အတ္တလန္တာ - ကက်ဂလီယာရီ
ကာတာနီးယားကို ၂-၁ နဲ့ နိုင်တဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းကိုသာ ဆက်ထိန်း နိုင်မယ်ဆိုရင် အတ္တ
လန္တာရဲ့ အိမ်ကွင်းခြေစွမ်း ပြန်တက်လာနိုင်တယ်။ ကက်ဂလီယာရီကတော့ ဂျူဗင်တပ်ကို ၄-၁နဲ့
ရှုံးလိုက်လို့ ဦးကျိုးသွားနိုင်တယ်။ အတ္တလန္တာကိုပဲ အားပေးလိုက်ပါ။
ဘိုလော့နာ - နာပိုလီ
ဘိုလော့နာရဲ့ အိမ်ကွင်းခြေစွမ်းကတိုးတက်မှုတွေ ရှိလာတယ်။ အထူးသဖြင့် အိမ်ကွင်းမှာ ခံစစ်
ကြောင်း လုံခြံုကျစ်လျစ်ပြီး အသင်းလိုက်ကစားပုံ 'မာ'တယ်။ ဒါပေမဲ့ နာပိုလီကလည်း ဥရောပ
ပြိုင်ပွဲ နားနေချိန်မှာ စီးရီးအေဘက်ကို အာရုံစိုက်ပြီး 'တင်' ကစားနေတယ်။ နာပိုလီကို ပိုကြိုက်
တယ်။
ကာတာနီးယား - ဖီအိုရင်တီးနား
ကာတာနီးယားခြေစွမ်းက အဝေးကွင်းပွဲစဉ်တွေမှာ တိုးတက်လာပုံ မပြ သေးဘူး။ အထူးသဖြင့်
အဝေးကွင်းမှာ ခံစစ်ကစားပုံ အမှားအယွင်းတွေများလို့ ပေးဂိုးများတယ်။ ဖီအိုရင်တီးနားက တိုရီနို
ကွင်းမှာ ကစားကွက်သာပြီး ဂိုးမရှိ သရေကျခဲ့ပေမယ့် အခုပွဲကိုတော့ အနိုင်ရအောင်'ညှစ်'မှာ
သေချာတယ်။ ဖီအိုရင်တီးနားကို ရွေးချယ်သင့်တယ်။
ချီယေဗို - ပါးမား
ချီယေဗိုခြေစွမ်းက အကျဘက်ကို 'ယိုင်'လာတယ်။ အထူးသဖြင့် တိုက်စစ်ပျောက်သွားပြီး ဂိုးသွင်း
အား ရုတ်တရက်ကျဆင်းသွားတယ်။ ပါးမားကတော့ ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက် တိုရီနိုနဲ့ လီဗော်နိုတို့
ကို နိုင်ခဲ့ရာမှာ တစ်ပွဲကို သုံးဂိုးနှုန်း သွင်းယူခဲ့လို့ ဂိုးသွင်းအားက ကြောက်စရာပါ။ ဒါကြောင့် အခုပွဲ
မှာလည်း ပါးမားပဲ နိုင်ပွဲဆက်ဖို့ အလားအလာများတယ်။
ဂျီနိုအာ - အင်တာမီလန်
ရိုးမားကွင်းမှာ လေးဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဂျီနိုအာ ခြေစွမ်းဟာ ထိပ်တန်းအသင်းကြီးတွေရဲ့ တိုက်
စစ်အားကို တောင့်မခံနိုင်တာ ပေါ်လွင်နေတယ်။ အင်တာမီလန်ခြေစွမ်းကလည်း သိပ်တော့အားရ
စရာမရှိသေးပေမယ့် အသင်း ငယ်လေးတွေကို ရင်ဆိုင်ရာမှာ အာရုံစူးစိုက်မှု အပြည့်ထည့်ပြီး ဖိဖိ
စီးစီးကစား မယ်ဆိုရင် ခြေစွမ်းပြလာနိုင်တယ်။ အင်တာမီလန်အတွက် သုံးမှတ် သေချာ
သလောက်ရှိတယ်။
အေစီမီလန် - ဗီရိုနာ
ဇန်နဝါရီလထဲမှာ အေစီမီလန်တိုက်စစ်ရော၊ ဂိုးသွင်းနှုန်းပါ ပြန်တက်လာတယ်။ ဒါပေမဲ့ ဆက်စူ
လိုကို ၄-၃ နဲ့ ရှုံးတဲ့ပွဲကအတိုင်းဆိုရင် အေစီမီလန် နောက်တန်း 'ပွင့်'နေတယ်။ တစ်ဖက်မှာ ဗီရိုနာ
ကလည်း တိုက်စစ်ကောင်းပေမယ့် နောက်တန်း 'ပွင့်'တယ်။ အေစီမီလန်နိုင်ခြေများတယ်။
ရိုးမား - လီဗော်နို
ပူပူနွေးနွေး ဂျီနိုအာကို လေးဂိုးပြတ်နိုင်ခဲ့တဲ့ ခြေစွမ်းကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် ရိုးမားတိုက်
စစ်အားက ကြောက်ခမန်းလိလိပါ။ တောက်လျှောက် စိုက်ဆင်းလာတဲ့ လီဗော်နိုကတော့ လေးပွဲ
ဆက်တိုက်ရှုံးခဲ့ရာမှာ တစ်ဂိုးသာ ပြန်သွင်းနိုင်လို့ တိုက်စစ်ပျောက်နေတယ်။ ရိုးမားတို့ အနိုင် ပြတ်
သားဖွယ်ရှိတယ်။
ဆက်စူလို - တိုရီနို
ပြီးခဲ့တဲ့ပွဲစဉ်မှာ မမျှော်လင့်ဘဲ အေစီမီလန်ကို ၄-၃ နဲ့ နိုင်လိုက်တာကလွဲလို့ ဆော့စူလိုခြေစွမ်း
စိုက်ဆင်းနေပြီး ရှုံးပွဲတွေဆက်နေတယ်။ တိုရီနိုကတော့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားပေ
မယ့် ခြေစွမ်းမညံ့တာကို ဖီအိုရင်တီးနားနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ တွေ့ရတယ်။ တိုရီနိုကို ပိုကြိုက်
တယ်။
ယူဒီးနိစ် - လာဇီယို
လူငယ်တွေကို ထည့်သွင်းရာမှာ အသင်းလိုက် မတည်ငြိမ်ဘဲ ကစားကွက်ပျက် နေလို့ ယူဒီးနိစ်
ခြေစွမ်း ကျဆင်းလာတယ်။ လာဇီယိုကလည်း ဇန်နဝါရီလထဲမှာ ဖိဖိစီးစီးပြန်ကစားလာတယ်။
အထူးသဖြင့် လာဇီယိုနောက်တန်းက ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက် ပွဲကျပ်တွေ ကစားခဲ့ရပေမယ့်
ပေးဂိုးမရှိဘဲ တိုးတက်လာတယ်။ လာဇီယိုကို ရွေးချယ်သင့်တယ်။














