ဂျူဗင်တပ်တိုက်စစ်က စိတ်ချရတယ်

ဂျူဗင်တပ်တိုက်စစ်က စိတ်ချရတယ်

ဂျူဗင်တပ်-ဆမ်ဒိုးရီးယား
နှစ်သစ်ကူး ခေတ္တအားလပ်ရက်များ ပြီးနောက် စီးရီးအေပွဲစဉ် ပြန်လည်စတင်သောအခါတွင်
ဂျူဗင်တပ်သည် ဒုတိယနေရာမှ အဓိကဖိအားပေး နေသော ရိုးမားကို အိမ်ကွင်း၌ သုံးဂိုး ပြတ်နိုင်
လိုက်သောကြောင့် ရှစ်မှတ် ဖြတ်ပြီး အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်
သော အနေအထားသို့ ရောက်သွားသည်။

တောက်လျှောက် ခြေစွမ်းထက်မြက် လာသော ဂျူဗင်တပ်ကို ခြေရာခံကြည့် လျှင် စီးရီးအေတွင်
ပွဲတိုင်းကို အာရုံ စူးစိုက်မှု အပြည့်အဝ ထည့်ကစားလာ သည်ကိုတွေ့ရသည်။ အဓိကပြိုင်ဘက်
ကို ရင်ဆိုင်ရာတွင်ဖြစ်စေ၊ အသင်းငယ် လေးကို ရင်ဆိုင်ရာတွင်ဖြစ်စေ ဂျူဗင် တပ်သည် ဖိဖိစီးစီး
နှင့် 'ညှစ်'ကစားလေ့ ရှိခြင်းသည် ၎င်းတို့၏ အားသာချက်တစ်ခု ဖြစ်လာသည်။

ဂျူဗင်တပ်၏ ၁၁ ပွဲဆက်တိုက် နိုင်ပွဲ များကို ပြန်ပြောင်းကြည့်ပါက အဓိက ပြိုင်ဘက်နှစ်သင်းဖြစ်
သော နာပိုလီနှင့် ရိုးမား နှစ်သင်းစလုံးကို အိမ်ကွင်း၌ ၃-၀ စီဖြင့် ပြတ်သားစွာနိုင်ခဲ့သည်။ ၁၁ ပွဲ
ဆက်တိုက် နိုင်ခဲ့ရာတွင် ဂျူဗင်တပ်သည် ဂိုးပေါင်း ၃၀ သွင်းယူနိုင်ခြင်း ကြောင့် တစ်ပွဲပျမ်းမျှ
သုံးဂိုးနှုန်းနီးပါး သွင်းယူနိုင်ခဲ့သည်။

ထိုသို့ ဂိုးသွင်းအား သည် လတ်တလော စီးရီးအေတွင် မည်သည့်အသင်းမျှ လိုက်ယှဉ်၍ မဖြစ်
နိုင်သော အနေအထားသို့ရောက်နေခြင်းကြောင့် ဂျူဗင်တပ်တိုက်စစ်သည် စီးရီးအေ၌ ပြိုင်ဘက်
ကင်းလုနီးပါး ဖြစ်နေသည်။ ရာသီအစပိုင်းက တောက်လျှောက် ခြေစွမ်းပြခဲ့သော အာဂျင်တီးနား
တိုက်စစ်မှူး တေဗက်ဇ်သည် ဘောလုံး ရာသီထက်ဝက်ကျိုးလာချိန်တွင် ပုံမှန်ခြေစွမ်းရအောင်
အတော်ပင် ကြိုးစားနေရပြီး ပွဲစဉ်အတော်များများ၌ လူစား လဲခြင်းကို ခံလာရသည်။

သို့ရာတွင် ရာသီအစပိုင်းက ခြေစွမ်း မပြနိုင်ခဲ့သော စပိန်တိုက်စစ်မှူး လော်ရန်တေး၏ အခြေအနေ
မှာ တေဗက်ဇ်နှင့် ပြောင်းပြန်ဖြစ်နေပြီး တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပြနိုင်ကာ ဂိုးများသွင်းယူနိုင်ခြင်း
ကြောင့် နည်းပြကွန်တီ၏ အားထားရသော တိုက်စစ် မှူးအဖြစ်သို့ရောက်ရှိလာသည်။

ဂျူဗင်တပ် ကွင်းလယ်တွင် ငယ်ဂုဏ် ရှိပြီး ကစားအားလည်းရှိသော ပေါ့ဂ်ဘာ၊ အဆာမိုတို့နှင့်အတူ
သမ္ဘာရှိသော ပါဒိုအင်ကို ပွဲထုတ်လာသည်။ ယခုနောက် ပိုင်း ပွဲစဉ်များတွင် နည်းပြကွန်တီသည်
ထိပ်တန်းအသင်းကြီးများနှင့် ရင်ဆိုင် ရသည်မှလွဲပြီး ကျန်ပွဲစဉ်များ၌ ကွင်းလယ်အထိုင်ဖြစ်သော
ပီယာလို၊ ဗီဒယ်မာချီစီယိုအတွဲကို အပြည့်မသုံး ဘဲ 'ချို'ထားခြင်း၊ လူစားထည့်သွင်းကာ အနား
ပေးခြင်းများ ပြုလုပ်လာသည် ကို တွေ့ရသည်။

တိုက်စစ်ထက်မြက်သကဲ့သို့ ဂျူဗင်တပ်ခံစစ်ကြောင်းသည်လည်း စီးရီးအေ တွက် လုံခြံုကျစ်လျစ်
မှုအရှိဆုံး နောက်တန်းအဖြစ် ပေးဂိုးအရည်အတွက်က သက်သေခံနေသည်။ ၁၁ ပွဲဆက်တိုက်
နိုင်ခဲ့ရာတွင် ဂျူဗင်တပ် ခံစစ်ကြောင်း သည် ပေးဂိုးနှစ်ဂိုးသာရှိခဲ့ပြီး ကိုးပွဲတိတိ ဂိုးသွင်းမခံရပေ။

သို့ကလိုကြောင့် ဂျူဗင်တပ်သည် 'ရစ်သမ်' မိပြီး တိုက်စစ်ရော ခံစစ်ပါ ကြောက်ခမန်းလိလိ ထက်
မြက်နေသည်ကို တွေ့ရသည်။

တစ်ဖက်တွင် ဂျူဗင်တပ်ကို ရင်ဆိုင် မည့် ဆမ်ဒိုးရီးယားသည် နည်းပြသစ် မီဟိုင်းလိုဗစ် ကိုင်တွယ်
လိုက်ချိန်မှ စတင်ကာ ခြေစွမ်းထက်မြက်လာသည်။ အထူးသဖြင့် နှစ်သစ်ကူးခေတ္တအားလပ်ရက်
များ မတိုင်မီကဆိုလျှင် ခြေစွမ်း တစ်ရှိန်ထိုးတက်လာသည်။

သို့ရာတွင် ဇန်နဝါရီ ၅ ရက် စီးရီးအေ ပွဲစဉ်များ ပြန်လည်စတင်သောအခါ တွင် ခြေစွမ်းထက်မြက်
မှုများ ရပ်တန့် သွားသည်။ နာပိုလီကို ၂-၀ ဖြင့် အရေး နိမ့်ခဲ့သောပွဲစဉ်တွင် ဆမ်ဒိုးရီးယားတို့ တိုက်
စစ်ရော၊ ခံစစ်ပါ မျှော်လင့်ထား သလောက် ကျစ်လျစ်တောင့်တင်းခြင်း မရှိတော့သည်ကို တွေ့ရ
သည်။

အထူး သဖြင့် ကွင်းလယ်ကစားကွက်ကောင်း သော အသင်းကြီးများကို ရင်ဆိုင်သော အခါတွင်
ဆမ်ဒိုးရီးယားသည် တစ်ပန်းရှုံးနေသေးသည့် အချက်ကို နာပိုလီ အား ၂-၀ ဖြင့် အရေးနိမ့်သော
ပွဲတွင် မြင်တွေ့ရသည်။

ခြံုကြည့်လျှင် 'ရစ်သမ်' မိနေသော ဂျူဗင်တပ်သည် ဆမ်ဒိုးရီးယားထက် ဘက်ပေါင်းစုံမှ အပြတ်
အသတ်သာလွန် နေသည်။ တစ်ဖန် ဂျူဗင်တပ်ကစား သမားတို့၏ စိတ်ဓာတ်နှင့် နိုင်လိုစိတ် ပြင်း
ပြမှုတို့ကို အိမ်ရှင်အားသာချက် ပါ ထည့်သွင်းပေါင်းစပ်လိုက်လျှင် ယခုပွဲအဖြေသည် ဂျူဗီလက်ထဲ
တွင် ရှိနေပြီး ဂိုးများသောပွဲ ဖြစ်လာနိုင် သည်။



ဖတ်ရှုမှုအများဆုံး