတယ်။
တင်ရှားဝုဒ်ဟာ စပါးကိုနည်းပြ ဟယ်ရီရက်ဒ်နက်ကိုင်တွယ်စဉ်အချိန် မှာ ကွင်းလယ်ပိုင်းကို လေ့
ကျင့်ပေး ရသူ လေ့ကျင့်ရေးမှူးအဖြစ်နဲ့ နည်းပြ အဖွဲ့ထဲကို ရောက်လာသူဖြစ်ပါတယ်။ ရက်ဒ်နက်
ကို ထုတ်ပယ်ပြီးတော့လည်း ဘိုအာ့စ်နည်းပြအဖွဲ့ထဲမှာ ကျန်နေရစ် ခဲ့သူဖြစ်ပါတယ်။ စပါးကွင်း
လယ်သမား၊ ဘလက်ဘန်းကွင်းလယ်သမား ဘဝနဲ့ ဖြတ်သန်းလာသူ တင်ရှားဝုဒ် ဟာ ကစားသ
မားဘဝကို စွန့်ခွာပြီး နောက်ပိုင်းမှာတော့ နည်းပြသင်ခန်းစာ တွေနဲ့ နောက်ထပ်ဘဝသစ်ကို ဖြတ်
သန်းဖို့ ပြင်ဆင်ထားခဲ့သူဖြစ်ပါတယ်။

အဲဒီမှာပဲ ရက်ဒ်နက်လက်အောက်မှာလက်တွေ့ကွင်းဆင်းခြင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ
နောက်ဘိုအာ့စ် လက်အောက်မှာ ထပ်မံသင်ယူမှုတွေ လုပ်ခဲ့တာပါ။ ဒီအတွေ့အကြံုတွေက အခု
တော့ လက်တွေ့အကောင်အထည် ဖော်ဖို့ အခွင့်အရေးရလာခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းခဲ့
မှုကြောင့်လည်း စပါးက သူ့ကို နှစ်တိုစာချုပ် ချုပ်ပြီး ကိုင်တွယ်ခိုင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

သူဟာ ဘိုအာ့စ်လောင်းရိပ်မိသူ တစ်ယောက်မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ သူတော့
တင်ဟမ်ကို စတင်ကိုင်တွယ်ခွင့်ရလိုက်တာနဲ့ အသင်းကိုအပြောင်းအလဲလုပ်ခြင်းနဲ့ ယုံကြည်မှု
အသစ်ကို တည်ဆောက်လိုက်ပါတယ်။ ဘိုအာ့စ် အားကိုးခဲ့တဲ့ အင်ဒရိုတောင် ဆန်ကို လုံးဝ
မသုံး တော့သလို အထောင် တိုက်စစ်မှူးဆိုလ်ဒါဒို ကိုလည်း တောင်ပံ ထွက်ကစားခိုင်းလိုက်
ပါတယ်။

ဘိုအာ့စ် လုံးဝ မသုံးတဲ့ အဒီဘာယော ကို လုံးဝအားကိုးပစ်လိုက် တာကလည်း တင်ရှားဝုဒ်
ရဲ့ထူးခြားတဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိ မော်ဒန်ဘောလုံး လောကမှာ
အသုံးများတဲ့ ၄ဪ၂-၃-၁ ကစားကွက်ကို မသုံးဘဲ ဂန္ထဝင်ဖြစ်သွားခဲ့တဲ့ ၄-၄-၂ ကစားကွက်နဲ့ပဲ
တော့တင်ဟမ်ကို ပြောင်းလဲပစ်လိုက်သူ ဖြစ်ပါတယ်။

တိုက်စစ်မှာ အဒီဘာယောနဲ့ ဆိုလ်ဒါဒို အတွဲကိုသုံးပြီး ဆိုလ်ဒါဒိုကို အပြင်ထွက်ကစားခိုင်းပြီး
အဒီဘာယောကို အတွင်းမှာ ကစားစေခဲ့ပါတယ်။ ဒီလို အပြောင်းအလဲက ထိရောက်မှုရှိသွား
ခဲ့ပါတယ်။

"ကျွန်တော့်အသင်းကို ၄-၄-၂ နည်းစနစ်နဲ့ ကစားစေတယ်လို့ ထင်ထားကြပါတယ်။
ကျွန်တော်က အဲဒီလိုသုံးခဲ့တာ မဟုတ်ပါဘူး။ တိုက် စစ်မှူးနှစ်ယောက်ရှိပေမယ့် တကယ် တော့
၁၁ ယောက်စလုံးဟာ တစ်နေရာ တည်းမှာ အတည်တကျမဟုတ်ဘဲ နေရာလွတ်အနေအထား
ကိုလိုက်ပြီး ကစားစေတာပါ။ အဲဒါကို ၄-၄-၂ နည်း စနစ်လို့ ပြောတာကိုတော့ ကျွန်တော် နား
မလည်နိုင်ပါဘူး။ အဒီဘာယော ကို အထောင်နေရာမှာပဲထားပြီး ကစား နေတာပါ။ကွင်းလယ်မှာ
ကစားသမား နှစ်ယောက် အမြဲရှိနေပါတယ်''လို့ တင်ရှားဝုဒ်က သူ့ရဲ့နည်းစနစ်ပိုင်း ဝေဖန်မှုတွေကို
ပြန်လည်ရှင်းလင်း သွားခဲ့ပါတယ်။

