မြန်မာ ယူ-၁၆ အသင်း ဖွဲ့စည်းရန် ကစားသမားရွေးချယ်

မြန်မာ ယူ-၁၆ အသင်း ဖွဲ့စည်းရန် ကစားသမားရွေးချယ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံတကာပြိုင်ပွဲ
များတွင် ၀င်ရောက် ယှဉ်ပြိုင်ကစားရန်အတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို ဖွဲ့စည်း
သွားမည်ဖြစ်ရာ အဆိုပါအသင်းအတွက် ကစားသမား ရွေးချယ်မှုများကို အထက်မြန်မာပြည်နှင့်
အောက်မြန်မာ ပြည် ဇုန်နှစ်ခုခွဲ၍ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေ ဖြင့် ကစားသမားများအား ဘောလုံး ကျွမ်းကျင်မှုအပြင်
အသက်မှန်ကန်မှု ရှိရေးအတွက်ကိုပါ ကစားသမား ရွေးချယ်ရေးကော်မတီဖြင့် စိစစ် ရွေးချယ်သွား
မည်ဖြစ်သည်။

အဆိုပါ ကစားသမားရွေးချယ်မှုကို အထက်မြန်မာပြည်အတွက် မန္တလေးမြို့ဘောလုံးအကယ်ဒမီ
တွင် ဇန်နဝါရီ လ ၁၅၊ ၁၆ ရက်နေ့များတွင် ပြုလုပ် ခဲ့ပြီး အောက်မြန်မာပြည်အတွက် သုဝဏ္ဏလေ့
ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၂)တို့တွင် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တို့တွင် နေ့စဉ် နံနက် ရ နာရီမှ
စတင်၍ ရွေးချယ်မှုများပြုလုပ်သွား မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး