စင်ကာပူဆီးဂိမ်းတွင် ရိုးရာခြင်း ထည့်သွင်းကျင်းပမည်

စင်ကာပူဆီးဂိမ်းတွင် ရိုးရာခြင်း ထည့်သွင်းကျင်းပမည်

လာမည့် ၂၀၁၅ ခုနှစ်တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အရှေ့တောင်
အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို ထည့်သွင်းကျင်းပ ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့သော (၂၇)ကြိမ်
မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း ပထမဆုံး
အကြိမ်မြောက်အဖြစ် ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌
ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယအကြိမ်အဖြစ် ထည့်မံထည့်သွင်း
ကျင်းပခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးကို ထည့်သွင်းကျင်းပခဲ့ပြီး
အိမ်ရှင်မြန်မာ နိုင်ငံအပါအဝင် မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံတို့ ပါ၀င်
ယှဉ်ပြိုင်ခဲ့ကြသည်။

အိမ်ရှင် မြန်မာအသင်းသည် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွှေတံ
ဆိပ်ခြောက်ခုဖြင့် ရာနှုန်း ပြည့် အောင်ပွဲများရယူနိုင်ခဲ့သည်။ စင်ကာပူဆီးဂိမ်းတွင် မြန်မာ့ရိုးရာခြင်း
လုံးကို နိုင်ငံတကာအဆင့်မီ အားကစားနည်းတစ်ရပ်အနေဖြင့် ထည့်သွင်းကျင်းပခွင့်ရမည်ဖြစ်ပြီး
ယင်းသို့ ထည့်သွင်းကျင်းပရန် အာရှ ကော်မတီအစည်းအဝေးတွင် သဘော တူညီခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၂၇) ကြိမ်မြောက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခြောက်နိုင်ငံဖြင့် ကျင်းပခဲ့သော်လည်း လာမည့်
(၂၈)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အရှေ့တီမော၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေ ထပ်မံပါ၀င်
လာနိုင် ခြေရှိကြောင်း သိရသည်။

"ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့ ရိုးရာခြင်းလုံးအားကစားနည်းကို ထည့် သွင်းကျင်းပနိုင်ဖို့အတွက်
အရှေ့တောင် အာရှနိုင်ငံတွေကို ခြင်းလုံးစည်းရုံးရေး ခရီးစဉ်တွေသွားရောက်မိတ်ဆက်ခဲ့ပါ တယ်။
လာမယ့် စင်ကာပူဆီးဂိမ်းရဲ့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း မှာ ပါ၀င်မယ့် ပြိုင်ပွဲဝင်နိုင်ငံတွေ
ကို လည်း ထပ်မံသွားရောက်ပြီး ခြင်းလုံး အားကစားစည်းရုံးရေးအစီအစဉ်တွေ ပြုလုပ်သွားမှာဖြစ်
ပါတယ်။ ကျွန်တော် တို့အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ရိုးရာခြင်းလုံးအားကစားသမားတွေကို
ရွေးချယ်တဲ့နေရာမှာ စည်းကမ်းလိုက်နာ ပြီး အရည်အချင်းမြင့်မားတဲ့ အားကစား သမားတွေကို
စိစစ်ရွေးချယ်ပြီး နိုင်ငံ တကာပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

နောက်ထပ်လာမယ့် ပြိုင်ပွဲတွေအတွက် ပြီးခဲ့တဲ့ဆီးဂိမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်သွားတဲ့ အားကစား
သမား ၉၀ ရာခိုင်နှုန်းကို ပြန်လည်ရွေးချယ်လေ့ကျင့်ပေးသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်
ရွေး စင် ကစားသမားတွေက နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြံုရင့်ကျက်တဲ့ ကစား သမားတွေပါ။
ကျန်တဲ့ အားကစား သမားတွေကို မျိုးဆက်သစ်တွေထဲက ရွေးချယ်သွားမှာပါ။ ဒါမှ မြန်မာ့ရိုးရာ
ခြင်းလုံးအားကစားနည်းက အရည် အချင်းရှိပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့ အကြံုရင့်ကျက်တဲ့ကစား
သမားတွေပေါ်ထွက်လာမှာပါ"ဟု မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တွဲဖက်အတွင်း ရေးမှူး
ဦးပြည့်စုံမြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။

စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများကို အဓိကယှဉ်ပြိုင်
ရမည် ဖြစ်ကြောင်းသိရသည်။ "ရိုးရာခြင်းလုံးအားကစားနည်းကို ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတွေက
မြန်မာနိုင်ငံကို စိန်ခေါ်နိုင်စွမ်းရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးရာ အားကစားဖြစ်တဲ့အတွက်
ကျွန်တော်တို့ကို အနိုင်ရဖို့မလွယ်ပါဘူး။ မြန်မာ့ ရိုးရာ ခြင်းလုံးအားကစားနည်းအတွက် အောင်မြင်
မှုရရှိဖို့လုံးဝ ယုံကြည်ချက်ရှိပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေ အားလုံး ကို လေးစားပါတယ်။ သူတို့ဟာ
အကောင်း ဆုံးပြိုင်ဘက်တွေအဖြစ် တိုးတက်ကောင်းမွန်လာနိုင်ပေမယ့် မြန်မာနိုင်ငံ ကို ကျော်
ဖြတ်ပြီး အောင်မြင်မှုရဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့ အားကစားသမားတွေကိုလည်း
ကိုယ့် ရိုးရာအားကစားနည်းဆိုပြီး မာန်မာန မထားဘဲ အမြဲတမ်းကြိုးစားလေ့ကျင့် ဖို့ မှာကြားထား
ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့ရိုးရာခြင်းလုံးကို စည်းကမ်းလျှော့ပေါ့သတ်မှတ်ထားတာက နိုင်ငံ
တကာက ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးကို တဖြည်းဖြည်း အဆင့်မြှင့်
တင်သွား မှာပါ။ အနာဂတ်မှာ အဓိကပြိုင်ဘက်အဖြစ် ထိုင်းနိုင်ငံကိုသတိထားယှဉ်ပြိုင် ရမှာပါ"ဟု
ပြောသည်။



ဖတ်ရှုမှုအများဆုံး