ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်ကို မန်ယူရနိုင်မလား

ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်ကို မန်ယူရနိုင်မလား

ဒီဆောင်းရာသီရဲ့ အပြောင်းအရွှေ့ အားလုံးဟာ ဘွန်ဒက်စ်လီဂါကို အခြေပြု ပြီး လှုပ်ခတ်နေ
သလားလို့တောင် ထင်ရပါတယ်။ ပရီမီယာလိဂ် ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ မန်ယူဟာ
အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီး နောက် ပရီမီယာလိဂ်မှာလည်း အဆင့်(၇)ရောက်နေပါ
တယ်။

ပြီးခဲ့တဲ့ကက်ပီတယ်ဝမ်းဖလားမှာလည်း ပထမ အကျော့ ရှုံးခဲ့ပြီးပါပြီ။ ဒီလိုအနေအထားမှာ
မန်ယူရဲ့ မျက်စိကျမှုက ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အပေါ် ကို စုပြံုကျရောက်နေတယ်လို့
ယူဆရ မှာဖြစ်လာပါတယ်။ ကာဂါ၀ါ မန်ယူဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန် ကွင်းလယ်လူ ကာဂါ၀ါ
ကို ခေါ်ယူခဲ့ပါတယ်။ တစ်ဆက်တည်းဆိုသလို တိုက်စစ်မှူးလီဝမ်ဒေါစကီးကို ခေါ်ယူ ဖို့ လုပ်ခဲ့ပေ
မယ့် အဆင်မပြေခဲ့ပါဘူး။ အခုဆိုရင် လီဝမ်ဒေါစကီးဟာ ဘိုင်ယန် မြူးနစ်ကိုရောက်ဖို့ သေချာ
သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူဟာ သူ့ရဲ့ကွင်းလယ် အင်အားကို ဖြည့်တင်းဖို့အတွက် ဒေါ့မွန်ကွင်း
လယ်လူ မာကိုရူးစ်ကို ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဟာလည်း အဟန့်အတားတစ်ခုဖြစ်
နေခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မန်ယူဘက်က စာချုပ်ပါကြေးအတိုင်း ပေါင် ၂၄ သန်းသာ ပေးလိုပေမယ့်
ဒေါ့မွန်ဘက်က ဂေါ့ဇီကို လက်လွှတ်ခဲ့ ရတဲ့အတိုင်း ပေါင်သန်း ၄၀ လောက် လိုချင်နေတာဖြစ်ပါ
တယ်။

တစ်ခန်းရပ်ပြဇာတ် ဂန်ဒိုဂန် ဒီနေရာမှာ ဒေါ့မွန်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂန်ဒိုဂန်က တစ်ထောင့်
တစ်နေရာက ပါ၀င်လာပါတယ်။ ဒီဂျာမန်လက်ရွေးစင်ဟာ ဩဂုတ်လ ကတည်းကစပြီး ဒဏ်ရာ
ပြဿနာတွေကြောင့် မကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ ဒါကို မန်ယူနည်းပြဒေးဗစ် မိုယက်စ်က
လိုချင်နေပါတယ်။

ကွင်း လယ်ပိုင်းရဲ့ နောက်ဆုံးအဖြေက ယူနိုက်တက်ရဲ့ ကွင်းလယ်အကျပ် အတည်းကို ဂန်ဒိုဂန်က
ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ မိုယက်စ်က ယုံကြည်နေပုံရပါတယ်။ နောက်ဆုံး ဇန်နဝါရီ ၁၀ ရက်မှာ
ထွက်ပေါ်လာတဲ့ သတင်းတွေရဲ့အနေအထားအရ မန်ယူဟာ ဒေါ့မွန် ကွင်းလယ်လူ ဂန်ဒိုဂန်ကို
ပေါင် ၂၄ သန်း နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒေးဗစ်မိုယက်စ်ရဲ့အပြောကတော့ ဒီ ၂၃ နှစ်သား ဂျာမန်လက်ရွေးစင်ကို အခုဒီလထဲမှာပဲ စာချုပ်
ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ဒါက စဉ်းစားစရာပါ။ နည်းပြကြီး ဖာဂူဆန်ဟာ
နစ္စတယ်ရွိုင်း ဒဏ်ရာရနေတာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပြီး အိုးလ်ထရက်ဖို့ဒ်ကို ရောက်
အောင် ခေါ်နိုင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဒါကို မိုယက်စ်က ခြေရာလိုက်နင်းပြီး လုပ်နေသလား
လို့တောင် ထင်ရပါ တယ်။

