အလက်တီကိုအတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲ

အလက်တီကိုအတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲ

အလက်တီကို-ဆီဗီလာ
လာလီဂါရဲ့ ဒုတိယအကျော့ ပွဲတွေရဲ့ အစပါ။ ပထမအကျော့ နောက်ဆုံးပွဲမှာ အလက်တီကိုဟာ
ဘာစီလိုနာနဲ့ ဂိုး မရှိ သရေကစားနိုင်ခဲ့တဲ့ အတွက် ချန်ပီယံ မျှော်လင့်ချက်အပြည့်အဝ ရှိနေဆဲပါပဲ။
အိမ်ကွင်းမှာ ဘာစီလိုနာ ကို လက်ခံကစားခဲ့ရတဲ့ပွဲမှာ ဘာစီလိုနာ အသင်းကို တစ်ဂိုးမှမပေးရ
အောင်ကစားနိုင်ခဲ့တဲ့ အလက်တီကိုအသင်းရဲ့ ခံစစ်ကစားပုံကလည်း ချီးကျူးစရာ ကောင်းနေ
ပါတယ်။

ဆီဗီလာကတော့ ပထမအ ကျော့ နောက်ဆုံးပွဲအဖြစ် အယ်လ်ချီနဲ့ ရင်ဆိုင်ကစားခဲ့ရာမှာ ၁-၁
သရေသာ ကစားနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အခြေ အနေမှာ ပိုပြီးကြိုး
စား ရုန်းကန်ရမယ့် အနေအထားမျိုး ရောက်သွားခဲ့တယ်။ ဒုတိယအကျော့မှာတော့ ဆီဗီလာရဲ့
တည်ငြိမ်မှုကို ပထမအကျော့ပွဲတွေက ထက်ပိုပြီး တွေ့မြင်ရတော့မှာလားဆို တာကို စောင့်ကြည့်
ဖို့ ဖြစ်လာခဲ့ပါတယ်။

အလက်တီကိုနဲ့ ဆီဗီလာ အသင်းတွေ ဟာ အမြဲလိုလို အကြိတ်အနယ် ကစားကြရလေ့ရှိပြီး
ပထမအကျော့ ဆီဗီလာ ကွင်းမှာ ကစားစဉ်ကတော့ အလက် တီကိုက အနိုင်ရအောင် ကစား
ထား နိုင်ခဲ့တာ တွေ့ရတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဆီဗီလာဟာ ဒဏ်ရာရ ကစား သမားအများစု ပြန်ကစားနိုင်တဲ့
အချိန် ဖြစ်နေတဲ့အပြင် နည်းပြအမ်မရီရဲ့ ကစားကွက် တွေအောက်မှာလည်း တည်ငြိမ်မှု ရနေပြီ
ဖြစ်လို့ တောက်လျှောက် ရလဒ် တွေကောင်းအောင် ပြန်ကစား နေနိုင် တာတွေ့ရတယ်။ ဒါပေမဲ့
ဆီဗီလာရဲ့ ကစားပုံဟာ ခံစစ်ပိုင်းမှာ လိုအပ်ချက် တွေရှိနေသေးပြီး အဝေးကွင်းပွဲတွေ မှာလည်း
ရုန်းကန်ကစားနေရသေးတာကို တွေ့ရတယ်။ တိုက်စစ်ပိုင်း ကတော့ ဂိုးရအောင် ကစားနိုင်ပေမယ့်
ခံစစ်က ဂိုးတွေပြန်ပေးနေရတာက ဆီဗီလာအတွက် လိုအပ်သလောက် အမှတ်မယူနိုင်သေးဘူး
ဖြစ်နေတယ်။

အလက်တီကိုကတော့ ဘာစီလိုနာ ကို သရေကစားနိုင်ခဲ့လို့ ချန်ပီယံ မျှော်လင့်ချက် အပြည့်အဝရှိ
နေချိန်မှာ အိမ်ကွင်းပွဲတွေကို အမှားခံမယ့်ပုံမှာ မရှိဘူး။ လက်ရှိအိမ်ကွင်း ကစားပုံ ကလည်း
အကောင်းဆုံးအနေအထားမှာရှိနေပြီး အိမ်ကွင်းမှာ ဂိုးသွင်းနှုန်းပါ အားကောင်းလေ့ရှိတာက
မတည်ငြိမ် တဲ့ ဆီဗီလာခံစစ်ကို အကောင်းဆုံး ဖိအားပေးနိုင်မယ့် အချက်တစ်ခု ဖြစ်လာနိုင်တယ်။

အလက်တီကိုဟာ နည်းပြဆီမြွန်နီ လိုချင်တဲ့ပုံစံအတိုင်း လည်း အကောင်းဆုံး ကစားပြနေပြီး
အထူးသဖြင့် ကွင်းလယ်ပိုင်းတောင့် တင်းမှုနဲ့ မာကျောမှုက ဆီဗီလာရဲ့ ကွင်းလယ်ထက် အများ
ကြီး သာနေပြီး ဆီဗီလာဘက်ကို ထိန်းချုပ် ကစားသွား နိုင်မယ့် အနေအထားမျိုးမှာရှိနေတယ်။

