မန်စီးတီး၊ အာကြီးနဲ့ လီဗာပူးတို့ နိုင်ပွဲဆက်ဦးမယ် - ပရီမီယာလိဂ်ပွဲစဉ်(၂၂)

မန်စီးတီး၊ အာကြီးနဲ့ လီဗာပူးတို့ နိုင်ပွဲဆက်ဦးမယ် - ပရီမီယာလိဂ်ပွဲစဉ်(၂၂)

အာဆင်နယ် - ဖူလ်ဟမ်
ချန်ပီယံဖြစ်ဖို့ ရည်မှန်းတဲ့အသင်းနဲ့ တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့ အသင်းတို့ ထိပ်တိုက်တွေ့နေ
တာဖြစ်ပါတယ်။ ဖူလ်ဟမ် ခံစစ်ပိုင်းတော်တော်ကို ဆိုးရွားနေပါတယ်။ အာဆင်နယ်ကို ရွေးရမှာ
ဖြစ်ပါတယ်။

မန်စီးတီး - ကာဒစ်ဖ်
မန်စီးတီး အိမ်ကွင်းမှာ အကောင်းဆုံးကစားထားနိုင်တာကို ပြောနေစရာ မလိုပါဘူး။ ဒီပွဲမှာ
ကာဒစ်ဖ် ဘယ်လောက်ပိတ်ဆို့ကစားနိုင်မလဲဆိုတာကိုပဲ စဉ်းစား ရမှာဖြစ်ပါတယ်။ မန်စီးတီးပဲ
ရွေးရဦးမှာဖြစ်ပါတယ်။

လီဗာပူး - ဗီလာ
လီဗာပူးတိုက်စစ်မှာ စတားရစ်ချ်ပြန်ပါလာတဲ့အတွက်ဆွာရက်ဇ်နဲ့ အတွဲမိ နေပါတယ်။ ဗီလာခံစစ်ဘယ်လောက်ခံနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ လီဗာပူး အနည်း
ဆုံး နှစ်ဂိုးပြတ်မှာမို့ လီဗာပူးကိုပဲ ရွေးရမှာပါ။

ချယ်လ်ဆီး - မန်ယူ
ချယ်လ်ဆီးက မန်ယူထက်ပိုပြီးခြေစွမ်းပြကစားနေပါတယ်။ မန်ယူကလည်း စပါးကို ရှုံးသွားလို့
ဆွမ်ဆီးပွဲကို အနိုင်ပြန်ပြီးကစားထားခဲ့ပါတယ်။ ဒီပွဲက သရေနဲ့ပြီးဖို့ များတဲ့ပွဲဖြစ်ပါတယ်။ မန်ယူက
နေရမှာပါ။

ဆွမ်ဆီး - စပါး
အခုပွဲက ဆွမ်ဆီးကွင်းဆိုတော့ စပါးခက်ခက်ခဲခဲကစားရနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဆွမ်ဆီးက ကွင်း
လယ်ကစားကွက်ကောင်းတဲ့အတွက် စပါးခံစစ်ကို ဦးစားပေး ရနိုင်ပါတယ်။ ဆွမ်ဆီးသရေနဲ့
အနိုင်ဖြစ်လာနိုင်ပါတယ်။

၀က်စ်ဘရွန်း - အဲဗာတန်
အဲဗာတန်ကတော့ အကောင်းဆုံးပုံစံနဲ့ ပရီမီယာလိဂ်ကို ဖြတ်သန်းနေပါ တယ်။ ဒါပေမဲ့ အဝေးကွင်း
ရောက်ရင်တော့ ခက်ခက်ခဲခဲကစားရတာကို သတိ ပြုသင့်ပါတယ်။ ၀က်စ်ဘရွန်းက အိမ်ကွင်းကစား
အားကောင်းတဲ့အသင်း ဖြစ်လို့ အဲဗာတန်ခြေပျက်မယ့်ပွဲဖြစ်လာနိုင်ပါတယ်။ ၀က်စ်ဘရွန်းကို ရွေးရ
မယ့် အချိန်ဖြစ်ပါတယ်။

၀က်စ်ဟမ်း - နယူးကာဆယ်
ကစားကွက်ပိုင်းမှာ နယူးကာဆယ်လောက် ၀က်စ်ဟမ်း မကောင်းပါဘူး။ နယူးကာဆယ် သုံးပွဲ
ဆက်တိုက်ရှုံးပြီးသွားလို့ လေးပွဲဆက်တိုက်တော့ မရှုံးနိုင် တာ သေချာပါတယ်။ နယူးကာဆယ်
သရေနဲ့ အနိုင်ပါ။

ဆန်းဒါးလန်း - ဆောက်သမ်တန်
ပြီးခဲ့တဲ့သီတင်းပတ်က ဖူလ်ဟမ်ကွင်းမှာ ဆန်းဒါးလန်းတို့ဂိုးပြတ်နဲ့ အနိုင်ရခဲ့ ပါတယ်။ စိတ်ဓာတ်
ပြန်တက်လာလို့ ဆောက်သမ်တန်ခက်ခက်ခဲခဲ ကစားရမယ့် ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ခြေ
က မတည်ငြိမ်တဲ့အတွက် ဒီပွဲမှာ ဆန်းဒါး လန်းကနေရမှာဖြစ်ပါတယ်။

ခရစ္စတယ် - စတုတ်
ခရစ္စတယ်သုံးပွဲဆက်တိုက်နိုင်ပွဲပြန်ပျောက်သွားပါတယ်။ တစ်ခုရှိတာက အသင်းကြီးတွေနဲ့
ရင်ဆိုင်ရတာဖြစ်လို့လည်း အခက်တွေ့တာဖြစ်နိုင်ပါတယ်။ စတုတ်က အိမ်ကွင်းပဲ ကစားအား
ကောင်းပြီး အဝေးကွင်းဆိုရင် သင့်ရုံသာရှိတဲ့ပွဲ ဖြစ်ပါတယ်။ အကြိတ်အနယ်ရှိနိုင်ပြီး ခရစ္စတယ်
အနိုင်ရသွားနိုင်ပါတယ်။

နော်ဝစ်ချ် - ဟားလ်စီးတီး
နော်ဝစ်ချ်ကစားပုံက ဟားလ်စီးတီးကစားပုံလောက် မတည်ငြိမ်ပါဘူး။ ဟားလ်စီးတီးမန်နေဂျာ
စတိဗ်ဘရုစ်ဟာ အသင်းကိုအကောင်းဆုံးတည်ဆောက် နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ နော်ဝစ်ချ်
ကွင်းဖြစ်ပေမယ့်လည်း ဟားလ်စီးတီး အသာစီးရသွားနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဟားလ်စီးတီးကိုကြိုက်
ပါတယ်။



ဖတ်ရှုမှုအများဆုံး