ဒုတိယအကြိမ်မြောက် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပပြီးစီး

ဒုတိယအကြိမ်မြောက် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပပြီးစီး

First Myanmar Investment (FMI) နှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီ (YCDC) တို့
ပူးပေါင်းစီစဉ်ကျင်းပ သော ဒုတိယအကြိမ်မြောက် ရိုးမဪ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရ
သွန်ပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ ၌ ကျင်းပ
ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အပြည့်မာရသွန် (၄၂ ကီလိုမီတာ)၊ တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)နှင့်
အပျော်တမ်း အပြေးပြိုင်ပွဲ အမျိုးအစားများကိုထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၄၀
ကျော်မှ အပြေး အားကစားသမား ၂,၆၉၇ ဦး ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသား ၄၂ ကီလိုမီတာမာရသွန် ပြိုင်ပွဲတွင် ၂၀၁၃ ခုနှစ် ရိုးမ-ရန်ကုန်တွင် ဗိုလ်စွဲခဲ့သော
ကင်ညာနိုင်ငံသား Joseph Gitau Kariuki က ထပ်မံ ဗိုလ်စွဲနိုင်ခဲ့ပြီး အမျိုးသမီး ၄၂ ကီလို
မီတာ မာရသွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အပြေးအားကစားသမားများက အောင်ပွဲ ခံနိုင်ခဲ့သည်။

အမျိုးသား ၄၂ ကီလိုမီတာပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Joseph Gitau Kariuki က ၂ နာရီ ၃၅
မိနစ် ၄၉ စက္ကန့် ဖြင့် ပထမ၊ မြန်မာနိုင်ငံမှ ဝေလင်းထွန်း က ၂ နာရီ ၃၈ မိနစ် ၅၆ စက္ကန့်ဖြင့် ဒုတိ
ယ၊ မြန်မာနိုင်ငံမှ စိုးနိုင်က ၂ နာရီ ၅၆ မိနစ် ၆ စက္ကန့်တတိယဆုတို့ကို ရရှိခဲ့ပြီး အမျိုးသမီး ၄၂
ကီလိုမီတာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြင့်မြင့်အေး ၃ နာရီ ၁ မိနစ် ၁၃ စက္ကန့်ဖြင့် ပထမ၊ နီလာဆန်း
က ၃ နာရီ ၁ မိနစ် ၅၅ စက္ကန့် ဖြင့် ဒုတိယ၊ သီတာချိုက ၃ နာရီ ၁၁ မိနစ် ၈ စက္ကန့်ဖြင့် တတိယဆု
ကိုလည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြသည်။

အမျိုးသား ၂၁ ကီလိုမီတာပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Paul Kimani Wambui က ၁ နာရီ ရ
မိနစ် ၂၈ စက္ကန့် ဖြင့် ပထမ၊ ကင်ညာနိုင်ငံသား Jairus Ondora Chanchima က ၁ နာရီ ၉ မိနစ်
၂၀ စက္ကန့်ဖြင့် ဒုတိယ၊ မြန်မာ နိုင်ငံမှ ဆန်းနိုင်က ၁ နာရီ ၁၁ မိနစ် ၃၁ စက္ကန့်ဖြင့် တတိယဆုတို့
ကိုရရှိခဲ့ပြီး အမျိုးသမီး ၂၁ ကီလိုမီတာပြိုင်ပွဲ တွင် ကင်ညာနိုင်ငံမှ Mary Wangui Kiguru က ၁
နာရီ ၂၅ မိနစ် ၃၁ စက္ကန့် ဖြင့် ပထမ၊ မြန်မာနိုင်ငံမှ ဖြူဝါသက်က က ၁ နာရီ ၂၆ မိနစ် ၂၂ စက္ကန့်
ဖြင့်ဒုတိယ၊ ခင်မာစီက ၁ နာရီ ၂၇ မိနစ် ၄၈ စက္ကန့်ဖြင့် တတိယဆုကိုလည်းကောင်း အသီးသီး
ဆွတ်ခူးနိုင်ခဲ့ကြသည်။