တကယ်တမ်းတော့ သူပြောသလိုပါပဲ။ အဒီဘာယောဟာ အထောင်တိုက်စစ်နေရာမှာ အချိန်
အတော်များများရှိနေပြီး ဆိုးလ်ဒါဒိုဟာ အပြင်ထွက်ပြီး ကစားနေတာတွေ့ရ သလို ဆိုလ်ဒါဒိုဟာ
ဘိုအာ့စ်လက်ထက် အထောင်နေရာမှာ ကစားရတာထက် ကို ပိုပြီးကစားအားကောင်းသလို ပံ့ပိုး
အားလည်း ပိုကောင်းသွားခဲ့ပါတယ်။ အဒီဘာယော ဂိုးသွင်းဖို့ ဆိုလ်ဒါဒိုနဲ့ အဲရစ်ဆင်တို့ ပံ့ပိုးအား
တွေက ထိရောက် မှုရှိခဲ့သလို မန်ယူကို အနိုင်ဂိုးသွင်းသွား တဲ့ အဲရစ်ဆင်ရဲ့ ဂိုးဆိုရင်လည်း နေရာ
လွတ်တွေကို လိုက်ဖြည့်ကစားစေခြင်း ကနေသွင်းသွားတဲ့ဂိုးဖြစ်တယ်ဆိုတာ ထင်ရှားနေခဲ့ပါတယ်။

အဲရစ်ဆင်ကို တောင်ပံကိုထုတ်ပြီး ဖြတ် တင်ဘောတွေ ပံ့ပိုး ခိုင်းပြီး တိုက်စစ် အတွင်းနေရာကို
လိုက်ဖြည့် ကစားခိုင်းခြင်းကတော့ ဘိုအာ့စ်နဲ့ ကွာခြားသွားမှုပဲ ဖြစ်ပါတယ်။ ကစားဟန် မှာတော့
ဘို အာ့စ် လက်ထက်မှာ တော့ တင်ဟမ်ဟာ မြေ လှိမ့်ဘောတွေ ကို အားကိုး ကစားစေပြီး ဧရိ
ယာအပြင် ကနေ အပြင်းကန်သွင်းချက် တွေကို အားကိုး ကစား ပေမယ့် တင်ရှားဝုဒ် လက်ထက်
မှာ တော့ အမြင့်ဘော၊ ဖြတ်တင်ဘော တွေ ကို ပိုပြီးအားပြုကစားနေခဲ့ပါတယ်။ ဒါက ကစားဟန်
အပြောင်းအလဲဖြစ်ပါ တယ်။ဒီအပြောင်းအလဲတွေအောက် မှာ ဘာတွေကွာခြားသွားသလိုဆိုတာ
ကို အောက်ပါဇယားမှာ ကြည့်လိုက် ရင် အတိအကျသိရမှာပဲဖြစ်ပါတယ်။

တင်ရှားဝုဒ်ဟာ ပရီမီယာလိဂ်ငါးပွဲ ကစားပြီးသွားချိန်မှာ ရှုံးပွဲမရှိကစားထားပြီး ဖြစ်ပါတယ်။ ရှုံးထွက်
ပွဲစဉ်တွေမှာ အောင်မြင်မှုမရခဲ့ပေမယ့် ပရီမီယာလိဂ်မှာ ငါးပွဲကစား၊ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ ၁၃
မှတ်ဆိုတာကတော့ တင်ရှားဝုဒ်ရဲ့ အချိန်တိုအတွင်း အောင်မြင်မှုပဲဖြစ်ပါတယ်။ ဒီငါးပွဲမှာ ဆောက်
သမ်တန်ကို ၃-၂ နဲ့နိုင်တဲ့ပွဲ၊ မန်ယူကို ၂-၁ နဲ့ နိုင်တဲ့ပွဲတွေပါ၀င်နေခဲ့ ပါတယ်။

အိမ်ကွင်းသုံးပွဲမှာ စတုတ်ကိုသုံးဂိုးပြတ်၊ ခရစ္စတယ်ကို နှစ်ဂိုးပြတ်နဲ့ဝက်စ်ဘရွန်းကို ၁-၁ သရေတို့
ကစားထားခဲ့ပါတယ်။ အက်ဖ်အေဖလားပွဲမှာ အာဆင်နယ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ရှုံးနိမ့်သွားပေမယ့်
ပရီမီယာလိဂ် ဖြတ်သန်းမှုမှာတော့ တင်ရှားဝုဒ်ရဲ့ စွမ်းဆောင်ရည်တွေဟာ အားရစရာပဲ ဖြစ်ပါတယ်။

အမြင့်ဘောတွေကို ဦးစား ပေးကစားထားတဲ့အတွက် တင်ရှားဝုဒ် ဟာ ဘိုအာ့စ်လောက်တော့
ဘောလုံး ပိုင်ဆိုင်မှုအပိုင်းမှာတော့ အားနည်းနေခဲ့ပါတယ်။ ဒါဟာ ရေရှည်အတွက် အန္တရာယ်လို့
ဆိုနိုင်မလားဆိုတာကို တော့ အချိန်အတိုင်းအတာတစ်ခုအထိ တော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဂိုးသွင်းအား သိသိသာသာတက်လာ ပြီး တိုက်စစ်အပြောင်းအလဲလုပ်ခြင်း ကိုတော့ တော့တင်ဟမ်
အပေါ်မှာ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ပရီမီယာလိဂ် ပြီးဆုံးဖို့ သီတင်း ၁၇ ပတ် ကျန်နေသေး
လို့ တင်ရှားဝုဒ် ဒီခရီး အတွက် ဘယ်လောက်စွမ်းဆောင်ပြ နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာ
ဖြစ်ပေမယ့် လက်ရှိမှာ တင်ရှားဝုဒ် ဟာ တော့တင်ဟမ်အတွက် ထိရောက် တဲ့ စွမ်းဆောင်မှုတွေ
လုပ်ပြနေ တာကိုတော့ မေ့ထား လို့ မရဘူးလို့ ယုံကြည်နေမိပါရဲ့။



ဖတ်ရှုမှုအများဆုံး