ဆီဗီလာကတော့ ဒီရာသီမှာ လူသစ် အများစုကို ပွဲထုတ် လာတာတွေ့ရတယ်။ နောက်တန်းမှာ
နာဗားရိုး၊ ကွင်းလယ် မှာ ဘာရော့တီ၊ ရာကီတစ်၊ ထရိုချော စကီးတို့လို ၀ါရင့်ကစားသမားတွေက
အသင်းကို ထိန်းကစားပေးနေကြပြီး အထူးသဖြင့် အခုနောက်ပိုင်းပွဲတွေမှာ ရာကီတစ်ဟာ အသင်း
အတွက် အဓိက ဦးဆောင် ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားပေးနေနိုင်တာတွေ့ရ တယ်။

တိုက်စစ်မှာတော့ ကားလို့စ် ဘက်ကာကို နည်းပြအမ်မရီက အဓိက ဦးစားပေး ပွဲထုတ်နေပြီး
ဘက်ကာ ကလည်း အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးနေနိုင်ခဲ့လို့ ဒီရာသီမှာ စုစုပေါင်း
သွင်းဂိုး ကိုးဂိုးအထိတောင် ရနေပါပြီ။ ဒါပေမဲ့ ဒီပွဲမှာ အဓိကထား တွက်ရ မှာက နည်းပြအူနိုင်းအမ်
မရီရဲ့ နည်းဗျူ ဟာတွေပါပဲ။ အမ်မရီဟာ လာလီဂါရဲ့ ၀ါရင့်နည်းပြတစ်ဦးပီပီ အသင်းအတွက် နည်း
ဗျူဟာ ချမှတ်မှုအပိုင်းမှာလည်း ကောင်းမွန်လေ့ရှိတာ တွေ့ရတယ်။

အထူးသဖြင့် အခုလိုပွဲမျိုးမှာ သူ့အသင်း အနေနဲ့ အိမ်ရှင် အလက်တီကိုအသင်း ကို ယှဉ်ပြိုင်နိုင်စွမ်း
အားနည်းနေတဲ့ အချိန်မှာ အသင်းဂိုးမပေးရရေးအတွက် ကိုပဲ အဓိကထားလိမ့်မယ်ထင်ပါတယ်။
အလက်တီကိုနဲ့ တိုက်စစ်ချင်း ယှဉ်ကစား ဖို့ ကြိုးစားခဲ့ရင် အသင်းလိုက် ကြံ့ခိုင်မှု နဲ့ လျင်မြန်မှု
အပိုင်းမှာ အလက်တီကိုကို မမီနိုင်သေးလို့ ခံစစ်အားပြုပုံစံနဲ့ပဲ အလက်တီကိုကို ရင်ဆိုင်သွားဖို့
များ နေတယ်။

အလက်တီကိုကလည်း ဘာစီ လိုနာလိုအသင်းမျိုးနဲ့ ကစားတဲ့အခါမှာ သာ ဂိုးမပေးရရေးကို ဦးစား
ပေး ကစား လေ့ရှိပေမယ့် ကိုယ့်ဘက်က အသာရ နိုင်တဲ့ပွဲမျိုးမှာတော့ တိုက်စစ်ဖွင့် ကစားတတ်
တာ တွေ့ရတဲ့အပြင် တစ်ခါ တစ်ရံမှာ တိုက်စစ်ကို ကျွံပြီး ခံစစ်ပိုင်း ကစားပုံ လျော့သွားတတ်
တယ်။

ဒီ အချက်ကို ဆီဗီလာအနေနဲ့ အခွင့် အရေးအပြည့်အဝရအောင် အသုံးချ သွားနိုင်မလားဆိုတာက
လည်း ဒီပွဲရဲ့ အဖြေတစ်ခုပါပဲ။ အခုနောက်ပိုင်း ဆီဗီလာတိုက်စစ်ကလည်း ပွဲတိုင်း ဂိုးရအောင်
ကစားနေနိုင်တဲ့ အနေ အထားက အလက်တီကိုဘက်ကို အခွင့်အရေး ပြန်ယူနိုင်ဖို့ရှိနေတဲ့ အတွက်
ဒီပွဲမှာဆီဗီလာကိုပဲ အရဲစွန့် ရွေးထားရင်ကောင်းမယ် ထင်ပါတယ်။ ဂိုးများသွားနိုင်တယ်။

အခြားပွဲစဉ်များ
မာလာဂါ - ဗလင်စီယာ *
* ဘက်တစ် - ရီးယဲလ်
* အယ်လ်ချီ - ရာယို
* ဂရန်နာဒါ - အိုဆာဆူနာ
* အက်စ်ပန်ညို - ဆယ်လ်တာ
* ဂီတာဖေး - ဆိုစီဒက်
* ဗီလာရီးယဲလ် - အယ်လ်မီရီယာ
လီဗန်းတေး - ဘာစီလိုနာ *
* ဘီလ်ဘာအို - ဗယ်လာဒိုးလစ်



ဖတ်ရှုမှုအများဆုံး