ဂန်ဒိုဂန်ဟာ နောက်ကျောဒဏ်ရာ ရရှိထားတာဖြစ်ပြီး ယူနိုက်တက် အတွက် ဘယ်လောက်
အကျိုးပြုပေး နိုင်မယ့်သူလဲဆိုတာကလည်း စဉ်းစားစရာအချက်တစ်ချက်ဖြစ်ပါတယ်။ ဒေါ့မွန်နဲ့
သူ့ရဲ့စာချုပ်ကလည်း ၁၈ လ သာ ကျန်တော့မှာမို့ ဂန်ဒိုဂန်ရဲ့ အပြောင်းအရွှေ့က အတော်စိတ်ဝင်
စားစရာကောင်းနေပါတယ်။ ပရီမီယာလိဂ်မှာ အခြေကျလာ ပါ့မလား ဂျာမန်သားတစ်ယောက်ဟာ
ပရီမီ ယာလိဂ်ကို ရောက်လာနိုင်သလား။ အခြေကျလာနိုင်သလားဆိုတာက တော့ ပုစ္ဆာတွေပဲဖြစ်
ပါတယ်။

ဂျာမန်သားတော်တော်များများဟာ ပရီမီယာလိဂ်မှာမှမဟုတ်ဘဲ ဘယ်လိဂ်မှာကိုမှ လွယ်လွယ်
ကူကူနဲ့ ထွက်မကစားတတ် ပါဘူး။ မန်ယူရဲ့အစဉ်အလာတွေရှိပါ တယ်။ အဲဒါက ဘာလဲဆိုတော့
ဘိုင်ယန် မြူးနစ်မှာ ကစားနေတဲ့ အို၀င်ဟားဂရေ့ဗ်ဟာ မန်ယူကိုရောက်တဲ့အခါ ဒဏ်ရာပြဿနာ
တွေနဲ့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ဘောလုံးသမားဘဝ ဇာတ်သိမ်းခဲ့ ရပါတယ်။

အခုလည်း ကာဂါ၀ါတစ်ယောက် မန်ယူမှာ အထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ မန်ယူရဲ့ကွင်း
လယ်ဟာ ကန်တိုနာ၊ ရွိုင်ကိန်း၊ ဒေးဗစ်ဘက်ခမ်း၊ စီရိုနယ်ဒို၊ ပေါလ်စခိုးလ်တို့မရှိကတည်းက
သေဆုံးသွားခဲ့ပြီဖြစ်ပါ တယ်။ ကာရစ်ကလည်း နံပါတ်(၁၆) သာ တပ်ထားပေမယ့် ရွိုင်ကိန်းနေရာ
ကို မဝင်နိုင်ပါဘူး။

အခု ဂန်ဒိုဂန်ကလည်း ဘာတွေလုပ်ပြနိုင်မှာလဲ အရင်တုန်းက ဘရာဇီးလ်နဲ့ အာဂျင် တီးနားဟာ
ဘောလုံးသမား တွေ တင်ပို့တဲ့ ထုတ်ကုန် နိုင်ငံတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ တော့
ဂျာမနီဟာ ဘောလုံး သမားတင်ပို့တဲ့ ထုတ်ကုန် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီလားဆိုတာ ကျွန်တော်
တို့ အလေးအနက် သုံးသပ်ရတော့ မှာဖြစ်ပါတယ်။ ရှော်လ်ကေး က ဒရက်စလာကလည်း အသင်း
ပြောင်းဖို့ ကြိုးစား နေပါပြီ။

အာဆင်နယ်မှာ ဆိုရင်လည်း မာတီဆက်ကာ၊ အိုဇေးလ်၊ ပိုဒေါစကီးတို့ ရှိနေကြပါတယ်။ ဒါကြောင့်
မန်ယူကလည်း ကာဂါ၀ါ အပြင် ဘွန်ဒက်စ်လီဂါက နောက်ထပ်ကွင်းလယ်ကိုပဲ အားဖြည့်မလား
ဆိုတာက စိတ်ဝင်စားစရာ စောင့်ကြည့် ရမယ့် ဆောင်း ရာသီ ှေါေ တစ်ပုဒ်ပဲဖြစ်တယ် လို့
ဆိုလိုက်ချင်ပါ တယ်။



ဖတ်ရှုမှုအများဆုံး