၄၂ ကီလိုမီတာအတွက် ပထမဆုကို အမေရိကန်ဒေါ်လာ ၂,၅၀၀၊ ဒုတိယဆုကို ၁,၅၀၀၊ တတိယ
ဆုကို ၈၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၁ ကီလိုမီတာ အတွက် ပထမဆုကို အမေရိကန် ဒေါ်လာ
၁,၅၀၀၊ ဒုတိယဆုကို ၈၀၀၊ တတိယဆုကို ၄၀၀ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။

"ဒီပြိုင်ပွဲအတွက် လေ့ကျင့်ချိန်အလုံ အလောက်မရရှိခဲ့တာကြောင့် ဒီပြိုင်ပွဲ မှာ ဒုတိယဆုနဲ့ပဲ
ကျေနပ်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေမလုပ်ခဲ့ရပါဘူး။ ဆီးဂိမ်း
ပြိုင်ပွဲအပြီးမှာ ပြိုင်ပွဲမရှိတာကြောင့်အနားယူနေခဲ့ပြီး အနီးကပ်မှ ၀င်ပြိုင် ဖြစ်ခဲ့တာကြောင့် ကျွန်မ
ရဲ့အကောင်း ဆုံးပုံစံမရရှိခဲ့ပါဘူး။ ကျွန်မရဲ့အကောင်း ဆုံးပုံစံနဲ့ဆိုရင် ဒီပြိုင်ပွဲမှာ ပထမရ သွားတဲ့
ကင်ညာနိုင်ငံသူကို အနိုင်ရနိုင် ပါတယ်။ ဒီပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပ ပေးတာ အလွန်ကောင်းမွန်
ပါတယ်။ ဒီပြိုင်ပွဲကနေ မျိုးဆက်သစ် တာဝေးအပြေးသမားတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ဘာပဲ
ဖြစ်ဖြစ် ၄၂ ကီလိုမီတာ ပြိုင်ပွဲမှာ ကျွန်မတို့ မြန်မာနိုင်ငံသား တွေ ဆုရတဲ့အတွက် ကျွန်မအရမ်း
ပျော်ပါတယ်"ဟု အမျိုးသမီး ၂၁ ကီလို မီတာပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော မြန်မာနိုင်ငံမှ ဆီးဂိမ်း
ရွှေတံဆိပ်ချန်ပီယံဖြူဝါသက်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ဖြူဝါသက်သည် ၂၀၁၃ ခုနှစ် ရိုးမဪရန်ကုန်မာရသွန်ပြိုင်ပွဲ၏ အမျိုးသမီး ၁၀ ကီလိုမီတာပြိုင်ပွဲ
တွင် ချန်ပီယံဖြစ်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ပထမအကြိမ်အဖြစ်
ကျင်းပ ပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် အမျိုးသားမာရသွန် (၄၂ ကီလိုမီတာ) ပြိုင်ပွဲ၌ ကင်ညာနိုင်ငံသား
Mr.Gita Kariuki က ၂ နာရီ ၁၉ မိနစ် ၁၃ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပွဲစဉ် တွင် မြန်မာ
နိုင်ငံမှ မိမိအေးက ၂ နာရီ ၄၆ မိနစ် ရ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ သည်။ အမျိုးသား ၁၀ ကီလိုမီတာ
အပြေး ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Charles Kipkorir Kipsang က ၃၁ မိနစ် ၁၁ စက္ကန့်ဖြင့် အနိုင်
ရဗိုလ်စွဲခဲ့ပြီး အမျိုးသမီး ပွဲစဉ်တွင် မြန်မာနိုင်ငံမှ ဖြူဝါသက်က ၃၅ မိနစ် ၁၁ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲ
ခဲ့သည်။



ဖတ်ရှုမှုအများဆုံး